မန်စီးတီးအသင်းနဲ့ ပွဲစဥ်မှာ ( ၄ ) ဂိုးသွင်းယူခဲ့တဲ့ ယူနိုက်တက် လူငယ်ကစားသမား

ယူနိုက်တက် လူငယ်ကစားသမား ချာလီ မက်နေးဟာ မန်ချက်စတာစီးတီး ယူ – ၁၈ အသင်းနဲ့ ပွဲစဥ်မှာ တစ်ဦးတည်း ( ၄ ) ဂိုးသွင်းယူကာ မြို့ခံပြိုင်ဘက် အသင်းကို ဒီရာသီပထမဆုံး ရှုံးပွဲကြုံတွေ့စေခဲ့ပြီး ယူနိုက်ကတ်ကို အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးခဲ့ပါတယ်။

မက်နေးဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကနေ ပေါင် ( ၁ ) သန်းနဲ့ အိုးထရတ်ဖို့ဒ်ကို ပြန်လည်ရောက်ရှိလာပြီး ဒါဘီပွဲစဥ်မှာ ယူနိုက်တက်တံဆိပ်ကို အနမ်းပေးပြီး အောင်ပွဲခံခဲ့တာ တွေ့ရပါတယ်။ မက်နေးအပြင် ယူနိုက်တက် အကယ်ဒမီမှာ ခြေစွမ်းပြလျက်ရှိတဲ့ ကြယ်ပွင့် ကစားသမားတွေရှိနေပါတယ် ။ ဂျိုး ဟူဂေးက လီဗာပူးအသင်နဲ့ ပွဲစဥ်မှာ ( ၄ ) ဂိုး သွင်းယူခဲ့သလို ဆိုလာ ဆိုရီတိုင်ယာ ကလည်း ဘလက်ဘန်းအသင်းနဲ့ ပွဲစဥ်မှာ ဟက်ထရစ် ရယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက် ယူ – ၁၈ အသင်းမှာ အဓိက ကစားသမား များစွာ ပါဝင်နိုင်ခြင်းမရှိခဲ့ေပမယ့် မက်ေနးက ပွဲအစ မိနစ် ( ၂၀ ) အတွင်းမှာ ( ၂ ) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက ေချပဂိုး ( ၂ )ဂိုး ရယူနိုင်ခဲ့ေပမယ့် မက်ေနးက ေနာက်ထပ် ( ၂ ) ဂိုး သွင်းယူခဲ့ပြီး ပွဲအပြီးမှာ ယူနိုက်တက်က ( ၄ – ၂ ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ( ၂၀၁၉ ) နိုဝင်ဘာလ ကတည်းက ယခုပွဲစဥ်မတိုင်မီထိ လိဒ်ပြိုင်ပွဲမှာ ရှံုးပွဲမရှိေသးတာ ေတွ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ယခုနိုင်ပွဲေကြာင့် ယူ -၁၈ ပရီးမီးယားလိဂ် ရဲ့အမှတ်ေပးဇယားအဆင့်( ၁ )ေနရာမှာ ဒုတိယနေရာက အသင်းကို ( ၆ ) မှတ်အသာနဲ့ ဦးဆောင်‌ေနပါတယ်။

အသက် ( ၁၇ ) နှစ်အရွယ် တိုက်စစ်မှူးဟာ မန်စီးတီး လူငယ်အသင်းေတွမှာ သွင်းဂိုး ( ၆၀၀ ) ေကျာ်ထိရယူနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ယူ – ၁၈ ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် ( ၁၀) ပွဲကစားထားပြီး ( ၈ ) ဂိုး သွင်းယူေပးထားပါတယ်။ မက်ေနးဟာ ( ၂၀၁၄ ) ေနွရာသီမှာ ယူနိုက်တက်ကနေ မန်စီးတီးလူငယ်အသင်းထံပြောင်းရွေ့ခဲ့ပြီး ( ၂၀၂၀ ) အောက်တိုဘာလမှာ ပြောင်းရွေ့ကြေး ပေါင် ( ၈၈၀,၀၀၀ ) နဲ့ အိုးထရတ်ဖို့ဒ်ကို ပြန်လည်‌ေရာက်ရှိလာခဲ့တာဖြစ်ပါတယ်။

Zawgyi




ယူနိုက်တက် ယူ – ၁၈ အသင်းမှာ အဓိက ကစားသမား များစွာ ပါဝင်နိုင်ခြင်းမရှိခဲ့ပေမယ့် မက်နေးက ပွဲအစ မိနစ် ( ၂၀ ) အတွင်းမှာ ( ၂ ) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ မန်စီးတီးအသင်းက ချေပဂိုး ( ၂ )ဂိုး ရယူနိုင်ခဲ့ပေမယ့် မက်နေးက နောက်ထပ် ( ၂ ) ဂိုး သွင်းယူခဲ့ပြီး ပွဲအပြီးမှာ ယူနိုက်တက်က ( ၄ – ၂ ) ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ( ၂၀၁၉ ) နိုဝင်ဘာလ ကတည်းက ယခုပွဲစဉ်မတိုင်မီထိ လိဒ်ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးတာ တွေ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ယခုနိုင်ပွဲကြောင့် ယူ -၁၈ ပရီးမီးယားလိဂ် ရဲ့အမှတ်ပေးဇယားအဆင့်( ၁ )နေရာမှာ ဒုတိယနေရာက အသင်းကို ( ၆ ) မှတ်အသာနဲ့ ဦးဆောင်‌နေပါတယ်။

အသက် ( ၁၇ ) နှစ်အရွယ် တိုက်စစ်မှူးဟာ မန်စီးတီး လူငယ်အသင်းတွေမှာ သွင်းဂိုး ( ၆၀၀ ) ကျော်ထိရယူနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ် ယူ – ၁၈ ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် ( ၁၀) ပွဲကစားထားပြီး ( ၈ ) ဂိုး သွင်းယူပေးထားပါတယ်။ မက်နေးဟာ ( ၂၀၁၄ ) နွေရာသီမှာ ယူနိုက်တက်ကနေ မန်စီးတီးလူငယ်အသင်းထံပြောင်းရွေ့ခဲ့ပြီး ( ၂၀၂၀ ) အောက်တိုဘာလမှာ ပြောင်းရွေ့ကြေး ပေါင် ( ၈၈၀ ၀၀၀ ) နဲ့ အိုးထရတ်ဖို့ဒ်ကို ပြန်လည်‌ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။