M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ချယ်လ်ဆီးအသင်းနည်းပြတူချယ်လ်က မန်စီးတီးအသင်းကို အနိုင်ယူဖို့က အံ့သြလောက်စရာကံကြမ္မာကောင်းရှိဖို့မလိုဘဲ အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့သာလိုတယ်လို့ ကြုံးဝါးလိုက်ပါတယ်။
တူချယ်လ်ဟာ ဘွန်ဒစ်လီဂါမှာ လူငယ်နည်းပြအဖြစ်ဘဝစတင်ခဲ့တုန်းက ဂွါဒီယိုလာဆီကနေ အကြံဉာဏ်ကောင်းတွေရယူခဲ့ရပြီး အခုအချိန်မှာတော့ ထိပ်တန်းအဆင့်နည်းပြစာရင်းနည်းပြအဖြစ်ရပ်တည်နေပြီဖြစ်သလို
ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းက သူ့ဆရာဟောင်းဂွါဒီယိုလာရဲ့မန်စီးတီးအသင်းကို အနိုင်ယူပြီးတော့ချန်ပီယံဆုဖလားရယူနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံမန်စီးတီးအသင်းကို ဒီနေ့ညနေမြန်မာစံတော်ချိန်(၆:၀၀)နာရီအချိန်ကျရင် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး
ဒီရာသီ ပရီးမီးယားလိဂ်ဖလားဆွတ်ခူးဖို့ပစ်မှတ်ထားနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ မန်စီးတီးအသင်းကို ကျော်ဖြတ်နိုင်ဖို့ကြိုးစားရမှာပါ။
တူချယ်လ်နဲ့ဂွါဒီယိုလာတို့ဟာ ဂျာမန်မြေမှာဆုံတွေ့ခဲ့တုန်းက ဂွါဒီယိုလာက နိုင်ပွဲအကြိမ်ကြိမ်ရယူခဲ့ဖူးပေမယ့် အခု အင်္ဂလန်မှာတော့ နိုင်ပွဲတစ်ပွဲမှမရသေးဘဲ နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ(၃)ကြိမ်မှာ တူချယ်လ်ကပဲ ပွဲတိုင်းအနိုင်ရခဲ့ပါတယ်။
မန်စီးတီးနဲ့ပွဲမတိုင်ခင် တူချယ်လ်က “မန်စီးတီးအသင်းကို အနိုင်ကစားဖို့ဆိုတာ မယုံနိုင်လောက်တဲ့ကံကြမ္မာကောင်းရရှိဖို့မလိုပေမယ့် ကိုယ့်အသင်းက အကောင်းဆုံးပုံစံပြသနိုင်ဖို့တော့ လိုပါတယ်။
အခုပွဲမှာ ဒီရာသီဥရောပဘောလုံးလောကရဲ့ အကြိတ်အနယ်အရှိဆုံးပွဲတစ်ပွဲဖြစ်လာဖို့ရှိပြီး ကျွန်တော်တို့ အိမ်ကွင်းမှာကစားရမှာဖြစ်သလို အဲဒီပွဲအတွက်လည်း အသင့်ဖြစ်နေပါပြီ။
ဒါပေမဲ့ ဒီပွဲနိုင်ခဲ့လို့ ကျွန်တော်တို့အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှာမဟုတ်ဘဲ သူတို့အသင်းအနိုင်ရခဲ့ရင်လည်း ချန်ပီယံဖြစ်မှာမဟုတ်ပေမယ့် ကျွန်တော်တို့အတွက် စိတ်ဓာတ်ကျစရာဖြစ်လာမှာတော့အမှန်ပါပဲ။
(ဂျာမန်မြေမှာတုန်းက)ဂွါဒီယိုလာဟာ ကျွန်တော့်ကို (၄)ကြိမ်ဆက်တိုက်အနိုင်ယူခဲ့ဖူးပြီး အဲဒီခံစားချက်က ဆိုးရွားပေမယ့် အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့ပါတယ်။ အရှုံးရလဒ်ကို ဘယ်သူကမှ မကြိုက်ဘဲ ကျွန်တော်တို့လည်း ရှုံးပွဲနဲ့ရင်ဆိုင်ရမှာကို မနှစ်သက်ပါဘူး။
ဒါပေမဲ့ မထင်မှတ်ဘဲရှုံးနိမ့်ခဲ့ရင်တော့ တော်တော်လေးခံရခက်မှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တူချယ်လ်က တစ်ချိန်တုန်းက ဂွါဒီယိုလာဆီကနေ နည်းပြတစ်ဦးအဖြစ်ရပ်တည်နိုင်ဖို့အတွက် အကြံဉာဏ်ရယူခဲ့ဖူးတာနဲ့ပတ်သတ်လို့ “ဂွါဒီယိုလာဟာ ဘောလုံးနဲ့ပတ်သက်လို့ ကျွန်တော့်ကို သင်ကြားပြသခဲ့ဖူးပါတယ်။
ဘာစီလိုနာမှာတုန်းက သူနဲ့တစ်ပတ်လောက် အလုပ်တွဲလုပ်ခဲ့ဖူးပါတယ်။
နည်းပြတစ်ဦးအဖြစ် ဂွါဒီယိုလာ စတင်လျှောက်လှမ်းခဲ့ချိန်မှာ ကျွန်တော်က လူငယ်နည်းပြတစ်ယောက်အဖြစ်သာရှိနေဆဲဖြစ်ပြီး ပရော်ဖက်ရှင်နယ်နည်းပြဖြစ်လာအောင် သင်ယူစရာတွေသင်ကြားခဲ့ရပါတယ်”လို့ ဆိုခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မန်စီးတီးအသင်းကို အနိုင်ယူဖို့က အံ့သြလောက်စရာကံကြမ္မာကောင်းပိုင်ဆိုင်ဖို့မလိုဘူးလို့ တူချယ်လ်ကြုံးဝါး