မန်စီးတီးအသင်းကို ရောက်ဖို့နီးစပ်နေတဲ့ ဟယ်ရီကိန်း မန်စီးတီးနဲ့ကစားမယ့်ရာသီအဖွင့်ပွဲကို လွဲချော်ဖို့ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းဟာ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ဗိုလ်လုပွဲအထိပြိုင်ပွဲတစ်လျှောက်လုံးပါဝင်ကစားခဲ့တာကြောင့် အနားယူချိန်လုံလုံလောက်လောက်ရှိဖို့နဲ့ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိဖို့ ပြင်ဆင်သွားမှာဖြစ်တဲ့အတွက် စပါးအသင်းရဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

စပါးအသင်းဟာ ၂၀၂၁-၂၂ ရာသီအဖွင့်ပွဲအဖြစ် လာမယ့်သြဂုတ်လ(၁၅)ရက်မှာ မန်စီးတီးအသင်းအိမ်ကွင်းပွဲအဖြစ်နဲ့ရင်ဆိုင်ကစားရမှာဖြစ်ပြီး အခုလောလောဆယ်မှာလည်း ဟယ်ရီကိန်းက မန်စီးတီးအသင်းဆီရောက်ဖို့ နီးစပ်နေတာဖြစ်ပါတယ်။

တကယ်လို့ ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့အထမြောက်တာပဲဖြစ်ဖြစ်၊ စပါးအသင်းမှာပဲ ဆက်နေတာပဲဖြစ်ဖြစ် ဟယ်ရီကိန်းအနေနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်ဖို့က မသေချာပါဘူး။

စပါးအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ အဓိက,ကစားသမားအများစု ပါဝင်ကစားနေပြီဖြစ်ပေမယ့် ဟယ်ရီကိန်းကတော့ အခုအချိန်အထိအသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းသေးဘဲ အားလပ်ရက်အနားယူနေဆဲဖြစ်ပါတယ်။

ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းက ပေါင်သန်း(၁၆၀)နဲ့ကမ်းလှမ်းမယ်လို့ သတင်းထွက်နေပြီး နည်းပြဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ ၀ါရင့်တိုက်စစ်မှူးအဂွဲရိုးရဲ့နေရာအစားထိုးဖို့ ဟယ်ရီကိန်းကို ပစ်မှတ်ထားနေတာပါ။

စပါးအသင်းဥက္ကဌလီဗိုင်ကတော့ သူတို့ရဲ့အဓိကတိုက်စစ်မှူးကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ဆိုထားပေမယ့် နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်သိမ်းဖို့က (၁)လကျော်လောက်လိုသေးတာကြောင့် မန်စီးတီးအသင်းဟာ ဟယ်ရီကိန်းရဲ့အပြောင်းအရွှေ့အတွက် စိတ်ရှည်ရှည်ထားပြီးကြိုးပမ်းသွားဖို့ရှိနေပါပြီ။

စပါးအသင်းအတွက် (၂၂၁)ဂိုးအထိသွင်းယူခဲ့ပေမယ့် အခုအချိန်အထိ အဓိကဆုဖလားတစ်ခုမှ မရသေးတဲ့ ဟယ်ရီကိန်းဟာ အသင်းနဲ့(၃)နှစ်စာချုပ်သက်တမ်းကျန်ရှိနေပေမယ့်

သူက ဆုဖလားတွေရယူနိုင်ဖို့အတွက် မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ ဗြိတိန်နာမည်ကျော်သတင်းစာ Daily Mail က ဖော်ပြခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးအသင္းကို ေရာက္ဖို႔နီးစပ္ေနတဲ့ ဟယ္ရီကိန္း မန္စီးတီးနဲ႔ကစားမယ့္ရာသီအဖြင့္ပြဲကို လြဲေခ်ာ္ဖို႔ရွိေန

စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းဟာ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္းနဲ႔အတူ ဗိုလ္လုပြဲအထိၿပိဳင္ပြဲတစ္ေလွ်ာက္လုံးပါဝင္ကစားခဲ့တာေၾကာင့္ အနားယူခ်ိန္လုံလုံေလာက္ေလာက္ရွိဖို႔နဲ႔ ရာႏႈန္းျပည့္ႀကံ့ခိုင္မႈရွိဖို႔ ျပင္ဆင္သြားမွာျဖစ္တဲ့အတြက္ စပါးအသင္းရဲ႕ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ စပါးအသင္းဟာ ၂၀၂၁-၂၂ ရာသီအဖြင့္ပြဲအျဖစ္ လာမယ့္ၾသဂုတ္လ(၁၅)ရက္မွာ မန္စီးတီးအသင္းအိမ္ကြင္းပြဲအျဖစ္နဲ႔ရင္ဆိုင္ကစားရမွာျဖစ္ၿပီး အခုေလာေလာဆယ္မွာလည္း ဟယ္ရီကိန္းက မန္စီးတီးအသင္းဆီေရာက္ဖို႔ နီးစပ္ေနတာျဖစ္ပါတယ္။

တကယ္လို႔ ဟယ္ရီကိန္းရဲ႕အေျပာင္းအေ႐ႊ႕အထေျမာက္တာပဲျဖစ္ျဖစ္၊ စပါးအသင္းမွာပဲ ဆက္ေနတာပဲျဖစ္ျဖစ္ ဟယ္ရီကိန္းအေနနဲ႔ ပရီးမီးယားလိဂ္ရာသီအဖြင့္ပြဲမွာ ပါဝင္ကစားႏိုင္ဖို႔က မေသခ်ာပါဘူး။ စပါးအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲေတြမွာ အဓိက,ကစားသမားအမ်ားစု ပါဝင္ကစားေနၿပီျဖစ္ေပမယ့္ ဟယ္ရီကိန္းကေတာ့ အခုအခ်ိန္အထိအသင္းနဲ႔အတူ ေလ့က်င့္ခန္းမဆင္းေသးဘဲ အားလပ္ရက္အနားယူေနဆဲျဖစ္ပါတယ္။

ဟယ္ရီကိန္းကို ေခၚယူဖို႔အတြက္ မန္စီးတီးအသင္းက ေပါင္သန္း(၁၆၀)နဲ႔ကမ္းလွမ္းမယ္လို႔ သတင္းထြက္ေနၿပီး နည္းျပဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ အသင္းနဲ႔လမ္းခြဲခဲ့တဲ့ ၀ါရင့္တိုက္စစ္မႉးအဂြဲ႐ိုးရဲ႕ေနရာအစားထိုးဖို႔ ဟယ္ရီကိန္းကို ပစ္မွတ္ထားေနတာပါ။ စပါးအသင္းဥကၠဌလီဗိုင္ကေတာ့ သူတို႔ရဲ႕အဓိကတိုက္စစ္မႉးကို ဆက္လက္ထိန္းသိမ္းသြားမယ္လို႔ဆိုထားေပမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ေစ်းကြက္ပိတ္သိမ္းဖို႔က (၁)လေက်ာ္ေလာက္လိုေသးတာေၾကာင့္ မန္စီးတီးအသင္းဟာ ဟယ္ရီကိန္းရဲ႕အေျပာင္းအေ႐ႊ႕အတြက္ စိတ္ရွည္ရွည္ထားၿပီးႀကိဳးပမ္းသြားဖို႔ရွိေနပါၿပီ။ စပါးအသင္းအတြက္ (၂၂၁)ဂိုးအထိသြင္းယူခဲ့ေပမယ့္ အခုအခ်ိန္အထိ အဓိကဆုဖလားတစ္ခုမွ မရေသးတဲ့ ဟယ္ရီကိန္းဟာ အသင္းနဲ႔(၃)ႏွစ္စာခ်ဳပ္သက္တမ္းက်န္ရွိေနေပမယ့္ သူက ဆုဖလားေတြရယူႏိုင္ဖို႔အတြက္ မန္စီးတီးအသင္းဆီေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနတယ္လို႔ ၿဗိတိန္နာမည္ေက်ာ္သတင္းစာ Daily Mail က ေဖာ္ျပခဲ့ပါတယ္။