မန်စီးတီးအတွက် ဂုဏ်ယူစရာကောင်လေး ရာပြည့်ဆင်နွှဲခဲ့ပြီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့က တန်းဆင်းဇုန်ထဲက ဝက်ဘရွန်းစ်ကို မန်စီးတီးက အဝေးကွင်းမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး လောလောဆယ်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ ဒီနေ့ည ရှက်ဖီးနဲ့ ကစားရမယ့် ယူနိုက်တက်ရဲ့ အနေအထားကိုကြည့်ရပါမယ်။အမှတ်ပေးဇယားမှာ ဘတစ်ပြန်ကျားတစ်ပြန် အနေအထားဖြစ်မလားဆိုတာ သိရပါမယ်။

နောက်ဆုံး ၆ ပွဲဆက်တိုက် အနိုင်ရထားပြီး နောက်ဆုံး ၃ပွဲဆက် ပေးဂိုးမရှိထားတဲ့ မန်စီးတီးဟာ နိုင်ပွဲဆက်တဲ့ အနေအထားမှာအမှတ်ပေးဖလားအတွက် စိန်ခေါ်နိုင်စွမ်းရှိနေပါတယ်။ မနေ့ကပွဲမှာတော့ ဒီဘရိုင်းမပါဝင်နိုင်ပေမယ့် ဂန်ဒိုဂန်ခြေစွမ်းထပ်ပြပြီး နှစ်ဂိုးသွင်းယူပေးခဲ့ကာ စတာလင်၊ ကန်ဆယ်လို၊ မာရက်ဇ်တို့လည်း တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။

မန်စီးတီးရဲ့ လူငယ်ကွင်းလယ်ကစားသမားဖီးလ်ဖိုဒင်ကတော့ မနေ့ညက ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ပွဲထွက်ကစားပေးခဲ့ပြီးနောက် မန်စီးတီးအတွက် ပွဲပေါင်း ၁၀၀ပြည့်မြောက်ခဲ့ပါပြီ။ အဲဒီ အင်္ဂလန်လူငယ်ကြယ်ပွင့်လေးဟာ မန်စီးတီးရဲ့ အကယ်ဒမီကနေ ပေါ်ထွက်ခဲ့သူတစ်ယောက်ပါ။

၂၀၁၇၊ နိုဝင်ဘာလတုန်းက ဖီယင်နုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ မန်စီးတီး စီနီယာအသင်းအတွက် စတင်ပွဲဦးထွက်ကစားပေးခဲ့တာပါ။ အသက် ၂၀ အရွယ် လူငယ်ကစားသမားလေးဟာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ကြိမ်၊ အက်ဖ်အေဖလား ၁ကြိမ်၊ ကာရာဘောင်း ဖလား ၃ကြိမ် ရယူထားပါတယ်။

ဒီရာသီမှာတော့ ဖိုဒင်ဟာ မန်စီးတီးရဲ့ ပြိုင်ပွဲစုံမှာ ဂိုးသွင်းအများဆုံးသူအဖြစ် ရှိနေပြီး ပွဲပေါင်း ၂၅ပွဲကစား၊ ၉ဂိုး သွင်းယူထားပါတယ်။ အဲဒီလူငယ်ကြယ်ပွင့် ကစားသမား ဒီရာသီမှာ သွင်းထားတဲ့ သွင်းဂိုး ၉ဂိုးဟာ ပြီးခဲ့တဲ့ရာသီက တစ်ရာသီလုံး ၃၈ပွဲ ကစားပြီး သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ထက် သာလွန်နေတာဖြစ်ပါတယ်။

အခုဆိုရင် မန်စီးတီးအားထားရတဲ့ ဆယ်ကျော်သက် ကစားသမားလေး ဖိုဒင်ဟာ မန်စီးတီးအသင်းအတွက် ပွဲပေါင်း ၁၀၀ကစားခဲ့ရာမှာ သွင်းဂိုး ၂၄ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၇ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မန်စီးတီး ပရိသတ်တွေကတော့ သူတို့ရဲ့ အပြာရောင်တပ်သားလေးအတွက် ဂုဏ်ယူဝမ်းသာနေကြပြီး၊ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသဖို့လည်း မျှော်လင့်နေကြပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးအတြက္ ဂုဏ္ယူစရာေကာင္ေလး ရာျပည့္ဆင္ႏႊဲခဲ့ၿပီ

မေန႔က တန္းဆင္းဇုန္ထဲက ဝက္ဘ႐ြန္းစ္ကို မန္စီးတီးက အေဝးကြင္းမွာ ငါးဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ေလာေလာဆယ္မွာ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။ ဒီေန႔ည ရွက္ဖီးနဲ႔ ကစားရမယ့္ ယူႏိုက္တက္ရဲ႕ အေနအထားကိုၾကည့္ရပါမယ္။အမွတ္ေပးဇယားမွာ ဘတစ္ျပန္က်ားတစ္ျပန္ အေနအထားျဖစ္မလားဆိုတာ သိရပါမယ္။

ေနာက္ဆုံး ၆ ပြဲဆက္တိုက္ အႏိုင္ရထားၿပီး ေနာက္ဆုံး ၃ပြဲဆက္ ေပးဂိုးမရွိထားတဲ့ မန္စီးတီးဟာ ႏိုင္ပြဲဆက္တဲ့ အေနအထားမွာအမွတ္ေပးဖလားအတြက္ စိန္ေခၚႏိုင္စြမ္းရွိေနပါတယ္။ မေန႔ကပြဲမွာေတာ့ ဒီဘ႐ိုင္းမပါဝင္ႏိုင္ေပမယ့္ ဂန္ဒိုဂန္ေျခစြမ္းထပ္ျပၿပီး ႏွစ္ဂိုးသြင္းယူေပးခဲ့ကာ စတာလင္၊ ကန္ဆယ္လို၊ မာရက္ဇ္တို႔လည္း တစ္ဂိုးစီသြင္းယူေပးခဲ့ၾကပါတယ္။

မန္စီးတီးရဲ႕ လူငယ္ကြင္းလယ္ကစားသမားဖီးလ္ဖိုဒင္ကေတာ့ မေန႔ညက ဝက္စ္ဘ႐ြန္းနဲ႔ ပြဲမွာ ပြဲထြက္ကစားေပးခဲ့ၿပီးေနာက္ မန္စီးတီးအတြက္ ပြဲေပါင္း ၁၀၀ျပည့္ေျမာက္ခဲ့ပါၿပီ။ အဲဒီ အဂၤလန္လူငယ္ၾကယ္ပြင့္ေလးဟာ မန္စီးတီးရဲ႕ အကယ္ဒမီကေန ေပၚထြက္ခဲ့သူတစ္ေယာက္ပါ။ ၂၀၁၇၊ ႏိုဝင္ဘာလတုန္းက ဖီယင္ႏုနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ မန္စီးတီး စီနီယာအသင္းအတြက္ စတင္ပြဲဦးထြက္ကစားေပးခဲ့တာပါ။ အသက္ ၂၀ အ႐ြယ္ လူငယ္ကစားသမားေလးဟာ မန္စီးတီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ၂ႀကိမ္၊ အက္ဖ္ေအဖလား ၁ႀကိမ္၊ ကာရာေဘာင္း ဖလား ၃ႀကိမ္ ရယူထားပါတယ္။

ဒီရာသီမွာေတာ့ ဖိုဒင္ဟာ မန္စီးတီးရဲ႕ ၿပိဳင္ပြဲစုံမွာ ဂိုးသြင္းအမ်ားဆုံးသူအျဖစ္ ရွိေနၿပီး ပြဲေပါင္း ၂၅ပြဲကစား၊ ၉ဂိုး သြင္းယူထားပါတယ္။ အဲဒီလူငယ္ၾကယ္ပြင့္ ကစားသမား ဒီရာသီမွာ သြင္းထားတဲ့ သြင္းဂိုး ၉ဂိုးဟာ ၿပီးခဲ့တဲ့ရာသီက တစ္ရာသီလုံး ၃၈ပြဲ ကစားၿပီး သြင္းယူခဲ့တဲ့ ဂိုးအေရအတြက္ထက္ သာလြန္ေနတာျဖစ္ပါတယ္။ အခုဆိုရင္ မန္စီးတီးအားထားရတဲ့ ဆယ္​ေက်ာ္သက္ ကစားသမားေလး ဖိုဒင္ဟာ မန္စီးတီးအသင္းအတြက္ ပြဲေပါင္း ၁၀၀ကစားခဲ့ရာမွာ သြင္းဂိုး ၂၄ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၁၇ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ မန္စီးတီး ပရိသတ္​ေတြက​ေတာ့ သူတို႔ရဲ႕ အျပာ​ေရာင္တပ္သား​ေလးအတြက္ ဂုဏ္ယူ၀မ္းသာ​ေနၾကၿပီး၊ ​ေျခစြမ္း​ေကာင္း​ေတြ ဆက္လက္ျပသဖို႔လည္း ​ေမွ်ာ္လင့္​ေနၾကပါတယ္။