မန်စီးတီးဟာ မနှစ်ကထက် အရည်အသွေးကျဆင်းနေတယ် ဆိုတာ ကျွန်တော်မယုံပါဘူး…

PC ; Internet

မန်စီးတီးအသင်းဟာ မနှစ်ကထက်အရည်အသွေးပိုင်းကျဆင်းနေတယ်ဆိုတာ မယုံကြည်ပါဘူးလို့ ချဲလ်ဆီးနည်းပြလမ်းပတ်က ဖွင့်ဟလိုက်ပါတယ်။ဒါ့အပြင် လက်ရှိချန်ပီယံနဲ့ရင်ဆိုင်ရမယ့် ဒီတစ်ပတ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့သည့်တိုင် သူတို့ရဲ့ပရီးမီးယားလိဂ်ဖလားစိန်ခေါ်သူမျှော်လင့်ချက်ကတော့ အဆုံးသတ်သွားမှာမဟုတ်ဘူးလို့လည်း ပြောဆိုသွားခဲ့ပါတယ်။ချဲလ်ဆီးဟာ အမှတ်ပေးဇယား တတိယနေရာမှာရပ်တည်နေပြီး မန်စီးတီးထက် တစ်ဆင့်သာနေသလို တစ်မှလည်းပိုရထားပါတယ်။

PC ; Internet

ပရီးမီးယားလိဂ်နောက်ဆုံး ၆ပွဲဆက်အနိုင်ဆိုတဲ့ အနေအထားနဲ့ အီတီဟတ်ကို သူတို့လာမှာဖြစ်ပြီး မန်စီးတီးကတော့ နိုင်ငံတကာသီတင်းပတ်မတိုင်ခင် လီဗာပူးကို ၃-၁ဂိုးနဲ့ရှုံးထားတာပါ။ဒါပေမဲ့ လမ်းပတ်ကတော့ ဂါွဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီးထိခိုက်နာကျင်နေတယ်လို့ မမြင်သလို ချဲလ်ဆီးအနေနဲ့ ဒီပွဲမှာလိုချင်တဲ့ရလဒ်ရရင် ဒုတိယနေရာတက်ခွင့်ရှိနေတယ်လို့ ပြောဆိုသွားပါတယ်။

PC ; Internet

“ သူတို့ ၃ပွဲရှုံးထားတယ်။ဒါနဲ့ပဲ မန်စီးတီးဟာ မနှစ်ကလောက် မတောင့်တင်းတော့ဘူးလို့မပြောနိုင်ပါဘူး။ပရီးမီးယားလိဂ်မှာ မထင်မှတ်တာတွေဖြစ်တတ်ပါတယ်။ကျွန်တော်ကတော့ သူတို့ကို မနှစ်ကနဲ့အတူတူပဲလို့ မြင်နေပါတယ်။နိုင်ငံတကာအားလပ်ရက်မှာ သူတို့ပွဲတွေကို ကျွန်တော်အများကြီးပြန်ကြည့်မိတယ်။ခံစစ်မှာ ဒဏ်ရာပြသနာတွေရင်ဆိုင်နေရတာမှန်ပေမယ့် အသင်းကောင်းတစ်သင်းဖြစ်နေဆဲပါပဲ။

PC ; Internet

ပြီးခဲ့တဲ့နှစ်တွေတုန်းကလို ခြိမ်းခြောက်နိုင်စွမ်းအပြည့်ရှိနေဆဲပါပဲ။လီဗာပူးနဲ့သူတို့ဟာ ပြီးခဲ့တဲ့ရာသီအနည်းငယ်မှာ မယုံနိုင်စရာအဆင့်တစ်ခုကို ရောက်ခဲ့ကြတာပါ ” လို့ ၂၀၁၄-၁၅ ရာသီတုန်းက မန်စီးတီးမှာ ရာသီဝက်ကစားခဲ့ဖူးသူ လမ်းပတ်က ဖွင့်ဟသွားပါတယ်။

(zawgyi)

မန္စီးတီးအသင္းဟာ မႏွစ္ကထက္အရည္အေသြးပိုင္းက်ဆင္းေနတယ္ဆိုတာ မယံုၾကည္ပါဘူးလို႔ ခ်ဲလ္ဆီးနည္းျပလမ္းပတ္က ဖြင့္ဟလိုက္ပါတယ္။ဒါ့အျပင္ လက္ရွိခ်န္ပီယံနဲ႔ရင္ဆိုင္ရမယ့္ ဒီတစ္ပတ္ပြဲစဥ္မွာ ရံႈးနိမ့္ခဲ့သည့္တိုင္ သူတို႔ရဲ႕ပရီးမီးယားလိဂ္ဖလားစိန္ေခၚသူေမွ်ာ္လင့္ခ်က္ကေတာ့ အဆံုးသတ္သြားမွာမဟုတ္ဘူးလို႔လည္း ေျပာဆိုသြားခဲ့ပါတယ္။ခ်ဲလ္ဆီးဟာ အမွတ္ေပးဇယား တတိယေနရာမွာရပ္တည္ေနၿပီး မန္စီးတီးထက္ တစ္ဆင့္သာေနသလို တစ္မွလည္းပိုရထားပါတယ္။ပရီးမီးယားလိဂ္ေနာက္ဆံုး ၆ပြဲဆက္အႏိုင္ဆိုတဲ့ အေနအထားနဲ႔ အီတီဟတ္ကို သူတို႔လာမွာျဖစ္ၿပီး မန္စီးတီးကေတာ့ ႏိုင္ငံတကာသီတင္းပတ္မတိုင္ခင္ လီဗာပူးကို ၃-၁ဂိုးနဲ႔ရံႈးထားတာပါ။ဒါေပမဲ့ လမ္းပတ္ကေတာ့ ဂါြဒီယိုလာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီကထက္ ပိုၿပီးထိခိုက္နာက်င္ေနတယ္လို႔ မျမင္သလို ခ်ဲလ္ဆီးအေနနဲ႔ ဒီပြဲမွာလိုခ်င္တဲ့ရလဒ္ရရင္ ဒုတိယေနရာတက္ခြင့္ရွိေနတယ္လို႔ ေျပာဆိုသြားပါတယ္။“ သူတို႔ ၃ပြဲရံႈးထားတယ္။ဒါနဲ႔ပဲ မန္စီးတီးဟာ မႏွစ္ကေလာက္ မေတာင့္တင္းေတာ့ဘူးလို႔မေျပာႏိုင္ပါဘူး။ပရီးမီးယားလိဂ္မွာ မထင္မွတ္တာေတြျဖစ္တတ္ပါတယ္။ကၽြန္ေတာ္ကေတာ့ သူတို႔ကို မႏွစ္ကနဲ႔အတူတူပဲလို႔ ျမင္ေနပါတယ္။ႏိုင္ငံတကာအားလပ္ရက္မွာ သူတို႔ပြဲေတြကို ကၽြန္ေတာ္အမ်ားႀကီးျပန္ၾကည့္မိတယ္။ခံစစ္မွာ ဒဏ္ရာျပသနာေတြရင္ဆိုင္ေနရတာမွန္ေပမယ့္ အသင္းေကာင္းတစ္သင္းျဖစ္ေနဆဲပါပဲ။ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းကလို ၿခိမ္းေျခာက္ႏိုင္စြမ္းအျပည့္ရွိေနဆဲပါပဲ။လီဗာပူးနဲ႔သူတို႔ဟာ ၿပီးခဲ့တဲ့ရာသီအနည္းငယ္မွာ မယံုႏိုင္စရာအဆင့္တစ္ခုကို ေရာက္ခဲ့ၾကတာပါ ” လို႔ ၂၀၁၄-၁၅ ရာသီတုန္းက မန္စီးတီးမွာ ရာသီ၀က္ကစားခဲ့ဖူးသူ လမ္းပတ္က ဖြင့္ဟသြားပါတယ္။