”မန်စီးတီးသာ လီဗာပူးနေရာဆိုရင် လိဂ်ဖျက်လည်း ဘယ်သူမှဂရုစိုက်မှာ မဟုတ်ဘူး”- ပေါလ်မာဆင်

photo-allfootball

photo-credit

လီဗာပူးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ၂၅ မှတ်ဖြတ်ဦးဆောင်နေပြီး နှစ် ၃၀ ကြာစောင့်ခဲ့ရတဲ့ အမှတ်ပေးချန်ပီယံဆုဖလားအတွက် နိုင်ပွဲ ၂ ပွဲသာ လိုအပ်တော့တာ အာလုံးအသိပါပဲ။ ဒီအချိန်မှာ Sky Sports သတင်းဌာနရဲ့ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်ကစားသမားဟောင်းပေါလ်မာဆင်က ဂွါဒီယိုလာရဲ့အသင်းသာ အဲဒီလိုအမှတ်ဖြတ်မှုမျိုးနဲ့ ဦးဆောင်နေမယ်ဆိုရင် ဒီရာသီပရီးမီးယားလိဂ်ကို ဖျက်သိမ်းလည်း ဘယ်သူမှ ဂရုစိုက်မှာမဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒီအတွက် အကြောင်းရင်းရှိပါတယ်။

photo-gettyimages

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ဒီရာသီပရီးမီးယားလိဂ်ကိုဖျက်သိမ်းနိုင်တယ်ဆိုတဲ့ အသံတွေထွက်နေပြီး အဲဟာ လီဗာပူးအတွက် သတင်းကောင်းမဟုတ်ပါဘူး။ ဒါ့အပြင် ပေါလ်မာဆင်က ဒီရာသီကိုသာ ဖျက်သိမ်းရမယ်ဆိုရင် ဝမ်းနည်းစရာဖြစ်လိမ့်မယ်လို့ အခိုင်အမာဆိုခဲ့ပါတယ်။

photo-daily star

Sky Sports ရဲ့ကော်လံစာချက်နှာမှာ ပေါလ်မာဆန်က”လီဗာပူးက ၂၅ မှတ်ဖြတ်ထားတယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ မနက်ဖြန်မှာ မိတ်ဆွေတစ်ယောက်နဲ့ စနူကာကစားတယ်ဆိုပါစို့ အနိုင်ရဖို့ ၂၅ မှတ်လိုအပ်ပါတယ်။ အဲဒါမှာတင် ပွဲပြီးပြီ။ ဆက်ကစားဖို့ ပွိုင့်လည်း မရှိတော့ဘူး။ နောက်အပတ်တွေမှာလည်း ဒါပေမဲ့ ငါအနိုင်ရနိုင်တာပဲလေလို့ ကျွန်တော်ပြောလို့ ရပါတယ်။ လီဗာပူးကျတော့ နှစ်ပေါင်း ၃၀ တောင်စောင့်ခဲ့ရတာပါ။ သူတို့အတွက် တကယ်ကို ခံစားမိမှာပါ။ အဲဒီနေရာမှာ မန်စီးတီးသာဆိုရင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ရဖူးတယ်လေ။ ဒီအသင်းကျတော့ အဲဒါကိုမရတာ နှစ် ၃၀ ရှိနေပြီ။ ရုပ်ရှင်တစ်ခုလိုပါပဲ။ သူတို့အတွက် ကျွန်တော် တကယ်ခံစားမိပါတယ်။ သူတို့ကို အခုချိန် ချန်ပီယံဆုပေးမယ်ဆိုရင်တောင် သင်္ချာနည်းအရ သူတို့ဗိုလ်မစွဲသေးပါဘူး။ အနှစ်သာရအရ သူတို့နိုင်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပေမယ့် အဲဒါက တူမှမတူတာ။ ဝမ်းနည်းစရာတစ်ခုပါပဲ”လို့ ရေးသားခဲ့တာပါ။

[Zawgyi]

”မန္စီးတီးသာ လီဗာပူးေနရာဆုိရင္ လိဂ္ဖ်က္လည္း ဘယ္သူမွဂရုစိုက္မွာ မဟုတ္ဘူး”- ေပါလ္မာဆင္

လီဗာပူးဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ၂၅ မွတ္ျဖတ္ဦးေဆာင္ေနၿပီး ႏွစ္ ၃၀ ၾကာေစာင့္ခဲ့ရတဲ့ အမွတ္ေပးခ်န္ပီယံဆုဖလားအတြက္ ႏိုင္ပြဲ ၂ ပြဲသာ လုိအပ္ေတာ့တာ အာလုံးအသိပါပဲ။ ဒီအခ်ိန္မွာ Sky Sports သတင္းဌာနရဲ႕ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ အာဆင္နယ္ကစားသမားေဟာင္းေပါလ္မာဆင္က ဂြါဒီယိုလာရဲ႕အသင္းသာ အဲဒီလိုအမွတ္ျဖတ္မႈမ်ိဳးနဲ႔ ဦးေဆာင္ေနမယ္ဆိုရင္ ဒီရာသီပရီးမီးယားလိဂ္ကို ဖ်က္သိမ္းလည္း ဘယ္သူမွ ဂရုစိုက္မွာမဟုတ္ေၾကာင္း ေျပာၾကားလုိက္ပါတယ္။ ဒီအတြက္ အေၾကာင္းရင္းရွိပါတယ္။

လက္ရွိမွာ ကိုရိုနာဗုိင္းရပ္စ္အက်ပ္အတည္းေၾကာင့္ ဒီရာသီပရီးမီးယားလိဂ္ကိုဖ်က္သိမ္းႏိုင္တယ္ဆိုတဲ့ အသံေတြထြက္ေနၿပီး အဲဟာ လီဗာပူးအတြက္ သတင္းေကာင္းမဟုတ္ပါဘူး။ ဒါ့အျပင္ ေပါလ္မာဆင္က ဒီရာသီကိုသာ ဖ်က္သိမ္းရမယ္ဆိုရင္ ၀မ္းနည္းစရာျဖစ္လိမ့္မယ္လုိ႔ အခုိင္အမာဆုိခဲ့ပါတယ္။

Sky Sports ရဲ႕ေကာ္လံစာခ်က္ႏွာမွာ ေပါလ္မာဆန္က”လီဗာပူးက ၂၅ မွတ္ျဖတ္ထားတယ္ဆိုတာ ရွင္းပါတယ္။ ဒါေပမဲ့ မနက္ျဖန္မွာ မိတ္ေဆြတစ္ေယာက္နဲ႔ စႏူကာကစားတယ္ဆိုပါစို႔ အႏိုင္ရဖို႔ ၂၅ မွတ္လိုအပ္ပါတယ္။ အဲဒါမွာတင္ ပြဲၿပီးၿပီ။ ဆက္ကစားဖုိ႔ ပြဳိင့္လည္း မရွိေတာ့ဘူး။ ေနာက္အပတ္ေတြမွာလည္း ဒါေပမဲ့ ငါအႏိုင္ရႏိုင္တာပဲေလလို႔ ကၽြန္ေတာ္ေျပာလုိ႔ ရပါတယ္။ လီဗာပူးက်ေတာ့ ႏွစ္ေပါင္း ၃၀ ေတာင္ေစာင့္ခဲ့ရတာပါ။ သူတို႔အတြက္ တကယ္ကို ခံစားမိမွာပါ။ အဲဒီေနရာမွာ မန္စီးတီးသာဆုိရင္ ဘယ္သူမွ ဂရုစိုက္မွာ မဟုတ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က ရဖူးတယ္ေလ။ ဒီအသင္းက်ေတာ့ အဲဒါကိုမရတာ ႏွစ္ ၃၀ ရွိေနၿပီ။ ရုပ္ရွင္တစ္ခုလိုပါပဲ။ သူတုိ႔အတြက္ ကၽြန္ေတာ္ တကယ္ခံစားမိပါတယ္။ သူတုိ႔ကို အခုခ်ိန္ ခ်န္ပီယံဆုေပးမယ္ဆုိရင္ေတာင္ သခ်ၤာနည္းအရ သူတုိ႔ဗုိလ္မစြဲေသးပါဘူး။ အႏွစ္သာရအရ သူတုိ႔ႏိုင္တယ္ဆုိတာ ကၽြန္ေတာ္တို႔အားလုံးသိၾကေပမယ့္ အဲဒါက တူမွမတူတာ။ ၀မ္းနည္းစရာတစ္ခုပါပဲ”လုိ႔ ေရးသားခဲ့တာပါ။