မန်စီးတီးရဲ့ ၃နှစ်ဆက် ချန်ပီယံအိပ်မက်ကို လီဗာပူးတားဆီးနိုင်လိမ့်မယ်လို့ ရွန်နေးဟောကိန်းထုတ်

PC ; Internet

မန်စီးတီးရဲ့ပရီးမီးယားလိဂ်ချန်ပီယံဖလား ၃နှစ်ဆက်သိမ်းပိုက်ရေးမျှော်လင့်ချက်ကို တားဆီးပြီး ဒီရာသီချန်ပီယံဆုကို လီဗာပူးဆွတ်ခူးနိုင်လိမ့်မယ်လို့ မန်ယူတိုက်စစ်မှူးဟောင်းဝိန်းရွန်နေးက ဟောကိန်းထုတ်လိုက်ပါတယ်။သူ့ရဲ့ ပြိုင်ဘက်ဟောင်းကြီးနှစ်သင်းရဲ့ ၂နှစ်ဆက်ချန်ပီယံတိုက်ပွဲမှာ ဒီတစ်ကြိမ်အနိုင်ရမှာက လီဗာပူးလို့ မန်ယူအတွက်ထာဝရသွင်းဂိုးစံချိန်ရှင်က ခန့်မှန်းပေးလိုက်တာပါ။လက်စတာကို မီလ်နာရဲ့ပင်နယ်တီဂိုးနဲ့ လီဗာပူးအနိုင်ရပြီးတဲ့နောက် ပြောခဲ့တဲ့ သရဲနီအသင်းခေါင်းဆောင်ဟောင်းရဲ့စကားက စောင့်ကြည်ချင်စရာကောင်းလာတာတော့အမှန်ပါပဲ။

PC ; Getty

အကြောင်းကတော့ လက်ရှိချန်ပီယံမန်စီးတီးဟာ အိမ်ကွင်းအီတီဟတ်မှာ ဝုဗ်ကို မထင်မှတ်ဘဲရှုံးနိမ့်ပြီး ဦးဆောင်သူလီဗာပူးနဲ့ ၈မှတ်ပြတ်သွားလို့ပါပဲ။လာမယ့်ဇန်နဝါရီမှာ ဒါဘီကောင်တီအသင်းကို ကစားသမားနည်းပြအဖြစ် စတင်တာဝန်ယူမယ့် ရွန်နေးက “ ကျွန်တော့်အမြင်အရတော့ လီဗာပူးကပိုပြီးတောင့်တင်းပုံပါပဲ။မန်စီးတီးက ဆန်းကြယ်တဲ့အသင်းတစ်သင်းပါ။လီဗာပူးကတော့ မနှစ်ကထက်ပိုကောင်းလာတယ်ထင်ပါတယ်။မန်စီးတီးကလည်း ထူးကဲတဲ့အဆင့်မှာ တစ်သမတ်တည်းရပ်တည်နေပါတယ်။ဒါပေမဲ့ လီဗာပူးရဲ့နှစ်လို့ ကျွန်တော်ထင်ပါတယ် ”လို့ iFL TV ကိုပြောသွားခဲ့တာပါ။

PC ; Internet

ဒါ့အပြင် သူ့ရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်ဟာလည်း တိုးတက်လာမှာပါလို့ ဒီစီယူနိုက်တက်ကြယ်ပွင့်က မှတ်ချက်ပေးသွားပါတယ်။ရွန်နေးရဲ့ငယ်ဘဝကလပ်ဖြစ်တဲ့ အဲဗာတန်ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲဆက်ရှုံးပြီး တန်းဆင်းဇုန်အထက် ၁မှတ်အကွာ အဆင့်-၁၇နေရာမှာ ရပ်တည်နေပါတယ်။

PC ; Reuters

ဒါပေမဲ့ ရွန်နေးကတော့ “ သူတို့နဲ့ထိုက်တန်တဲ့နေရာရောက်အောင် စွမ်းဆောင်ဖို့ အဲဗာတန်ကစားသမားတွေဆီမှာ အရည်အချင်းကောင်းတွေရှိနေပါတယ်။တစ်ခါက ရလဒ်တွေ ပြန်လည် စတင်လာဦးမှာပါ။ဒီအခက်အခဲကနေ သူတို့ သေချာပေါက်လွတ်မြောက်ပါလိမ့်မယ် ” လို့ မာကိုဆေးလ်ဗားရဲ့အသင်းနဲ့ပတ်သက်ပြီး ဖွင့်ဟသွားပါတယ်။

(zawgyi)

မန္စီးတီးရဲ႕ပရီးမီးယားလိဂ္ခ်န္ပီယံဖလား ၃ႏွစ္ဆက္သိမ္းပိုက္ေရးေမွ်ာ္လင့္ခ်က္ကို တားဆီးၿပီး ဒီရာသီခ်န္ပီယံဆုကို လီဗာပူးဆြတ္ခူးႏိုင္လိမ့္မယ္လို႔ မန္ယူတိုက္စစ္မွဴးေဟာင္း၀ိန္းရြန္ေနးက ေဟာကိန္းထုတ္လိုက္ပါတယ္။သူ႔ရဲ႕ ၿပိဳင္ဘက္ေဟာင္းႀကီးႏွစ္သင္းရဲ႕ ၂ႏွစ္ဆက္ခ်န္ပီယံတိုက္ပြဲမွာ ဒီတစ္ႀကိမ္အႏိုင္ရမွာက လီဗာပူးလို႔ မန္ယူအတြက္ထာ၀ရသြင္းဂိုးစံခ်ိန္ရွင္က ခန္႔မွန္းေပးလိုက္တာပါ။လက္စတာကို မီလ္နာရဲ႕ပင္နယ္တီဂိုးနဲ႔ လီဗာပူးအႏိုင္ရၿပီးတဲ့ေနာက္ ေျပာခဲ့တဲ့ သရဲနီအသင္းေခါင္းေဆာင္ေဟာင္းရဲ႕စကားက ေစာင့္ၾကည္ခ်င္စရာေကာင္းလာတာေတာ့အမွန္ပါပဲ။အေၾကာင္းကေတာ့ လက္ရွိခ်န္ပီယံမန္စီးတီးဟာ အိမ္ကြင္းအီတီဟတ္မွာ ၀ုဗ္ကို မထင္မွတ္ဘဲရံႈးနိမ့္ၿပီး ဦးေဆာင္သူလီဗာပူးနဲ႔ ၈မွတ္ျပတ္သြားလို႔ပါပဲ။လာမယ့္ဇန္န၀ါရီမွာ ဒါဘီေကာင္တီအသင္းကို ကစားသမားနည္းျပအျဖစ္ စတင္တာ၀န္ယူမယ့္ ရြန္ေနးက “ ကၽြန္ေတာ့္အျမင္အရေတာ့ လီဗာပူးကပိုၿပီးေတာင့္တင္းပံုပါပဲ။မန္စီးတီးက ဆန္းၾကယ္တဲ့အသင္းတစ္သင္းပါ။လီဗာပူးကေတာ့ မႏွစ္ကထက္ပိုေကာင္းလာတယ္ထင္ပါတယ္။မန္စီးတီးကလည္း ထူးကဲတဲ့အဆင့္မွာ တစ္သမတ္တည္းရပ္တည္ေနပါတယ္။ဒါေပမဲ့ လီဗာပူးရဲ႕ႏွစ္လို႔ ကၽြန္ေတာ္ထင္ပါတယ္ ”လို႔ iFL TV ကိုေျပာသြားခဲ့တာပါ။ဒါ့အျပင္ သူ႔ရဲ႕အသင္းေဟာင္းတစ္သင္းျဖစ္တဲ့ အဲဗာတန္ဟာလည္း တိုးတက္လာမွာပါလို႔ ဒီစီယူႏိုက္တက္ၾကယ္ပြင့္က မွတ္ခ်က္ေပးသြားပါတယ္။ရြန္ေနးရဲ႕ငယ္ဘ၀ကလပ္ျဖစ္တဲ့ အဲဗာတန္ဟာ ပရီးမီးယားလိဂ္ေနာက္ဆံုး ၄ပြဲဆက္ရံႈးၿပီး တန္းဆင္းဇုန္အထက္ ၁မွတ္အကြာ အဆင့္-၁၇ေနရာမွာ ရပ္တည္ေနပါတယ္။ဒါေပမဲ့ ရြန္ေနးကေတာ့ “ သူတို႔နဲ႔ထိုက္တန္တဲ့ေနရာေရာက္ေအာင္ စြမ္းေဆာင္ဖို႔ အဲဗာတန္ကစားသမားေတြဆီမွာ အရည္အခ်င္းေကာင္းေတြရွိေနပါတယ္။တစ္ခါက ရလဒ္ေတြ ျပန္လည္ စတင္လာဦးမွာပါ။ဒီအခက္အခဲကေန သူတို႔ ေသခ်ာေပါက္လြတ္ေျမာက္ပါလိမ့္မယ္ ” လို႔ မာကိုေဆးလ္ဗားရဲ႕အသင္းနဲ႔ပတ္သက္ၿပီး ဖြင့္ဟသြားပါတယ္။