မန်စီးတီးရဲ့ ဦးဆောင်ဂိုးကို ဂိုးသမားဖန်တီးရှင် အီဒါဆန်က ၆ စက္ကန့် အတွင်း အဆင့်မြင့် ကန်ပို့ပေးနိုင်ခဲ့တာပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးပွဲတွေမှာ ပုံမှန်အားဖြင့် ဂိုးသမားတွေဆိုတာ အသင်းဂိုးမပေးရအောင် ကာကွယ်မှုတွေကို အဓိက တာဝန်ယူဆောင်ရွက်ရတဲ့သူတွေပါ။

ဒါပေမယ့် မော်ဒန်ဘောလုံးခေတ်မှာတော့ ဂိုးသမားဆိုတာ အသင်းရဲ့ ကစားကွက်ထဲမှာ ပါဝင်ကစားရတဲ့သူဖြစ်လာပြီး ဖူဆယ်ဂိမ်းပိုဆန်လာပါတယ်။

ဂိုးသမားတစ်ယောက်ရဲ့ အရည်အသွေးကို ဂိုးဖမ်းတတ်တာ တစ်ခုတည်းနဲ့ မဆုံးဖြတ်တော့ပဲ ကိုယ့်အသင်းရဲ့ တိုက်စစ်လမ်းကြောင်းကို လက်ထဲဘောလုံးဖမ်းမိထားတဲ့ အချိန် ၆စက္ကန့်အတွင်းမှာ ချက်ချင်းအကဲခတ်ပြီး အကောင်းဆုံးနေရာယူထားတဲ့ အသင်းဖော်ဆီ ပေးပို့တတ်ဖို့လည်း လိုလာပါပြီ။

၈ွာဒီယိုလာလို နည်းစနစ်ပိုင်း ကျွန်းကျင်တဲ့ နည်းပြမျိုးတာဝန်ယူထားတဲ့ အသင်းမှာ ကစားရတဲ့ ဂိုးသမားဆိုရင် ပိုပြီး တောင်းဆိုမှုများများခံရမှာ အသေအချာပါပဲ။

ပီအက်စ်ဂျီနဲ့ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲမှာ မာရက်ဇ်အဖွင့်ဂိုးသွင်းနိုင်အောင် တိုက်စစ်လမ်းကြောင်း အစပြုခဲ့တဲ့သူက ဂိုးသမား အီဒါဆန်ပါ။

အီဒါဆန်ဟာ သူဘောလုံးဖမ်းမိတဲ့အချိန်မှာ တစ်ကွင်းလုံးရဲ့ အနေအထားကို တစ်ချက်ကြည့်လိုက်ပြီး ဘယ်တောင်ပံမှာ ပြေးလမ်းပွင့်နေပြီး Counter attack လုပ်လို့အကောင်းဆုံး အခြေအနေမှာရှိနေတဲ့ ဇာချင်ကိုဆီကို ကွက်တိကန်ပို့ပေးလိုက်တာကအစပြု ဂိုးရခဲ့တာပါ။

ဇာချင်ကိုက တောင်ပံကနေ ဆွဲပြေးပြီး ဒီဘရိုင်းကိုပေး ဒီဘရိုင်းကဆင့် ဂိုးကန်သွင်းဖို့ အကောင်းဆုံးအခွင့်အရေး အနေအထားမှာရှိနေတဲ့ မာရက်ဇ်ကို ပေးပြီး ကန်သွင်းသွားခဲ့တာလည္းဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဒီဂိုးနဲ့ ပတ်သတ်ပြီး ဂိုးသမား အီဒါဆန်ကို ပရိသတ်တွေက ချီးကျူးနေပြီး ပရိသတ်တွေရေးသားထားတဲ့ မှတ်ချက်တွေထဲမှာ ” အီဒါဆန်သာ အာဆင်နယ်အသင်းမှာ ကစားရင် ကွင်းလယ်ဖန်တီးရှင် အနေနဲ့ ကစားရနိုင်တယ်”။

” သူဟာ ပရီးမီးယားလိဂ်ရဲ့ ၆ယောက်မြောက် အကောင်းဆုံး ကွင်းလယ်ဖန်တီးရှင်ပဲ” စတဲ့ ချီးကျူးပြောဆိုထားတာတွေ တွေ့ရပါတယ်။

မန်စီးတီးဂိုးသမားဟောင်း ဂျိုးဟတ်ကလည်း ” အီဒါဆန် လုပ်ပြသွားတာ သာမန်ဘောလုံးပေးပို့မှုတစ်ခု မဟုတ်ပါဘူး။

အဆင့်မြင့်တဲ့ ပေးပို့မှုပါ” လို့ BT Sport ကိုပြောကြားခဲ့ပါတယ်။

အီဒါဆန်ဟာ ဘင်ဖီကာကနေ မန်စီးတီးကို ၂၀၁၇ခုနှစ်တုန်းက ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၂ကြိမ်၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ လိဂ်ဖလား ၄ကြိမ် တို့ကို ဆွတ်ခူးထားတဲ့သူလည်း ဖြစ်ပါတယ်။

မန်စီးတီးအတွက် ပွဲပေါင်း ၁၈၆ပွဲ ကစားပေးထားပြီး နိုင်ငံလက်ရွေ့းစင် ဘရာဇီးအသင်းမှာလည်း လီဗာပူးက အလီဆန်နဲ့အတူ ပထမဂိုးသမားနေရာအတွက် အပြိုင်ကြဲနေရတဲ့သူပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးရဲ႕ ဦးေဆာင္ဂိုးကို ဂိုးသမားဖန္တီးရွင္ အီဒါဆန္က ၆စကၠန႔္ အတြင္း အဆင့္ျမင့္ ကန္ပို႔ေပးႏိုင္ခဲ့တာပါ

ေဘာလုံးပြဲေတြမွာ ပုံမွန္အားျဖင့္ ဂိုးသမားေတြဆိုတာ အသင္းဂိုးမေပးရေအာင္ ကာကြယ္မႈေတြကို အဓိက တာဝန္ယူေဆာင္႐ြက္ရတဲ့သူေတြပါ။ ဒါေပမယ့္ ေမာ္ဒန္ေဘာလုံးေခတ္မွာေတာ့ ဂိုးသမားဆိုတာ အသင္းရဲ႕ ကစားကြက္ထဲမွာ ပါဝင္ကစားရတဲ့သူျဖစ္လာၿပီး ဖူဆယ္ဂိမ္းပိုဆန္လာပါတယ္။

ဂိုးသမားတစ္ေယာက္ရဲ႕ အရည္အေသြးကို ဂိုးဖမ္းတတ္တာ တစ္ခုတည္းနဲ႔ မဆုံးျဖတ္ေတာ့ပဲ ကိုယ့္အသင္းရဲ႕ တိုက္စစ္လမ္းေၾကာင္းကို လက္ထဲေဘာလုံးဖမ္းမိထားတဲ့ အခ်ိန္ ၆စကၠန႔္အတြင္းမွာ ခ်က္ခ်င္းအကဲခတ္ၿပီး အေကာင္းဆုံးေနရာယူထားတဲ့ အသင္းေဖာ္ဆီ ေပးပို႔တတ္ဖို႔လည္း လိုလာပါၿပီ။

၈ြာဒီယိုလာလို နည္းစနစ္ပိုင္း ကြၽန္းက်င္တဲ့ နည္းျပမ်ိဳးတာဝန္ယူထားတဲ့ အသင္းမွာ ကစားရတဲ့ ဂိုးသမားဆိုရင္ ပိုၿပီး ေတာင္းဆိုမႈမ်ားမ်ားခံရမွာ အေသအခ်ာပါပဲ။ ပီအက္စ္ဂ်ီနဲ႔ ကစားသြားခဲ့တဲ့ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲမွာ မာရက္ဇ္အဖြင့္ဂိုးသြင္းႏိုင္ေအာင္ တိုက္စစ္လမ္းေၾကာင္း အစျပဳခဲ့တဲ့သူက ဂိုးသမား အီဒါဆန္ပါ။

အီဒါဆန္ဟာ သူေဘာလုံးဖမ္းမိတဲ့အခ်ိန္မွာ တစ္ကြင္းလုံးရဲ႕ အေနအထားကို တစ္ခ်က္ၾကည့္လိုက္ၿပီး ဘယ္ေတာင္ပံမွာ ေျပးလမ္းပြင့္ေနၿပီး Counter attack လုပ္လို႔အေကာင္းဆုံး အေျခအေနမွာရွိေနတဲ့ ဇာခ်င္ကိုဆီကို ကြက္တိကန္ပို႔ေပးလိုက္တာကအစျပဳ ဂိုးရခဲ့တာပါ။ ဇာခ်င္ကိုက ေတာင္ပံကေန ဆြဲေျပးၿပီး ဒီဘ႐ိုင္းကိုေပး ဒီဘ႐ိုင္းကဆင့္ ဂိုးကန္သြင္းဖို႔ အေကာင္းဆုံးအခြင့္အေရး အေနအထားမွာရွိေနတဲ့ မာရက္ဇ္ကို ေပးၿပီး ကန္သြင္းသြားခဲ့တာခညးျဖစ္ပါတယ္။

ပြဲအၿပီးမွာေတာ့ ဒီဂိုးနဲ႔ ပတ္သတ္ၿပီး ဂိုးသမား အီဒါဆန္ကို ပရိသတ္ေတြက ခ်ီးက်ဴးေနၿပီး ပရိသတ္ေတြေရးသားထားတဲ့ မွတ္ခ်က္ေတြထဲမွာ ” အီဒါဆန္သာ အာဆင္နယ္အသင္းမွာ ကစားရင္ ကြင္းလယ္ဖန္တီးရွင္ အေနနဲ႔ ကစားရႏိုင္တယ္”။ ” သူဟာ ပရီးမီးယားလိဂ္ရဲ႕ ၆ေယာက္ေျမာက္ အေကာင္းဆုံး ကြင္းလယ္ဖန္တီးရွင္ပဲ” စတဲ့ ခ်ီးက်ဴးေျပာဆိုထားတာေတြ ေတြ႕ရပါတယ္။

မန္စီးတီးဂိုးသမားေဟာင္း ဂ်ိဳးဟတ္ကလည္း ” အီဒါဆန္ လုပ္ျပသြားတာ သာမန္ေဘာလုံးေပးပို႔မႈတစ္ခု မဟုတ္ပါဘူး။ အဆင့္ျမင့္တဲ့ ေပးပို႔မႈပါ” လို႔ BT Sport ကိုေျပာၾကားခဲ့ပါတယ္။

အီဒါဆန္ဟာ ဘင္ဖီကာကေန မန္စီးတီးကို ၂၀၁၇ခုႏွစ္တုန္းက ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ၂ႀကိမ္၊ အက္ဖ္ေအဖလား ၁ႀကိမ္နဲ႔ လိဂ္ဖလား ၄ႀကိမ္ တို႔ကို ဆြတ္ခူးထားတဲ့သူလည္း ျဖစ္ပါတယ္။

မန္စီးတီးအတြက္ ပြဲေပါင္း ၁၈၆ပြဲ ကစားေပးထားၿပီး ႏိုင္ငံလက္ေ႐ြ႕းစင္ ဘရာဇီးအသင္းမွာလည္း လီဗာပူးက အလီဆန္နဲ႔အတူ ပထမဂိုးသမားေနရာအတြက္ အၿပိဳင္ႀကဲေနရတဲ့သူပါ။