မန်စီးတီးရဲ့ သမိုင်းဝင် ဖလား ၄လုံးအိပ်မက်ကို ရိုက်ချိုးပစ်လိုက်တဲ့ ဇီယက်ချ်နဲ့ချဲလ်ဆီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်မှာ ချဲလ်ဆီးက မန်စီးတီးကို အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် မန်စီးတီးရဲ့ သမိုင်းဝင် ဖလား ၄လုံး အိပ်မက်ကတော့ အဆုံးသတ်သွားခဲ့ပါပြီ။


ဒီပွဲမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ပွဲထွက်လူစာရင်းမှာ ကစားသမား ၈ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ဂိုးသမားနေရာမှာ အရန်ဂိုးသမား စတီဖင် တာဝန်ယူခဲ့ပါတယ်။ ချဲလ်ဆီးကတော့ အက်ဖ်အေဖလားပြိုင်ပွဲမှာ ဂိုးတွေသွင်းထားတဲ့ အေဗရာဟမ်ကို ချန်ခဲ့တာကလွဲပြီး တီမိုဝါနာ၊ မေဆန်မောင့်၊ ဇီယက်ချ်တို့နဲ့ ရင်ဆိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဇီယက်ချ်က ပွဲချိန် ၅၅မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ အနိုင်ဂိုးရှင် ဇီယက်ချ်နဲ့ ပတ်သတ်ပြီး နည်းပြတူချယ်က ” ဒီနေ့ပွဲမှာ ဇီယက်ချ်ဟာ အကောင်းဆုံးကစားသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အနိုင်ရလဒ်နဲ့လည်း ထိုက်တန်တဲ့ အသင်းပါ။

ကျွန်တော့်ရဲ့ လူရွေးချယ်မှုတွေမှာ ဘယ်တုန်းကမှ ပုဂ္ဂိုလ်ရေးတွေ မပါခဲပါဘူး။


ဇီယက်ချ်ဆိုရင် ကွင်းထဲကို သူဝင်ကစားရပြီဆိုတာနဲ့ အမြဲတမ်း ကြိုးစားကစားတော့တာပဲ။ ထရိန်နင်မှာလည်း သူ့ကို စောင့်ကြည့်ဖြစ်ပါတယ်။

ကစားသမားတစ်ယောက်အနေနဲ့ ကစားရတဲ့အချိန်မှာ ၁၀၀% ပုံစံကောင်းပြနိုင်မှ ဖြစ်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

တဆက်တည်းမှာပဲ တူချယ်က အသင်းရဲ့ ရှေ့ဆက်ရမယ့် အနေအထားနဲ့ ပတ်သတ်ပြီး ” ဂွာဒီယိုလာလို ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေမှာ အကောင်းဆုံးနည်းပြခဲ့တဲ့ သူတစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့ပွဲမျိုးမှာ အကောင်းဆုံး ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ အခုက ကျွန်တော်တို့ ဗိုလ်လုပွဲ ရောက်သွားပါပြီ။ ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ် ရောက်နေပြီ။ အများကြီး ဆက်တွေးမနေနဲဘဲ တစ်ပွဲချင်းစီကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ကြိုးစားရမှာပါ” လို့ ဆိုခဲ့ပါတယ်။

ဒီပွဲအပြီးမှာ မန်စီးတီးအနေနဲ့ အက်ဖ်အေဖလားပြိုင်ပွဲအပေါ် လေးစားမှုမရှိဘဲ ယှဉ်ပြိုင်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို နည်းပြ ၈ွာဒီယိုလာက ငြင်းပယ်သွားခဲ့ပြီး အခုလို အရေးကြီးနေတဲ့ ပြိုင်ပွဲကာလမျိုးမှာ ကစားသမားတွေကို အလှည့်ကျပွဲထုတ်ရမှာဖြစ်တယ်လို့ ကာကွယ်ပြောကြားသွားပါတယ်။

မန်စီးတီးအတွက် နစ်နာစေခဲ့တာကတော့ ဖလားတစ်လုံး လက်လွှတ်လိုက်ရတဲ့အပြင် အားထားရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒီဘရူနီတစ်ယောက် ခြေချင်းဝတ်ဒဏ်ရာရသွားတာပါပဲ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးရဲ႕ သမိုင္းဝင္ ဖလား ၄လုံးအိပ္မက္ကို ႐ိုက္ခ်ိဳးပစ္လိုက္တဲ့ ဇီယက္ခ်္နဲ႔ခ်ဲလ္ဆီး

အက္ဖ္ေအဖလား ဆီးမီးဖိုင္နယ္မွာ ခ်ဲလ္ဆီးက မန္စီးတီးကို အႏိုင္ယူခဲ့ၿပီး ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တဲ့အတြက္ မန္စီးတီးရဲ႕ သမိုင္းဝင္ ဖလား ၄လုံး အိပ္မက္ကေတာ့ အဆုံးသတ္သြားခဲ့ပါၿပီ။
ဒီပြဲမွာ မန္စီးတီးနည္းျပ ဂြာဒီယိုလာဟာ ပြဲထြက္လူစာရင္းမွာ ကစားသမား ၈ဦးအထိ အေျပာင္းအလဲလုပ္ခဲ့ၿပီး ဂိုးသမားေနရာမွာ အရန္ဂိုးသမား စတီဖင္ တာဝန္ယူခဲ့ပါတယ္။ ခ်ဲလ္ဆီးကေတာ့ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ဂိုးေတြသြင္းထားတဲ့ ေအဗရာဟမ္ကို ခ်န္ခဲ့တာကလြဲၿပီး တီမိုဝါနာ၊ ေမဆန္ေမာင့္၊ ဇီယက္ခ်္တို႔နဲ႔ ရင္ဆိုင္ခဲ့ပါတယ္။

ဒီပြဲမွာ ခ်ဲလ္ဆီးအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို ဇီယက္ခ်္က ပြဲခ်ိန္ ၅၅မိနစ္မွာ သြင္းယူေပးခဲ့တာပါ။ အႏိုင္ဂိုးရွင္ ဇီယက္ခ်္နဲ႔ ပတ္သတ္ၿပီး နည္းျပတူခ်ယ္က ” ဒီေန႔ပြဲမွာ ဇီယက္ခ်္ဟာ အေကာင္းဆုံးကစားသြားႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အႏိုင္ရလဒ္နဲ႔လည္း ထိုက္တန္တဲ့ အသင္းပါ။ ကြၽန္ေတာ့္ရဲ႕ လူေ႐ြးခ်ယ္မႈေတြမွာ ဘယ္တုန္းကမွ ပုဂၢိဳလ္ေရးေတြ မပါခဲပါဘူး။
ဇီယက္ခ်္ဆိုရင္ ကြင္းထဲကို သူဝင္ကစားရၿပီဆိုတာနဲ႔ အၿမဲတမ္း ႀကိဳးစားကစားေတာ့တာပဲ။ ထရိန္နင္မွာလည္း သူ႔ကို ေစာင့္ၾကည့္ျဖစ္ပါတယ္။ ကစားသမားတစ္ေယာက္အေနနဲ႔ ကစားရတဲ့အခ်ိန္မွာ ၁၀၀% ပုံစံေကာင္းျပႏိုင္မွ ျဖစ္မွာပါ” လို႔ ေျပာၾကားသြားခဲ့ပါတယ္။

တဆက္တည္းမွာပဲ တူခ်ယ္က အသင္းရဲ႕ ေရွ႕ဆက္ရမယ့္ အေနအထားနဲ႔ ပတ္သတ္ၿပီး ” ဂြာဒီယိုလာလို ဘာစီလိုနာနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို အသင္းေတြမွာ အေကာင္းဆုံးနည္းျပခဲ့တဲ့ သူတစ္ေယာက္နဲ႔ ရင္ဆိုင္ရတဲ့ပြဲမ်ိဳးမွာ အေကာင္းဆုံး ရင္ဆိုင္ႏိုင္ဖို႔ လိုပါတယ္။ အခုက ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲ ေရာက္သြားပါၿပီ။ ခ်န္ပီယံလိဂ္မွာလည္း ဆီမီးဖိုင္နယ္ ေရာက္ေနၿပီ။ အမ်ားႀကီး ဆက္ေတြးမေနနဲဘဲ တစ္ပြဲခ်င္းစီကို အေကာင္းဆုံး ေက်ာ္ျဖတ္ႏိုင္ဖို႔ႀကိဳးစားရမွာပါ” လို႔ ဆိုခဲ့ပါတယ္။

ဒီပြဲအၿပီးမွာ မန္စီးတီးအေနနဲ႔ အက္ဖ္ေအဖလားၿပိဳင္ပြဲအေပၚ ေလးစားမႈမရွိဘဲ ယွဥ္ၿပိဳင္ခဲ့တယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို နည္းျပ ၈ြာဒီယိုလာက ျငင္းပယ္သြားခဲ့ၿပီး အခုလို အေရးႀကီးေနတဲ့ ၿပိဳင္ပြဲကာလမ်ိဳးမွာ ကစားသမားေတြကို အလွည့္က်ပြဲထုတ္ရမွာျဖစ္တယ္လို႔ ကာကြယ္ေျပာၾကားသြားပါတယ္။ မန္စီးတီးအတြက္ နစ္နာေစခဲ့တာကေတာ့ ဖလားတစ္လုံး လက္လႊတ္လိုက္ရတဲ့အျပင္ အားထားရတဲ့ ကြင္းလယ္တိုက္စစ္ကစားသမား ဒီဘ႐ူနီတစ္ေယာက္ ေျခခ်င္းဝတ္ဒဏ္ရာရသြားတာပါပဲ။