
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ပရီးမီးယားလိဂ် ချန်ပီယံ မန် စီးတီးအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဝတ်ဆင် ကစားသွားမယ့် တတိယမြောက် အဝေးကွင်းဝတ်စုံကို တရားဝင် ထုတ်ဖော် ပြသသွားခဲ့ပါတယ်။
အနက်ရောင်ကို အခြေခံထားပြီး အသင်းရဲ့ Logoတွေကို ထည့်သွင်းထားကာ အသင်းရဲ့နာမည် ၊ PUMA တံဆိပ် ၊ အဓိက Sponsor Etihad Airways တို့ကို ရင်ဘတ်နေရာမှာ ထည့်ထားတာကြောင့် ဒီဇိုင်းပိုင်းမှာတော့ အတော်လေးကို ကြည့်ရဆိုးနေပါတယ်။
မန်စီးတီးရဲ့ အဆိုအရ တတိယဝတ်စုံဟာ အစဉ်တစ်စိုက် ဝတ်ဆင်လာတဲ့ ဘောလုံးဝတ်စုံကို တစ်မျိုးချဉ်းကပ်ထားတာ ဖြစ်ပြီး ယခင်က အစဉ်အလာနဲ့ ကွဲပြားနေတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ပူးမားက ဒီဇိုင်းလုပ်ထားတဲ့ အဆိုပါ ဝတ်စုံကိုတော့ လူမှုကွန်ရက်မှာ ပရိသတ်တွေက အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက”အဲဒါဟာ Primakက အပေါ်ဝတ် ဝတ်စုံနဲ့ တူနေတယ်”လို့ ဆိုပြီး နောက်တစ်ဦးကတော့ “ဆိုးရွားပြီး လေ့ကျင့်ခန်းဆင်းတဲ့ ဝတ်စုံ”လို့ သတ်မှတ်ခဲ့ပါတယ်။
နောက်တစ်ယောက်က “ဒီဂျာစီက ငါမြင်ဖူးသမျှထဲမှာ အဆိုးဆုံး ဖြစ်မယ်”လို့ ရေးခဲ့ပါတယ်။
အခြားပရိသတ်တစ်ဦးကလည်း “မြင်ဖူးသမျှထဲမှာအဆိုးရွားဆုံးပါပဲ။
အိမ်ကွင်းဝတ်စုံရောအဝေးကွင်းဝတ်စုံရောကောင်းကြပါတယ်။
ဒီတတိယဝတ်စုံကိုဘယ်တော့မှမသုံးလာဖို့မျှော်လင့်ပါတယ်”လို့ရေးသားပါတယ်။
နောက်တစ်ယောက်က “ဒါကြီးက ဘာကြီးလဲ။ ဒါက FIFA esport သမားတွေ ဝတ်တဲ့ ဝတ်စုံလို ဖြစ်နေတယ်”လို့ ဆိုပါတယ်။
နောက်တစ်ဦးကလည်း “ဒီဟာကြီးအတွက် ပုံမှန်ဝတ်စုံဈေးကို ဘာမှပေးစရာမလိုဘူး”လို့ ဆိုခဲ့ပါတယ်။
မန်စီးတီးရဲ့ တတိယဝတ်စုံကို တရားဝင်ဝက်ဘ်ဆိုက်မှာ အပေါ်ဝတ်စုံ ပေါင် ၇၀၊ ဘောင်းဘီက ၃၅ပေါင် သတ်မှတ်ကာ ရောင်းချနေခဲ့ပါတယ်။
အဆိုပါ တတိယဝတ်စုံကို ပူးမား စတိုးဆိုင်တွေ၊ အီတီဟတ်ကွင်းက စတိုးဆိုင်နဲ့ အခြားလက်ခွဲဆိုင်တွေမှာ ယနေ့ကစပြီး ရောင်းမယ်လို့ မန်စီးတီးက ကြေညာထားပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မန္စီးတီးရဲ႕ တတိယေျမာက္ အေဝးကြင္းဝတ္စုံဒီဇိုင္းကို ပရိသတ္ေတြ မေက်နပ္ ေဒါသထြက္ေနၾက
ပရီးမီးယားလိဂ္ ခ်န္ပီယံ မန္ စီးတီးအသင္းဟာ ၂၀၂၁-၂၀၂၂ ေဘာလုံးရာသီမွာ ဝတ္ဆင္ ကစားသြားမယ့္ တတိယေျမာက္ အေဝးကြင္းဝတ္စုံကို တရားဝင္ ထုတ္ေဖာ္ ျပသသြားခဲ့ပါတယ္။
အနက္ေရာင္ကို အေျခခံထားၿပီး အသင္းရဲ႕ Logoေတြကို ထည့္သြင္းထားကာ အသင္းရဲ႕နာမည္ ၊ PUMA တံဆိပ္ ၊ အဓိက Sponsor Etihad Airways တို႔ကို ရင္ဘတ္ေနရာမွာ ထည့္ထားတာေၾကာင့္ ဒီဇိုင္းပိုင္းမွာေတာ့ အေတာ္ေလးကို ၾကည့္ရဆိုးေနပါတယ္။
မန္စီးတီးရဲ႕ အဆိုအရ တတိယဝတ္စုံဟာ အစဥ္တစ္စိုက္ ဝတ္ဆင္လာတဲ့ ေဘာလုံးဝတ္စုံကို တစ္မ်ိဳးခ်ဥ္းကပ္ထားတာ ျဖစ္ၿပီး ယခင္က အစဥ္အလာနဲ႔ ကြဲျပားေနတယ္လို႔ ေျပာပါတယ္။
ဒါေပမယ့္ ပူးမားက ဒီဇိုင္းလုပ္ထားတဲ့ အဆိုပါ ဝတ္စုံကိုေတာ့ လူမႈကြန္ရက္မွာ ပရိသတ္ေတြက အႀကီးအက်ယ္ ေဝဖန္ခဲ့ၾကပါတယ္။ ပရိသတ္တစ္ဦးက”အဲ ဒါဟာ Primakက အေပၚဝတ္ ဝတ္စုံနဲ႔ တူေနတယ္”လို႔ ဆိုၿပီး ေနာက္တစ္ဦးကေတာ့ “ဆိုး႐ြားၿပီး ေလ့က်င့္ခန္းဆင္းတဲ့ ဝတ္စုံ”လို႔ သတ္မွတ္ခဲ့ပါတယ္။ ေနာက္တစ္ေယာက္က “ဒီဂ်ာစီက ငါျမင္ဖူးသမွ်ထဲမွာ အဆိုးဆုံး ျဖစ္မယ္”လို႔ ေရးခဲ့ပါတယ္။
အျခားပရိသတ္တစ္ဦးကလည္း “ျမင္ဖူးသမွ်ထဲမွာအဆိုး႐ြားဆုံးပါပဲ။အိမ္ကြင္းဝတ္စုံေရာအေဝးကြင္းဝတ္စုံေရာေကာင္းၾကပါတယ္။ဒီတတိယ၀တ္စုံကိုဘယ္ေတာ့မွမသုံးလာဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေရးသားပါတယ္။
ေနာက္တစ္ေယာက္က “ဒါႀကီးက ဘာႀကီးလဲ။ ဒါက FIFA esport သမားေတြ ဝတ္တဲ့ ဝတ္စုံလို ျဖစ္ေနတယ္”လို႔ ဆိုပါတယ္။ ေနာက္တစ္ဦးကလည္း “ဒီဟာႀကီးအတြက္ ပုံမွန္ဝတ္စုံေဈးကို ဘာမွေပးစရာမလိုဘူး”လို႔ ဆိုခဲ့ပါတယ္။
မန္စီးတီးရဲ႕ တတိယဝတ္စုံကို တရားဝင္ဝက္ဘ္ဆိုက္မွာ အေပၚဝတ္စုံ ေပါင္ ၇၀၊ ေဘာင္းဘီက ၃၅ေပါင္ သတ္မွတ္ကာ ေရာင္းခ်ေနခဲ့ပါတယ္။ အဆိုပါ တတိယဝတ္စုံကို ပူးမား စတိုးဆိုင္ေတြ၊ အီတီဟတ္ကြင္းက စတိုးဆိုင္နဲ႔ အျခားလက္ခြဲဆိုင္ေတြမွာ ယေန႔ကစၿပီး ေရာင္းမယ္လို႔ မန္စီးတီးက ေၾကညာထားပါတယ္။