မန်စီးတီးရဲ့နိုင်ပွဲဆက်စံချိန်ကို လိုက်မီသွားမှုအပေါ် မယုံကြည်နိုင်ဖြစ်နေတဲ့ ကလော့ပ်

photo-express

photo-reuters

သူတို့ရဲ့နောက်ဆုံးနိုင်ပွဲက စံချိန်မှတ်တမ်းတွေထဲ ဝင်သွားမှုနဲ့အတူ လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာ သမိုင်းသစ်ရေးနိုင်နေတဲ့ သူ့အသင်းကို ချီးကျူးပြောကြားမှု ပြုလုပ်လိုက်ပါတယ်။ လီဗာပူးဟာ တနင်္လာညပရီးမီးယားလိဂ်မှာ ဧည့်သည်ဝက်စ်ဟမ်းကို ၁-၂ နဲ့ ရှုံးနေရာကနေ ၃-၂ နဲ့ အနိုင်ရအောင် နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ သူတို့အနေနဲ့ ဒီရာသီပရီးမီးယားလိဂ် ၂၇ ပွဲမှာ ၂၆ ပွဲအနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

photo-gettyimages

ဒီနိုင်ပွဲကြောင့်လည်း လီဗာပူးဟာ အင်္ဂလိပ်ဘောလုံးလိဂ်ရဲ့စံချိန်ဖြစ်တဲ့ ၂၀၁၇ က မန်စီးတီးရဲ့ပရီးမီးယားလိဂ် ၁၈ ပွဲဆက်အနိုင်စံချိန်ကို လိုက်မီသွားပါတယ်။ ဒါ့အပြင် လီဗာပူးဟာ သူတို့ရဲ့ကိုယ်ပိုင်စံချိန်တစ်ခုကိုလည်း လိုက်မီခဲ့ပါတယ်။ ၁၉၇၂ ရဲ့ဇန်နဝါရီနဲ့ဒီဇင်ဘာအတွင်းမှာ အိမ်ကွင်း ၂၁ ပွဲဆက်အနိုင်ရခဲ့တာဖြစ်ပြီး အဲဒါကို လိုက်မီခဲ့တာပါ။ ဒီနှုန်းအတိုင်းဆိုရင် လီဗာပူးဟာ မတ်လ ၂၀ ရက်နေ့ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပါလိမ့်မယ်။

photo-reuters

”မန်စီးတီးစံချိန်ကို ချိုးနိုင်မယ် ဒါမှမဟုတ် လိုက်မီနိုင်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးပါဘူး။ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါပြီ။ ရိုးရိုးသားသားပြောရရင် အဲဒါဖြစ်သွားခဲ့မယ်လို့ ကျွန်တော် မယုံကြည်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုရာသီက ကျွန်တော်တို့အားလုံးရဲ့ကြိုးပမ်းအားထုတ်မှုတစ်ခုပါ။ ဒါပေမဲ့ ဒါဟာ အရမ်းကိုထူးရှယ်ဆိုတာ မှန်ပါတယ်။ ဒီကိန်းဂဏန်းတွေဟာ အရမ်းကိုထူးရှယ်ဆိုတာ ကျွန်တော်တို့အားလုံးလည်း သိကြပါတယ်။ အခုကနေစပြီး နောက်ထပ်စံချိန်မှတ်တမ်းတွေ ရေးထိုးချင်ပါတယ်။ ကစားသမားတွေကလည်း ဒါကို ပြင်းပြင်းထန်ထန်နဲ့ လုပ်နေကြတာပါ။ ဒါပေမဲ့ အဆုံးထိတိုက်ပွဲဝင်ဖို့ ကျွန်တော်တို့အဆင်ဆင့်ဖြစ်နေရမှာပါ။ အခု လာမယ့်စနေကစားမယ့် ဝက်ဖို့ဒ်နဲ့ပွဲအတွက် ကျွန်တော်တို့ပြင်ဆင်မှာပါ”လို့ ကလော့ပ်က ပြောသွားခဲ့တာပါ။

[Zawgyi]

မန္စီးတီးရဲ႕ႏိုင္ပဲြဆက္စံခ်ိန္ကုိ လိုက္မီသြားမႈအေပၚ မယုံၾကည္ႏိုင္ျဖစ္ေနတဲ့ ကေလာ့ပ္

သူတုိ႔ရဲ႕ေနာက္ဆုံးႏိုင္ပြဲက စံခ်ိန္မွတ္တမ္းေတြထဲ ၀င္သြားမႈနဲ႔အတူ လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာ သမိုင္းသစ္ေရးႏိုင္ေနတဲ့ သူ႔အသင္းကို ခ်ီးက်ဴးေျပာၾကားမႈ ျပဳလုပ္လိုက္ပါတယ္။ လီဗာပူးဟာ တနလၤာညပရီးမီးယားလိဂ္မွာ ဧည့္သည္၀က္စ္ဟမ္းကို ၁-၂ န႔ဲ ရႈံးေနရာကေန ၃-၂ နဲ႔ အႏိုင္ရေအာင္ ေနာက္ကေန လိုက္ကစားခဲ့ရတာပါ။ သူတို႔အေနနဲ႔ ဒီရာသီပရီးမီးယားလိဂ္ ၂၇ ပြဲမွာ ၂၆ ပြဲအႏုိင္ရခဲ့တာလည္း ျဖစ္ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္လည္း လီဗာပူးဟာ အဂၤလိပ္ေဘာလုံးလိဂ္ရဲ႕စံခ်ိန္ျဖစ္တဲ့ ၂၀၁၇ က မန္စီးတီးရဲ႕ပရီးမီးယားလိဂ္ ၁၈ ပြဲဆက္အႏိုင္စံခ်ိန္ကို လိုက္မီသြားပါတယ္။ ဒါ့အျပင္ လီဗာပူးဟာ သူတုိ႔ရဲ႕ကိုယ္ပိုင္စံခ်ိန္တစ္ခုကိုလည္း လိုက္မီခဲ့ပါတယ္။ ၁၉၇၂ ရဲ႕ဇန္န၀ါရီနဲ႔ဒီဇင္ဘာအတြင္းမွာ အိမ္ကြင္း ၂၁ ပြဲဆက္အႏိုင္ရခဲ့တာျဖစ္ၿပီး အဲဒါကို လိုက္မီခဲ့တာပါ။ ဒီႏႈန္းအတိုင္းဆိုရင္ လီဗာပူးဟာ မတ္လ ၂၀ ရက္ေန႔ကစားမယ့္ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ပါလိမ့္မယ္။

”မန္စီးတီးစံခ်ိန္ကို ခ်ိဳးႏိုင္မယ္ ဒါမွမဟုတ္ လုိက္မီႏိုင္မယ္လို႔ ကၽြန္ေတာ္ တစ္ခါမွ မေတြးခဲ့ဖူးပါဘူး။ ကၽြန္ေတာ္တို႔ လုပ္ႏိုင္ခဲ့ပါၿပီ။ ရိုးရိုးသားသားေျပာရရင္ အဲဒါျဖစ္သြားခဲ့မယ္လို႔ ကၽြန္ေတာ္ မယုံၾကည္ႏိုင္ပါဘူး။ ဘာပဲျဖစ္ျဖစ္ အခုရာသီက ကၽြန္ေတာ္တို႔အားလုံးရဲ႕ႀကိဳးပမ္းအားထုတ္မႈတစ္ခုပါ။ ဒါေပမဲ့ ဒါဟာ အရမ္းကိုထူးရွယ္ဆုိတာ မွန္ပါတယ္။ ဒီကိန္းဂဏန္းေတြဟာ အရမ္းကိုထူးရွယ္ဆိုတာ ကၽြန္ေတာ္တို႔အားလုံးလည္း သိၾကပါတယ္။ အခုကေနစၿပီး ေနာက္ထပ္စံခ်ိန္မွတ္တမ္းေတြ ေရးထိုးခ်င္ပါတယ္။ ကစားသမားေတြကလည္း ဒါကို ျပင္းျပင္းထန္ထန္နဲ႔ လုပ္ေနၾကတာပါ။ ဒါေပမဲ့ အဆုံးထိတိုက္ပြဲ၀င္ဖုိ႔ ကၽြန္ေတာ္တို႔အဆင္ဆင့္ျဖစ္ေနရမွာပါ။ အခု လာမယ့္စေနကစားမယ့္ ၀က္ဖုိ႔ဒ္နဲ႔ပြဲအတြက္ ကၽြန္ေတာ္တို႔ျပင္ဆင္မွာပါ”လုိ႔ ကေလာ့ပ္က ေျပာသြားခဲ့တာပါ။