မန်စီးတီးမှာပဲ ကစားသမားဘဝ အဆုံးသတ်ချင်တဲ့ မာရက်ဇ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးတောင်ပံကစားသမား မာရက်ဇ်ကတော့ သူဟာ မန်စီးတီးအသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက်(၃၀)အရွယ်ရှိ အယ်ဂျီးရီးယားလက်ရွေးစင် တောင်ပံကစားသမား မာရက်ဇ်ဟာ ၂၀၁၈ခုနှစ်ကမှ လက်စတာအသင်းကနေ မန်စီးတီးအသင်းဆီကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။

မာရက်ဇ်ဟာ ဒီနှစ်ရာသီ အမှတ်ပေးဖလားကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ဦးဖြစ်သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုလည်း ယှဉ်ပြိုင်ရဦးမှာပဲဖြစ်ပါတယ်။

မာရက်ဇ်ဟာ လာမယ့် ၂၀၂၃ခုနှစ်မှ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပေမယ့် ထုံးစံအတိုင်း သူနဲ့ ပတ်သက်ပြီး အပြောင်းအရွှေ့ ကောလာဟလတချို့ထွက်ထားတာဖြစ်ပါတယ်။

မာရက်ဇ်က “ကျွန်တော့်ရဲ့ အနာဂတ်လား။ အခုချိန်ထိတော့ မသိသေးပါဘူး။

ဒါပေမယ့် မန်စီးတီးအသင်းမှာ ကစားနေရတာ ခံစားချက်ကောင်းတယ်။ တခြားနေရာကို သွားဖို့တော့ စိတ်ကူးမရှိသေးဘူး။”

“အခြေအနေတွေက ဘယ်လိုဆက်ပြီးဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိသေးပါဘူး။

ဒါပေမယ့် ကျွန်တော် စီးတီးမှာ ပျော်ရွှင်နေတယ်။ ဒီနေရာကသာ ကျွန်တော်အနေချင်ဆုံး နေရာတစ်ခု ဖြစ်နေတယ်။”

“ကျွန်တော့်ကစားသမားဘဝကို အင်္ဂလန်နိုင်ငံနဲ့ မန်စီးတီးအသင်းမှာပဲ ကုန်ဆုံးသွားချင်တာပါ။

ဒါကြောင့်လည်း ကျွန်တော် တခြားအရာတွေကို ဘာမှမစဉ်းစားပဲ ကျွန်တော့်အသင်းအတွက် စဉ်းစားနေရတာပါ” လို့ ပြောထားပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးမွာပဲ ကစားသမားဘဝ အဆုံးသတ္ခ်င္တဲ့ မာရက္ဇ္

မန္စီးတီးေတာင္ပံကစားသမား မာရက္ဇ္ကေတာ့ သူဟာ မန္စီးတီးအသင္းမွာပဲ ကစားသမားဘဝ ကုန္ဆုံးခ်င္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အသက္(၃၀)အ႐ြယ္ရွိ အယ္ဂ်ီးရီးယားလက္ေ႐ြးစင္ ေတာင္ပံကစားသမား မာရက္ဇ္ဟာ ၂၀၁၈ခုႏွစ္ကမွ လက္စတာအသင္းကေန မန္စီးတီးအသင္းဆီကို ေရာက္ရွိလာခဲ့သူျဖစ္ပါတယ္။

မာရက္ဇ္ဟာ ဒီႏွစ္ရာသီ အမွတ္ေပးဖလားကို ပိုင္ဆိုင္ထားတဲ့ ကစားသမားတစ္ဦးျဖစ္သလို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကိုလည္း ယွဥ္ၿပိဳင္ရဦးမွာပဲျဖစ္ပါတယ္။

မာရက္ဇ္ဟာ လာမယ့္ ၂၀၂၃ခုႏွစ္မွ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ေပမယ့္ ထုံးစံအတိုင္း သူနဲ႔ ပတ္သက္ၿပီး အေျပာင္းအေ႐ႊ႕ ေကာလာဟလတခ်ိဳ႕ထြက္ထားတာျဖစ္ပါတယ္။

မာရက္ဇ္က “ကြၽန္ေတာ့္ရဲ႕ အနာဂတ္လား။ အခုခ်ိန္ထိေတာ့ မသိေသးပါဘူး။ ဒါေပမယ့္ မန္စီးတီးအသင္းမွာ ကစားေနရတာ ခံစားခ်က္ေကာင္းတယ္။ တျခားေနရာကို သြားဖို႔ေတာ့ စိတ္ကူးမရွိေသးဘူး။”

“အေျခအေနေတြက ဘယ္လိုဆက္ၿပီးျဖစ္လာမလဲဆိုတာကိုေတာ့ ကြၽန္ေတာ္လည္း မသိေသးပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ စီးတီးမွာ ေပ်ာ္႐ႊင္ေနတယ္။ ဒီေနရာကသာ ကြၽန္ေတာ္အေနခ်င္ဆုံး ေနရာတစ္ခု ျဖစ္ေနတယ္။”

“ကြၽန္ေတာ့္ကစားသမားဘဝကို အဂၤလန္ႏိုင္ငံနဲ႔ မန္စီးတီးအသင္းမွာပဲ ကုန္ဆုံးသြားခ်င္တာပါ။ ဒါေၾကာင့္လည္း ကြၽန္ေတာ္ တျခားအရာေတြကို ဘာမွမစဥ္းစားပဲ ကြၽန္ေတာ့္အသင္းအတြက္ စဥ္းစားေနရတာပါ” လို႔ ​ေျပာထားပါတယ္။