မန်စီးတီးဖလားရယူသွားနိုင်ကြောင်း လီဗာပူးနည်းပြဝန်ခံ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းဟာ မနေ့တုန်းကတော့ ရှက်ဖီးယူနိုက်တက် အသင်းကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ မန်စီးတီးဖလားရနိုင်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က အခုလိုပြောဆိုလာပါတယ်။

“ ဒီနှစ်မှာ အသင်းတွေ အများကြီးက ချန်ပီယံလမ်းကြောင်းပေါ်မှာ တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်လို့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ရာသီလို့ ပြောလို့ ရပါတယ်။ မန်စီးတီး အသင်းကတော့ အမှတ်ပေးဖလားကို ရယူတော့မယ် ထင်ပါတယ်။ သူတို့ အသင်းက အခုလက်ရှိမှာ အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်ထားသလို ၊ တစ်ပွဲ ကစားဖို့လည်း ကျန် ရှိနေပါသေးတယ်”

“ကျွန်တော့်အမြင်ကတော့ ဒီရာသီမှာ ဝက်စ်ဟမ်း နဲ့ လက်စတာ က လွဲရင် ကျန်တဲ့ အသင်းတွေ အားလုံး အတက်အကျတွေ နဲ့ ဖြတ်သန်းနေရပါတယ်။အသင်းအများအပြားက ကြည့်ကောင်းလာခဲ့ပေမယ့် အကြောင်းပြချက်အမျိုးမျိုးအတွက် အတက်အကျတွေရှိနေပါတယ်။”

“ချန်ပီယံဘယ်သူဖြစ်မလဲဆိုတာအတိအကျတော့ ကျွန်တော်မသိပါဘူး။ကျွန်တော်တို့ အသင်း ချန်ပီယံမဖြစ်နိုင်တော့ဘူးဆိုတဲ့ သတင်းကတော့ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ကျွန်တော်တို့အတွက်ကတော့ဒဏ်ရာ ပြဿနာတွေ မကြုံရဖို့ အတွက်လည်းလိုပါသေးတယ်။ ပွဲဆက် များနေတဲ့ အနေအထားမှာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ ပွဲတွေ ကစားရတာ တကယ် မလွယ်ပါဘူး” လို့ နည်းပြကလော့ပ်ကပြောဆိုပါတယ်။

လီဗာပူး နဲ့ မန်စီးတီး အသင်းတို့ဟာ လာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ လက်ရှိချန်ပီယံဖြစ်ပေမယ့် ခံစစ်ကစားသမားတွေ ရဲ့ ‌ဒဏ်ရာပြဿနာကြောင့် ရလဒ်ပိုင်းတွေဆိုးရွားခဲ့ပေမယ့် ကြားရက်က ကစားခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်းကို အနိုင်ရပြီး ရလဒ်ကောင်းပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဒီနေ့ည ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ လီဗာပူးရဲ့ ခြေစွမ်းကိုကြည့်ရပါအုံးမယ်။ ထိပ်သီးအသင်းတွေထဲမှာ အစောပိုင်းတုန်းက ယူနိုက်တက်က ဖလားရဖို့နာမည်ကြီးခဲ့ပေမယ့် အခုအခါမှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးက နာမည်ကြီးလာခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးအသင္းဟာ မေန႔တုန္းကေတာ့ ရွက္ဖီးယူႏိုက္တက္ အသင္းကို အႏိုင္ရၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ႏိုင္ပြဲဆက္ေနၿပီး အမွတ္ေပးဇယား ထိပ္ဆုံးေနရာမွာ ဆက္လက္ရပ္တည္ေနပါတယ္။ မန္စီးတီးဖလားရႏိုင္ေၾကာင္း လီဗာပူးနည္းျပ ကေလာ့ပ္က အခုလိုေျပာဆိုလာပါတယ္။

“ ဒီႏွစ္မွာ အသင္းေတြ အမ်ားႀကီးက ခ်န္ပီယံလမ္းေၾကာင္းေပၚမွာ တက္လွမ္းထားႏိုင္ခဲ့တာ ျဖစ္လို႔ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး ရာသီလို႔ ေျပာလို႔ ရပါတယ္။ မန္စီးတီး အသင္းကေတာ့ အမွတ္ေပးဖလားကို ရယူေတာ့မယ္ ထင္ပါတယ္။ သူတို႔ အသင္းက အခုလက္ရွိမွာ အမွတ္ေပးဇယား ထိပ္ဆုံးကို ဦးေဆာင္ထားသလို ၊ တစ္ပြဲ ကစားဖို႔လည္း က်န္ ရွိေနပါေသးတယ္”

“ကြၽန္ေတာ့္အျမင္ကေတာ့ ဒီရာသီမွာ ဝက္စ္ဟမ္း နဲ႔ လက္စတာ က လြဲရင္ က်န္တဲ့ အသင္းေတြ အားလုံး အတက္အက်ေတြ နဲ႔ ျဖတ္သန္းေနရပါတယ္။အသင္းအမ်ားအျပားက ၾကည့္ေကာင္းလာခဲ့ေပမယ့္ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးအတြက္ အတက္အက်ေတြရွိေနပါတယ္။”

“ခ်န္ပီယံဘယ္သူျဖစ္မလဲဆိုတာအတိအက်ေတာ့ ကြၽန္ေတာ္မသိပါဘူး။ကြၽန္ေတာ္တို႔ အသင္း ခ်န္ပီယံမျဖစ္ႏိုင္ေတာ့ဘူးဆိုတဲ့ သတင္းကေတာ့ တကယ္ကို စိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။ကြၽန္ေတာ္တို႔အတြက္ကေတာ့ဒဏ္ရာ ျပႆနာေတြ မႀကဳံရဖို႔ အတြက္လည္းလိုပါေသးတယ္။ ပြဲဆက္ မ်ားေနတဲ့ အေနအထားမွာ ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းတဲ့ ပြဲေတြ ကစားရတာ တကယ္ မလြယ္ပါဘူး” လို႔ နည္းျပကေလာ့ပ္ကေျပာဆိုပါတယ္။

လီဗာပူး နဲ႔ မန္စီးတီး အသင္းတို႔ဟာ လာမယ့္အပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။လီဗာပူး အသင္းဟာ လက္ရွိခ်န္ပီယံျဖစ္ေပမယ့္ ခံစစ္ကစားသမားေတြ ရဲ႕ ‌ဒဏ္ရာျပႆနာေၾကာင့္ ရလဒ္ပိုင္းေတြဆိုး႐ြားခဲ့ေပမယ့္ ၾကားရက္က ကစားခဲ့တဲ့ ပြဲစဥ္မွာ စပါးအသင္းကို အႏိုင္ရၿပီး ရလဒ္ေကာင္းျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ဒီေန႔ည ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္မွာ လီဗာပူးရဲ႕ ေျခစြမ္းကိုၾကည့္ရပါအုံးမယ္။ ထိပ္သီးအသင္းေတြထဲမွာ အေစာပိုင္းတုန္းက ယူႏိုက္တက္က ဖလားရဖို႔နာမည္ႀကီးခဲ့ေပမယ့္ အခုအခါမွာေတာ့ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးက နာမည္ႀကီးလာခဲ့တာပါ။