မန်စီးတီးနှင့်ပွဲကို ၆မှတ်တန်ပွဲအဖြစ် လီဗာပူးတိုက်စစ်မှူး ဖာမီနို တန်ဖိုးကြီးစွာသတ်မှတ်

Photo Credit

Photo Credit

လီဗာပူးအသင်းတိုက်စစ်မှူး ရောဘတ်တိုဖာမီနိုက တနင်္ဂနွေနေ့တွင် ကစားရမည့် မန်စီးတီးနှင့်ပွဲမှာ ၆မှတ်တန်ပွဲဖြစ်ကြောင်း ပြောကြားလိုက်ပြီး အိမ်ရှင်လီဗာပူးအသင်းမှာ အမှတ်ပေးဇယားထိပ်ဆုံးမှ အမှတ်ကွာဟချက်မြင့်မားစွာဖြင့် ဆက်လက်ဦးဆောင်နိုင်ရေးအတွက် ကြိုးစားပြင်ဆင်လျက်ရှိသည်။

Photo Credit

ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှ အသင်းနှစ်သင်းမှာ စူပါဆန်းဒေးပွဲစဉ်အဖြစ် ယခုရာသီအတွင်း ပထမဆုံးအကြိမ် ရင်ဆိုင်ရတော့မည်ဖြစ်ပြီး လက်ရှိအချိန်တွင် လီဗာပူးက ၂နှစ်ဆက်ချန်ပီယံ စီးတီးကို ၆ မှတ်အထိ ဖြတ်ထားနိုင်သည်။ လီဗာပူးက ပရီးမီးယားလိဂ်ပွဲစဉ် ၁၁အပြီး ၁၀ပွဲနိုင်၊ ၁ပွဲသရေကျထားပြီး ယခုအချိန်ထိ လိဂ်၂၈ပွဲဆက်ရှုံးပွဲမရှိစံချိန်တင်ထားသည်။

Photo Credit

စီးတီးက ယခုရာသီတွင် လိဂ် ၂ပွဲအထိအရေးနိမ့်ထားပြီးဖြစ်သော်လည်း ယခုနောက်ပိုင်း တိုက်စစ်အစွမ်းပြသနေရာ အန်ဖီးလ်ကွင်းတွင် ရလဒ်ဆိုးရွားလေ့ရှိသည့်မှတ်တမ်းဆိုးကို အဆုံးသတ်ရန် ရည်မှန်းလျက်ရှိသည်။ စီးတီးသည် အန်ဖီးလ်တွင် နောက်ဆုံးကစားခဲ့သည့် ၁၆ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေသော်လည်း ယမန်နှစ်ရာသီက ဂိုးမရှိသရေကစားနိုင်ခဲ့ပြီး မာရက်ဇ်၏နောက်ကျပင်နယ်တီ မဝင်ခဲ့၍သာ အနိုင်မရခဲ့ခြင်းဖြစ်သည်။

Photo Credit

ဖာမီနိုက ”ဒီပွဲကအရေးပါတဲ့ပွဲဖြစ်ပြီး တခြားပွဲတွေနဲ့အတူတူပါပဲ။ ထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်နေတဲ့အသင်းတွေရဲ့အားပြိုင်မှုဖြစ်လို့ ဒီပွဲက ပိုပြီးတော့ ထူးခြားပါတယ်။ ပြီးတော့ ပိုပြီးဂရုတစိုက်နဲ့ကစားဖို့ လိုအပ်နေပါတယ်။ သူတို့က အသင်းကြီးဖြစ်သလို သူတို့အကြောင်း ကောင်းကောင်းသိထားသလို ကျွန်တော်တို့အကြောင်းလည်း သူတို့ကောင်းကောင်းသိထားပါတယ်”

Photo Credit

”ကစားပုံကောင်းမွန်အောင် သေချာကြိုးစားရမှာဖြစ်ပြီး အနိုင်ရဖို့လည်း ကြိုးစားရမှာပါ။ အသင်းကြီးနှစ်သင်းအားပြိုင်မယ့် ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။ သူတို့ကို အခွင့်အရေးအများကြီးမပေးမိစေဖို့လည်း အရေးကြီးပါတယ်။ နောက်ပြီး ဒီပွဲက ၆မှတ်တန်ပွဲပါ။ ကျွန်တော်တို့လည်း အကောင်းဆုံးပုံစံရရှိအောင် ကြိုးစားသွားမှာဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Photo Credit

လီဗာပူးသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်တွင် ၁ပွဲသာရှုံးနိမ့်ခဲ့သော်လည်း စီးတီးထက် ၁မှတ်သာလျော့နည်းကာ ချန်ပီယံဆုနှင့်လွဲချော်ခဲ့ရပြီး ဖာမီနိုက အန်ဖီးလ်ကွင်းအတွင်းရှိ ပရိသတ်များက စီးတီးကို လက်စားပြန်ချေနိုင်ရေးအတွက် အကူအညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

Photo Credit

Zawgyi

မန္စီးတီးႏွင့္ပဲြကို ၆မွတ္တန္ပဲြအျဖစ္ လီဗာပူးတုိက္စစ္မွဴး ဖာမီႏို တန္ဖိုးႀကီးစြာသတ္မွတ္

လီဗာပူးအသင္းတုိက္စစ္မွဴး ေရာဘတ္တုိဖာမီႏိုက တနဂၤေႏြေန႔တြင္ ကစားရမည့္ မန္စီးတီးႏွင့္ပြဲမွာ ၆မွတ္တန္ပဲြျဖစ္ေၾကာင္း ေျပာၾကားလုိက္ၿပီး အိမ္ရွင္လီဗာပူးအသင္းမွာ အမွတ္ေပးဇယားထိပ္ဆုံးမွ အမွတ္ကြာဟခ်က္ျမင့္မားစြာျဖင့္ ဆက္လက္ဦးေဆာင္ႏိုင္ေရးအတြက္ ႀကိဳးစားျပင္ဆင္လ်က္ရွိသည္။
ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွ အသင္းႏွစ္သင္းမွာ စူပါဆန္းေဒးပဲြစဥ္အျဖစ္ ယခုရာသီအတြင္း ပထမဆုံးအႀကိမ္ ရင္ဆုိင္ရေတာ့မည္ျဖစ္ၿပီး လက္ရွိအခ်ိန္တြင္ လီဗာပူးက ၂ႏွစ္ဆက္ခ်န္ပီယံ စီးတီးကို ၆ မွတ္အထိ ျဖတ္ထားႏိုင္သည္။ လီဗာပူးက ပရီးမီးယားလိဂ္ပြဲစဥ္ ၁၁အၿပီး ၁၀ပဲြႏိုင္၊ ၁ပြဲသေရက်ထားၿပီး ယခုအခ်ိန္ထိ လိဂ္၂၈ပြဲဆက္႐ံႈးပြဲမရွိစံခ်ိန္တင္ထားသည္။
စီးတီးက ယခုရာသီတြင္ လိဂ္ ၂ပြဲအထိအေရးနိမ့္ထားၿပီးျဖစ္ေသာ္လည္း ယခုေနာက္ပိုင္း တုိက္စစ္အစြမ္းျပသေနရာ အန္ဖီးလ္ကြင္းတြင္ ရလဒ္ဆုိးရြားေလ့ရွိသည့္မွတ္တမ္းဆုိးကို အဆုံးသတ္ရန္ ရည္မွန္းလ်က္ရွိသည္။ စီးတီးသည္ အန္ဖီးလ္တြင္ ေနာက္ဆုံးကစားခဲ့သည့္ ၁၆ပြဲဆက္ႏိုင္ပဲြေပ်ာက္ဆုံးေနေသာ္လည္း ယမန္ႏွစ္ရာသီက ဂုိးမရွိသေရကစားႏုိင္ခဲ့ၿပီး မာရက္ဇ္၏ေနာက္က်ပင္နယ္တီ မ၀င္ခဲ့၍သာ အႏိုင္မရခဲ့ျခင္းျဖစ္သည္။
ဖာမီႏိုက ”ဒီပဲြကအေရးပါတဲ့ပဲြျဖစ္ၿပီး တျခားပြဲေတြနဲ႔အတူတူပါပဲ။ ထိပ္ဆုံးေနရာအတြက္ တုိက္ပြဲ၀င္ေနတဲ့အသင္းေတြရဲ႕အားၿပိဳင္မႈျဖစ္လုိ႔ ဒီပြဲက ပိုၿပီးေတာ့ ထူးျခားပါတယ္။ ၿပီးေတာ့ ပိုၿပီးဂ႐ုတစိုက္န႔ဲကစားဖုိ႔ လိုအပ္ေနပါတယ္။ သူတုိ႔က အသင္းႀကီးျဖစ္သလုိ သူတုိ႔အေၾကာင္း ေကာင္းေကာင္းသိထားသလုိ ကၽြန္ေတာ္တုိ႔အေၾကာင္းလည္း သူတုိ႔ေကာင္းေကာင္းသိထားပါတယ္”
”ကစားပုံေကာင္းမြန္ေအာင္ ေသခ်ာႀကိဳးစားရမွာျဖစ္ၿပီး အႏိုင္ရဖို႔လည္း ႀကိဳးစားရမွာပါ။ အသင္းႀကီးႏွစ္သင္းအားၿပိဳင္မယ့္ ပြဲႀကီးတစ္ပြဲျဖစ္ပါတယ္။ သူတုိ႔ကို အခြင့္အေရးအမ်ားႀကီးမေပးမိေစဖုိ႔လည္း အေရးႀကီးပါတယ္။ ေနာက္ၿပီး ဒီပြဲက ၆မွတ္တန္ပြဲပါ။ ကၽြန္ေတာ္တုိ႔လည္း အေကာင္းဆုံးပုံစံရရွိေအာင္ ႀကိဳးစားသြားမွာျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။
လီဗာပူးသည္ ၿပီးခဲ့သည့္ရာသီက ပရီးမီးယားလိဂ္တြင္ ၁ပြဲသာ႐ံႈးနိမ့္ခဲ့ေသာ္လည္း စီးတီးထက္ ၁မွတ္သာေလ်ာ့နည္းကာ ခ်န္ပီယံဆုႏွင့္လြဲေခ်ာ္ခဲ့ရၿပီး ဖာမီႏိုက အန္ဖီးလ္ကြင္းအတြင္းရွိ ပရိသတ္မ်ားက စီးတီးကို လက္စားျပန္ေခ်ႏိုင္ေရးအတြက္ အကူအညီေပးႏိုင္လိ္မ့္မည္ဟု ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့သည္။