မန်စီးတီးနဲ့ ၂၀၂၃ အထိရှိမယ့် စာချုပ်သစ်ချုပ်ဆိုဖို့ နည်းပြဂွါဒီယိုလာ သဘောတူညီမှုရရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ အသင်းနဲ့ ၂နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီး စာချုပ်သစ်အရ ၂၀၂၃ နွေရာာသီအထိ ရှိနေတော့မှာဖြစ်ပါတယ်။

စပိန်နိုင်ငံသား ဂွါဒီယိုလာဟာ နည်းပြဘဝတစ်လျှောက် အချိန်ကြာဆုံးကိုင်တွယ်မှုအဖြစ် စီးတီးကို ၅ရာသီမြောက် တာဝန်ယူနေတာဖြစ်ပြီး စာချုပ်သစ်အတိုင်းဆိုရင် အနည်းဆုံး (၇)ရာသီကြာတဲ့အထိ စီးတီးနည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။

စီးတီးဟာ ယခုရာသီအစမှာ ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်ခဲ့ရပြီးနောက် ဂွါဒီယိုလာနဲ့ စီးတီးတာဝန်ရှိသူတွေက နိုင်ငံတကာရက်သတ္တပတ်ကာလအတွင်း အသေအချာ အချိန်ပေးဆွေးနွေးခဲ့ကြတာဖြစ်ပြီး ဂွါဒီယိုလာလည်း ဖလား ၈လုံးရရှိထားမှုကို ထပ်တိုးလာအောင် ကြိုးစားဖို့ အချိန်ပိုရသွားခဲ့ပါတယ်။

”အသင်းကို ရောက်လာချိန်ကတည်းက ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေ၊ အသင်းတာဝန်ရှိသူတွေ၊ အသင်းဥက္ကဋ္ဌနဲ့ အသင်းပိုင်ရှင်တို့ဆီက နွေးထွေးတဲ့ကြိုဆိုမှုတွေရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့ရည်မှန်းချက်တွေကို အတူတကွပုံဖော်နိုင်ခဲ့ပြီး ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက်လည်း အရမ်းကိုဂုဏ်ယူမိပါတယ်”လို့ ဂွါဒီယိုလာက ပြောပါတယ်။

ဂွါဒီယိုလာရဲ့လက်ရှိစာချုပ်သက်တမ်းက ကုန်ဆုံးဖို့ ၇လပဲ လိုတော့သလို အရင်တုန်းက အသင်းတစ်သင်းကို အများဆုံး ၄နှစ်ပဲ ကိုင်တွယ်ခဲ့တဲ့ အစဉ်အလာရယ်၊ အသင်းရဲ့လက်ရှိရလဒ်မတည်ငြိမ်မှုတွေကြောင့် ဂွါဒီယိုလာရဲ့အနာဂတ်အပေါ် စီးတီးပရိသတ်တွေ စိုးရိမ်ခဲ့ပေမယ့် အခုတော့ အသင်းပရိသတ်တွေလည်း ကျေနပ်အားရဖြစ်သွားပါတယ်။

အသက် ၄၉ နှစ်အရွယ်ရှိ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ ၄နှစ်၊ ဘိုင်ယန်မြူးနစ်မှာ ၃ နှစ်ကြာတာဝန်ယူခဲ့ပြီး စီးတီးကို ရောက်ရှိခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပထမဆုံးရာသီအဖြစ် ဖလားလက်မဲ့ဖြစ်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။

စီးတီးနည်းပြဘ၀ ဂွါဒီယိုလာရဲ့အကြီးမားဆုံးစိန်ခေါ်မှုက အသင်းသမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ဖလားရယူနိုင်ရေးဖြစ်ပြီး ယမန်နှစ်ပြိုင်ပွဲတုန်းကလည်း ကွာတားဖိုင်နယ်မှာ လိုင်ယွန်ကို ၃-၁ ဂိုးနဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။

စီးတီးလည်း အဓိကလုပ်ဆောင်ရမယ့်အရာဖြစ်တဲ့ ဂွါဒီယိုလာကို စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ယခုအခါ နောက်ထပ်ဦးစားပေးပစ်မှတ်အဖြစ် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီကိုခေါ်ယူနိုင်ရေး ကြိုးစားလာဖွယ်ရှိနေပြီး ဇန်နဝါရီလမှာ မက်ဆီနဲ့ အကြိုသဘောတူညီစာချုပ်ချုပ်ဆိုခွင့်ရဖို့ မျှော်လင့်နေပါတယ်။

ဂွါဒီယိုလာဟာ အသင်းရဲ့ခံစစ်ပိုင်းအင်အားဖြည့်တင်းမှုတွေကို သဘောကျနေပြီး ဗဟိုခံစစ်ပိုင်းအတွက် နသန်အကီနဲ့ ရူဘင်ဒီယက်စ်တို့ကိုခေါ်ယူထားကာ ဖြစ်နိုင်ရင် ဘယ်နောက်ခံလူတစ်ဦးပါ ထပ်ခံခေါ်ယူလိုနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးနဲ႔ ၂၀၂၃ အထိရွိမယ့္ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ နည္းျပဂြါဒီယိုလာ သေဘာတူညီမႈရရွိ

မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ အသင္းနဲ႔ ၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ သေဘာတူညီမႈရရွိသြားခဲ့ၿပီး စာခ်ဳပ္သစ္အရ ၂၀၂၃ ေႏြရာာသီအထိ ရွိေနေတာ့မွာျဖစ္ပါတယ္။

စပိန္ႏိုင္ငံသား ဂြါဒီယိုလာဟာ နည္းျပဘ၀တစ္ေလွ်ာက္ အခ်ိန္ၾကာဆုံးကိုင္တြယ္မႈအျဖစ္ စီးတီးကို ၅ရာသီေျမာက္ တာ၀န္ယူေနတာျဖစ္ၿပီး စာခ်ဳပ္သစ္အတုိင္းဆုိရင္ အနည္းဆုံး (၇)ရာသီၾကာတဲ့အထိ စီးတီးနည္းျပအျဖစ္ ဆက္ရွိေနမွာျဖစ္ပါတယ္။

စီးတီးဟာ ယခုရာသီအစမွာ ရလဒ္ပိုင္းမတည္မၿငိမ္ျဖစ္ခဲ့ရၿပီးေနာက္ ဂြါဒီယိုလာနဲ႔ စီးတီးတာ၀န္ရွိသူေတြက ႏိုင္ငံတကာရက္သတၱပတ္ကာလအတြင္း အေသအခ်ာ အခ်ိန္ေပးေဆြးေႏြးခဲ့ၾကတာျဖစ္ၿပီး ဂြါဒီယိုလာလည္း ဖလား ၈လုံးရရွိထားမႈကုိ ထပ္တုိးလာေအာင္ ႀကိဳးစားဖို႔ အခ်ိန္ပိုရသြားခဲ့ပါတယ္။

”အသင္းကို ေရာက္လာခ်ိန္ကတည္းက ကစားသမားေတြ၊ ၀န္ထမ္းေတြ၊ ပရိသတ္ေတြ၊ အသင္းတာ၀န္ရွိသူေတြ၊ အသင္းဥကၠ႒နဲ႔ အသင္းပိုင္ရွင္တုိ႔ဆီက ေႏြးေထြးတဲ့ႀကိဳဆုိမႈေတြရရွိခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ဟာ ႀကီးက်ယ္တဲ့ရည္မွန္းခ်က္ေတြကို အတူတကြပုံေဖာ္ႏိုင္ခဲ့ၿပီး ရရွိခဲ့တဲ့ေအာင္ျမင္မႈေတြအတြက္လည္း အရမ္းကုိဂုဏ္ယူမိပါတယ္”လုိ႔ ဂြါဒီယိုလာက ေျပာပါတယ္။

ဂြါဒီယိုလာရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ကုန္ဆုံးဖို႔ ၇လပဲ လုိေတာ့သလုိ အရင္တုန္းက အသင္းတစ္သင္းကို အမ်ားဆုံး ၄ႏွစ္ပဲ ကိုင္တြယ္ခဲ့တဲ့ အစဥ္အလာရယ္၊ အသင္းရဲ႕လက္ရွိရလဒ္မတည္ၿငိမ္မႈေတြေၾကာင့္ ဂြါဒီယိုလာရဲ႕အနာဂတ္အေပၚ စီးတီးပရိသတ္ေတြ စုိးရိမ္ခဲ့ေပမယ့္ အခုေတာ့ အသင္းပရိသတ္ေတြလည္း ေက်နပ္အားရျဖစ္သြားပါတယ္။

အသက္ ၄၉ ႏွစ္အရြယ္ရွိ ဂြါဒီယိုလာဟာ ဘာစီလုိနာအသင္းမွာ ၄ႏွစ္၊ ဘုိင္ယန္ျမဴးနစ္မွာ ၃ ႏွစ္ၾကာတာ၀န္ယူခဲ့ၿပီး စီးတီးကို ေရာက္ရွိခဲ့တဲ့ ၂၀၁၆ ခုႏွစ္က ပထမဆုံးရာသီအျဖစ္ ဖလားလက္မဲ့ျဖစ္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ဆက္တုိက္ရရွိခဲ့ပါတယ္။

စီးတီးနည္းျပဘ၀ ဂြါဒီယိုလာရဲ႕အႀကီးမားဆုံးစိန္ေခၚမႈက အသင္းသမုိင္းတစ္ေလွ်ာက္ ပထမဆုံးခ်န္ပီယံလိဂ္ဖလားရယူႏုိင္ေရးျဖစ္ၿပီး ယမန္နွစ္ၿပိဳင္ပြဲတုန္းကလည္း ကြာတားဖုိင္နယ္မွာ လုိင္ယြန္ကို ၃-၁ ဂိုးနဲ႔အေရးနိမ့္ကာ ၿပိဳင္ပဲြကေန ထြက္ခဲ့ရပါတယ္။

စီးတီးလည္း အဓိကလုပ္ေဆာင္ရမယ့္အရာျဖစ္တဲ့ ဂြါဒီယိုလာကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိႏိုင္ခဲ့ၿပီးေနာက္ ယခုအခါ ေနာက္ထပ္ဦးစားေပးပစ္မွတ္အျဖစ္ ဘာစီလုိနာအသင္းေခါင္းေဆာင္ မက္ဆီကိုေခၚယူႏုိင္ေရး ႀကိဳးစားလာဖြယ္ရွိေနၿပီး ဇန္န၀ါရီလမွာ မက္ဆီနဲ႔ အႀကိဳသေဘာတူညီစာခ်ဳပ္ခ်ဳပ္ဆုိခြင့္ရဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ဂြါဒီယိုလာဟာ အသင္းရဲ႕ခံစစ္ပုိင္းအင္အားျဖည့္တင္းမႈေတြကို သေဘာက်ေနၿပီး ဗဟိုခံစစ္ပိုင္းအတြက္ နသန္အကီနဲ႔ ႐ူဘင္ဒီယက္စ္တုိ႔ကိုေခၚယူထားကာ ျဖစ္ႏုိင္ရင္ ဘယ္ေနာက္ခံလူတစ္ဦးပါ ထပ္ခံေခၚယူလုိေနပါတယ္။