
photo-EPA
photo-gettyimages
ပေါ်တိုကိုကိုင်တွယ်ပြီးနောက်ပိုင်း စပါးဟာ သူ့ရဲ့အခက်ခဲဆုံးအလုပ်ဆိုတာကို အရိပ်အမြွက်ဆိုခဲ့ပြီးနောက် မန်စီးတီးနဲ့ လီဗာပူးတို့ကို မနာလိုခြင်းမရှိကြောင်း နည်းပြမော်ရင်ဟိုက အခိုင်အမာပြောကြားလိုက်ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးတို့က တောင့်တင်းလှတဲ့ အရန်အင်အားပိုင်ဆိုင်ထားချိန် စပါးကတော့ အဓိကကစားသမားတွေရဲ့ဒဏ်ရာပြသနာတွေကြောင့် မော်ရင်ဟိုအနေနဲ့ အသင်းကထွက်ခွာတော့မယ့် အဲရစ်ဆင်လို ကစားသမားမျိုးကို အသုံးပြုနေရပါတယ်။ စပါးမှာ အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ကာလရှည်ဒဏ်ရာကြောင့် ရာသီသစ်တိုင်အောင် ကစားနိုင်ဖို့ မသေချာဘဲ လိုရစ်၊ ဘင်ဒါဗီးစ်နဲ့ ဆစ်ဆိုကိုတို့လည်း ဒဏ်ရာရနေကြပါတယ်။
photo-reuters
မော်ရင်ဟိုကလည်း ဒီအခြေအနေကို လက်ခံပြီး စပါးဟာ သူအရင်ကိုင်ခဲ့တဲ့အသင်းကြီးတွေနဲ့ မတူဘူးဆိုတာကို သိပါတယ်။ ”လုပ်စမ်းပါ။ အရှိတရားကို လက်ခံရမှာပေါ့။ တချို့အသင်းတွေလို လူစာရင်းမျိုး ကျွန်တော်တို့မှာ မရှိနိုင်ပါဘူး။ ကျွန်တော်တို့မှ မဟုတ်တာ။ မနေ့က မန်စီးတီးပွဲကြည့်ခဲ့ပြီး သူတို့ရဲ့အရန်စာရင်းကိုကြည့်လိုက်တော့ စတာလင်း၊ဘာနာဒို၊ဂန်ဒိုဂန်နဲ့ အော့တာမန်ဒီတို့လို ကစားသမားတွေရှိနေကြတယ်။ လီဗာပူးအရန်စာရင်းကိုလည်း ခင်ဗျားတို့ သိကြမှာပါ။ ဒါတောင် သူတို့မှာ မာတစ်၊လိုဗရန်၊ကီတာနဲ့ဖာဘင်ဟိုတို့ ဒဏ်ရာရနေကြတာပါ။ ကျွန်တော် မနာလို မဖြစ်ပါဘူး”လို့ မော်ရင်ဟိုက ပြောသွားခဲ့တာပါ။
photo-gettyimages
ပိုချက်တီနိုလက်ထက် လွန်ခဲ့တဲ့ ၄ နှစ်တုန်းက စပါးဟာ ချန်ပီယံဆုအတွက် လက်စတာနဲ့ ချဲလ်ဆီးတို့ကို ဖိအားပေးနိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ငယ်ရွယ်ဆာလောင်တဲ့အသင်းတစ်သင်းအနေနဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ အားလုံးရဲ့ သတိထားမှုကို စတင်ရရှိခဲ့ပါတယ်။ အဲဒီကတည်းကနေ အခုချိန်ထိ အသင်းလူစာရင်းကို များစွာအပြောင်းအလဲမလုပ်ခဲ့သလို ကစားသမားတွေဟာလည်း အသက်ပိုကြီးလာခဲ့တာပါ။ သူ့အသင်းဟာ အပြောင်းအလဲကာလထဲမှာဆိုတာ မော်ရင်ဟိုလည်း သိပါတယ်။
[Zawgyi]
မန္စီးတီးနဲ႔ လီဗာပူးတို႔ကို မနာလိုျခင္းမရွိေၾကာင္း ေမာ္ရင္ဟိုအခိုင္အမာေျပာ
ေပၚတိုကိုကိုင္တြယ္ၿပီးေနာက္ပုိင္း စပါးဟာ သူ႔ရဲ႕အခက္ခဲဆုံးအလုပ္ဆိုတာကို အရိပ္အျမြက္ဆိုခဲ့ၿပီးေနာက္ မန္စီးတီးနဲ႔ လီဗာပူးတုိ႔ကို မနာလိုျခင္းမရွိေၾကာင္း နည္းျပေမာ္ရင္ဟိုက အခုိင္အမာေျပာၾကားလုိက္ပါတယ္။ မန္စီးတီးနဲ႔ လီဗာပူးတို႔က ေတာင့္တင္းလွတဲ့ အရန္အင္အားပိုင္ဆိုင္ထားခ်ိန္ စပါးကေတာ့ အဓိကကစားသမားေတြရဲ႕ဒဏ္ရာျပသနာေတြေၾကာင့္ ေမာ္ရင္ဟိုအေနနဲ႔ အသင္းကထြက္ခြာေတာ့မယ့္ အဲရစ္ဆင္လုိ ကစားသမားမ်ိဳးကို အသုံးျပဳေနရပါတယ္။ စပါးမွာ အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာ ကာလရွည္ဒဏ္ရာေၾကာင့္ ရာသီသစ္တုိင္ေအာင္ ကစားႏုိင္ဖို႔ မေသခ်ာဘဲ လုိရစ္၊ ဘင္ဒါဗီးစ္နဲ႔ ဆစ္ဆိုကိုတို႔လည္း ဒဏ္ရာရေနၾကပါတယ္။
ေမာ္ရင္ဟိုကလည္း ဒီအေျခအေနကို လက္ခံၿပီး စပါးဟာ သူအရင္ကိုင္ခဲ့တဲ့အသင္းႀကီးေတြနဲ႔ မတူဘူးဆိုတာကို သိပါတယ္။ ”လုပ္စမ္းပါ။ အရွိတရားကို လက္ခံရမွာေပါ့။ တခ်ိဳ႕အသင္းေတြလို လူစာရင္းမ်ိဳး ကၽြန္ေတာ္တို႔မွာ မရွိႏိုင္ပါဘူး။ ကၽြန္ေတာ္တုိ႔မွ မဟုတ္တာ။ မေန႔က မန္စီးတီးပြဲၾကည့္ခဲ့ၿပီး သူတို႔ရဲ႕အရန္စာရင္းကိုၾကည့္လိုက္ေတာ့ စတာလင္း၊ဘာနာဒို၊ဂန္ဒိုဂန္နဲ႔ ေအာ့တာမန္ဒီတို႔လို ကစားသမားေတြရွိေနၾကတယ္။ လီဗာပူးအရန္စာရင္းကိုလည္း ခင္ဗ်ားတို႔ သိၾကမွာပါ။ ဒါေတာင္ သူတုိ႔မွာ မာတစ္၊လိုဗရန္၊ကီတာနဲ႔ဖာဘင္ဟိုတို႔ ဒဏ္ရာရေနၾကတာပါ။ ကၽြန္ေတာ္ မနာလုိ မျဖစ္ပါဘူး”လုိ႔ ေမာ္ရင္ဟိုက ေျပာသြားခဲ့တာပါ။
ပိုခ်က္တီႏုိလက္ထက္ လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းက စပါးဟာ ခ်န္ပီယံဆုအတြက္ လက္စတာနဲ႔ ခ်ဲလ္ဆီးတို႔ကို ဖိအားေပးႏိုင္ခဲ့ဖူးပါတယ္။ အဲဒီတုန္းက ငယ္ရြယ္ဆာေလာင္တဲ့အသင္းတစ္သင္းအေနနဲ႔ အဂၤလိပ္ေဘာလုံးေလာကမွာ အားလုံးရဲ႕ သတိထားမႈကို စတင္ရရွိခဲ့ပါတယ္။ အဲဒီကတည္းကေန အခုခ်ိန္ထိ အသင္းလူစာရင္းကို မ်ားစြာအေျပာင္းအလဲမလုပ္ခဲ့သလို ကစားသမားေတြဟာလည္း အသက္ပိုႀကီးလာခဲ့တာပါ။ သူ႔အသင္းဟာ အေျပာင္းအလဲကာလထဲမွာဆိုတာ ေမာ္ရင္ဟိုလည္း သိပါတယ္။