
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်စီးတီးအသင်းကစားသမား ဘာနာဒိုဆေးဗားဟာအသင်းကို စွန့်ခွာဖွယ်ရှိကြောင်း မန်နေဂျာ ဂွာဒီယိုလာက ပြောဆိုပါတယ်။
ဆေးဗားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် အသင်းကို စွန့်ခွာဖွယ်ရှိတယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်နှင့် ဘာစီလိုနာတို့က စိတ်ဝင်စားပေမယ့်လည်း ပေါ်တူဂီလက်ရွေးစင်ဟာ မန်ချက်စတာတွင်သာ ဆက်ရှိနေခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ဆေးဗားဟာ မန်စီးတီးရဲ့ ယခုနှစ် ပရီးမီးယားလိဂ် ၆ ပွဲတွင် ၅ ပွဲ ပွဲထွက်ကစားခဲ့ပြီး လက်စတာစီးတီးအသင်းနှင့်ပွဲတွင် အနိုင်ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။
“ကျွန်တော်ဖြစ်ချင်တဲ့ သဘောကတော့ ဘာနာဒို ပျော်နေဖို့ အတွက်ပါ။
အဲဒီတော့ ဒီကလပ်မှာ ဖြစ်စေ ၊ တခြား နေရာတစ်ခုမှာ ဖြစ်စေ သူပျော်နေတာပဲ မြင်ချင်ပါတယ်။
ဘာလို့လဲ ဆိုတော့ သူ့လို ခြေစွမ်းမျိုး နဲ့ ဘောလုံးသမား တစ်ယောက်ဟာ စိတ်ချမ်းသာ လက်ချမ်းသာနဲ့ ကွင်းထဲမှာ ကစားပေးခွင့်ရဖို့ ထိုက်တန်မှုရှိတယ်လေ။”
“သူက အရမ်းကို လိုက်လျောညီထွေ ဖြစ်တဲ့ သူပါ ။ ကွင်းလယ် ခံစစ်နေရာ ဆိုတာ သူ ကစားနေကျနေရာ မဟုတ်ပါဘူး။
ဒါပေမယ့် ဘယ်လို ကစားရမလဲ ဆိုတာ ကောင်းကောင်း သိနေပါတယ်။
ဘောလုံးက ကိုယ့်ခြေထဲမှာ ရှိသည် ဖြစ်စေ ၊ မရှိတော့ဘူး ဖြစ်စေ ကွင်းထဲက အခြေအနေတွေက ဘယ်လို ဖြစ်လာတော့မလဲ ဆိုတာလဲ ကောင်းကောင်း တွက်ချက်နိုင်သူပါ။”
“သူဟာ ကျွန်တော်တို့ အတွက်တော့ ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှု တစ်ခုဖြစ်ခဲ့သလို ၊ ပရော်ဖက်ရှင်နယ်လည်း ပီသလွန်းတဲ့ သူပါ။
တကယ်လို့များ ရာသီ အကုန်မှာ သူသာ အသင်းပြောင်းသွားမယ် ဆိုရင် ကျွန်တော့်ဘက်က ပြောပေးနိုင်တာ တစ်ခုက သူ့ကို ခေါ်ယူလိုက်တဲ့ ကလပ်ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တစ်ယောက်ကို ပိုင်ဆိုင်သွားတယ် ဆိုတာပါ။” လို့ ဂွာဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ် ၆ ပွဲကစားအပြီးတွင် ပေးဂိုး ၁ ဂိုးသာရှိပြီး အသင်း၏သမိုင်းတစ်လျှောက် ပွဲစဉ် ၆ အပြီး၌ ပေးဂိုးအနည်းဆုံး ဘောလုံးရာသီအဖြစ် မှတ်တမ်းဝင်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မန္စီးတီးနဲ႔ လမ္းခြဲႏိုင္ေျခမ်ားလာတဲ့ ဘာနာဒိုေဆးဗား
မန္စီးတီးအသင္းကစားသမား ဘာနာဒိုေဆးဗားဟာအသင္းကို စြန႔္ခြာဖြယ္ရွိေၾကာင္း မန္ေနဂ်ာ ဂြာဒီယိုလာက ေျပာဆိုပါတယ္။ ေဆးဗားဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတြင္ အသင္းကို စြန႔္ခြာဖြယ္ရွိတယ္ဆိုတဲ့သတင္းထြက္ေပၚခဲ့ၿပီး အက္သလက္တီကိုမက္ဒရစ္ႏွင့္ ဘာစီလိုနာတို႔က စိတ္ဝင္စားေပမယ့္လည္း ေပၚတူဂီလက္ေ႐ြးစင္ဟာ မန္ခ်က္စတာတြင္သာ ဆက္ရွိေနခဲ့ပါတယ္။
အသက္ ၂၇ ႏွစ္အ႐ြယ္ရွိ ေဆးဗားဟာ မန္စီးတီးရဲ႕ ယခုႏွစ္ ပရီးမီးယားလိဂ္ ၆ ပြဲတြင္ ၅ ပြဲ ပြဲထြက္ကစားခဲ့ၿပီး လက္စတာစီးတီးအသင္းႏွင့္ပြဲတြင္ အႏိုင္ဂိုးသြင္းေပးႏိုင္ခဲ့ပါတယ္။
“ကြၽန္ေတာ္ျဖစ္ခ်င္တဲ့ သေဘာကေတာ့ ဘာနာဒို ေပ်ာ္ေနဖို႔ အတြက္ပါ။ အဲဒီေတာ့ ဒီကလပ္မွာ ျဖစ္ေစ ၊ တျခား ေနရာတစ္ခုမွာ ျဖစ္ေစ သူေပ်ာ္ေနတာပဲ ျမင္ခ်င္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ သူ႔လို ေျခစြမ္းမ်ိဳး နဲ႔ ေဘာလုံးသမား တစ္ေယာက္ဟာ စိတ္ခ်မ္းသာ လက္ခ်မ္းသာနဲ႔ ကြင္းထဲမွာ ကစားေပးခြင့္ရဖို႔ ထိုက္တန္မႈရွိတယ္ေလ။”
“သူက အရမ္းကို လိုက္ေလ်ာညီေထြ ျဖစ္တဲ့ သူပါ ။ ကြင္းလယ္ ခံစစ္ေနရာ ဆိုတာ သူ ကစားေနက်ေနရာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဘယ္လို ကစားရမလဲ ဆိုတာ ေကာင္းေကာင္း သိေနပါတယ္။ ေဘာလုံးက ကိုယ့္ေျခထဲမွာ ရွိသည္ ျဖစ္ေစ ၊ မရွိေတာ့ဘူး ျဖစ္ေစ ကြင္းထဲက အေျခအေနေတြက ဘယ္လို ျဖစ္လာေတာ့မလဲ ဆိုတာလဲ ေကာင္းေကာင္း တြက္ခ်က္ႏိုင္သူပါ။”
“သူဟာ ကြၽန္ေတာ္တို႔ အတြက္ေတာ့ ေကာင္းမြန္တဲ့ ကစားသမား ေခၚယူမႈ တစ္ခုျဖစ္ခဲ့သလို ၊ ပေရာ္ဖက္ရွင္နယ္လည္း ပီသလြန္းတဲ့ သူပါ။ တကယ္လို႔မ်ား ရာသီ အကုန္မွာ သူသာ အသင္းေျပာင္းသြားမယ္ ဆိုရင္ ကြၽန္ေတာ့္ဘက္က ေျပာေပးႏိုင္တာ တစ္ခုက သူ႔ကို ေခၚယူလိုက္တဲ့ ကလပ္ဟာ ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား တစ္ေယာက္ကို ပိုင္ဆိုင္သြားတယ္ ဆိုတာပါ” လို႔ ဂြာဒီယိုလာက ေျပာပါတယ္။
မန္စီးတီးဟာ ပရီးမီးယားလိဂ္ ၆ ပြဲကစားအၿပီးတြင္ ေပးဂိုး ၁ ဂိုးသာရွိၿပီး အသင္း၏သမိုင္းတစ္ေလွ်ာက္ ပြဲစဥ္ ၆ အၿပီး၌ ေပးဂိုးအနည္းဆုံး ေဘာလုံးရာသီအျဖစ္ မွတ္တမ္းဝင္ေနပါတယ္။