မန်စီးတီးနဲ့ ကစားရင်း ကွင်းထဲမှာ လဲသေသွားရင်တောင် ပီအက်စ်ဂျီနိုင်ဖို့ ဘာမဆိုလုပ်မယ့် နေမာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်စီးတီးနဲ့ကစားရမယ့် ချန်ပီယံလိ၈် ဒုတိယအကျော့ပွဲစဉ် ကစားရင်း ကွင်းထဲမှာ လဲသေသွားမယ်ဆိုရင်တောင်မှ အသင်းအနိုင်ရဖို့အတွက် ဘာမဆို လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှုး နေမာက ကြုံးဝါးလိုက်ပါတယ်။

ပီအက်စ်ဂျီဟာ ပထမအကျော့ အိမ်ကွင်းမှာ မန်စီးတီးကို ၁-၂ နဲ့ ရှုံးနိမ့်ထားတဲ့အတွက် အင်္ဂလန်မြေမှာ ကစားရမယ့် ဒုတိယအကျော့က မဖြစ်မနေ အနိုင်ကစားရမယ့် must win တိုက်ပွဲပါပဲ။

လန်းစ်အသင်းကို အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီအသင်းမီဒီယာချန်နယ်ကို နေမာက ” အခု အမှတ်ပေးပွဲ ကစားပြီးတော့ အရင်ဆုံးလုပ်ရမှာက သေချာ အနားယူဖို့ပါ။

ပြီးရင်တော့ မန်စီးတီးနဲပ့ွဲအတွက် အာရုံပြန်စိုက်ရဖို့ ရှိပါတယ်။

ပထမအကျော့မှာ ကျွန်တော်တို့ အရမ်းခက်ခဲခဲ့ပါတယ်။ ပဲရစ်မြို့မှာရှိတဲ့သူတိုင်း ကျွန်တော်တို့ကို ယုံကြည်ပေးကြပါ။

ကျွန်တော်ကိုယ်တိုင် အသင်းရဲ့ရှေ့တန်းမှာ တိုက်ပွဲထဲက စစ်သူကြီးတစ်ယောက်လို ထိပ်ဆုံးကနေ ဦးဆောင်ပြီး အနိုင်ရဖို့ လုပ်မှာပါ။

ကျွန်တော့်မှာရှိတဲ့ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့ ကြိုးစားမှာဖြစ်သလို ကွင်းထဲမှာ ကစားရင်း

လဲသေသွားမယ်ဆိုရင်တောင်မှ အသင်းအနိုင်ရဖို့အတွက် ဘာမဆို လုပ်ဆောင်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ပထမအကျော့မှာ ပီအက်စ်ဂျီဟာ မာကွင်ဟိုရဲ့ ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီဘရိုင်းရဲ့ ချေပဂိုး၊ မာရက်ဇိရဲ့ ဖရီးကစ်အနိုင်ဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။

မနှစ်က ချန်ပီယံလိ၈် ဗိုလ်လုပွဲမှာလည်း ဘိုင်ယန်ကို ရှုံးခဲ့တဲ့ နေမာဟာ ၂နှစ်ဆက်တိုက် အရှုံးသမားမဖြစ်လိုပဲ အနိုင်ရဖို့ အစွမ်းကုန် ပေးဆက်ကစားချင်နေတာလည်း ဖြစ်ပါတယ်။

အခုပွဲမှာ နေမာနဲ့ တွဲဖက်ဖြစ်တဲ့ အမ်ဘ်ပီကတော့ ခြေထောက်ဒဏ်ရာ အခြေအနေကို နောက်ဆုံးအချိန်အထိ စောင့်ကြည့်သွား၇ဖို့ ရှိနေပြီး ပါဖို့ မပါဖို့က 50-50 ဖြစ်နေပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီမှာ အခြားတိုက်စစ်မှုးတွေဖြစ်တဲ့ အိုက်ကာဒီ၊ မွိုက်စ်ကိန်း တို့ရှိနေသေးပြီး ပထမအကျော့ ပီအက်စ်ဂျီကွင်းမှာ တိုက်စစ်မှုးစစ်စစ် တစ်ယောက်မှထုတ်မသုံးဘဲ

False 9 နဲ့ ၂ဂိုးရအောင် လုပ်ပြခဲ့တဲ့ မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ပီအက်စ်ဂျီမှာ အထိုင်မကျသေးတဲ့ နည်းပြ ပိုချက်တီနို ဘယ်လို ယှဉ်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးနဲ႔ ကစားရင္း ကြင္းထဲမွာ လဲေသသြားရင္ေတာင္ ပီအက္စ္ဂ်ီႏိုင္ဖို႔ ဘာမဆိုလုပ္မယ့္ ေနမာ

မန္စီးတီးနဲ႔ကစားရမယ့္ ခ်န္ပီယံလိ၈္ ဒုတိယအေက်ာ့ပြဲစဥ္ ကစားရင္း ကြင္းထဲမွာ လဲေသသြားမယ္ဆိုရင္ေတာင္မွ အသင္းအႏိုင္ရဖို႔အတြက္ ဘာမဆို လုပ္ေဆာင္ေပးသြားမွာျဖစ္တယ္လို႔ ပီအက္စ္ဂ်ီတိုက္စစ္မႈး ေနမာက ႀကဳံးဝါးလိုက္ပါတယ္။ ပီအက္စ္ဂ်ီဟာ ပထမအေက်ာ့ အိမ္ကြင္းမွာ မန္စီးတီးကို ၁-၂ နဲ႔ ရႈံးနိမ့္ထားတဲ့အတြက္ အဂၤလန္ေျမမွာ ကစားရမယ့္ ဒုတိယအေက်ာ့က မျဖစ္မေန အႏိုင္ကစားရမယ့္ must win တိုက္ပြဲပါပဲ။

လန္းစ္အသင္းကို အႏိုင္ရခဲ့တဲ့ ျပင္သစ္လီဂူးပြဲစဥ္အၿပီးမွာ ပီအက္စ္ဂ်ီအသင္းမီဒီယာခ်န္နယ္ကို ေနမာက ” အခု အမွတ္ေပးပြဲ ကစားၿပီးေတာ့ အရင္ဆုံးလုပ္ရမွာက ေသခ်ာ အနားယူဖို႔ပါ။ ၿပီးရင္ေတာ့ မန္စီးတီးနဲပ့ြဲအတြက္ အာ႐ုံးျပန္စိုက္ရဖို႔ ရွိပါတယ္။ ပထမအေက်ာ့မွာ ကြၽန္ေတာ္တို႔ အရမ္းခက္ခဲခဲ့ပါတယ္။ ပဲရစ္ၿမိဳ႕မွာရွိတဲ့သူတိုင္း ကြၽန္ေတာ္တို႔ကို ယုံၾကည္ေပးၾကပါ။ ကြၽန္ေတာ္ကိုယ္တိုင္ အသင္းရဲ႕ေရွ႕တန္းမွာ တိုက္ပြဲထဲက စစ္သူႀကီးတစ္ေယာက္လို ထိပ္ဆုံးကေန ဦးေဆာင္ၿပီး အႏိုင္ရဖို႔ လုပ္မွာပါ။ ကြၽန္ေတာ့္မွာရွိတဲ့ အေကာင္းဆုံးေျခစြမ္းကို ျပသႏိုင္ဖို႔ ႀကိဳးစားမွာျဖစ္သလို ကြင္းထဲမွာ ကစားရင္း လဲေသသြားမယ္ဆိုရင္ေတာင္မွ အသင္းအႏိုင္ရဖို႔အတြက္ ဘာမဆို လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာၾကားခဲ့ပါတယ္။

ပထမအေက်ာ့မွာ ပီအက္စ္ဂ်ီဟာ မာကြင္ဟိုရဲ႕ ေခါင္းတိုက္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒီဘ႐ိုင္းရဲ႕ ေခ်ပဂိုး၊ မာရက္ဇိရဲ႕ ဖရီးကစ္အႏိုင္ဂိုးေတြေၾကာင့္ ရႈံးနိမ့္ခဲ့ရတာပါ။ မႏွစ္က ခ်န္ပီယံလိ၈္ ဗိုလ္လုပြဲမွာလည္း ဘိုင္ယန္ကို ရႈံးခဲ့တဲ့ ေနမာဟာ ၂ႏွစ္ဆက္တိုက္ အရႈံးသမားမျဖစ္လိုပဲ အႏိုင္ရဖို႔ အစြမ္းကုန္ ေပးဆက္ကစားခ်င္ေနတာလည္း ျဖစ္ပါတယ္။ အခုပြဲမွာ ေနမာနဲ႔ တြဲဖက္ျဖစ္တဲ့ အမ္ဘ္ပီကေတာ့ ေျခေထာက္ဒဏ္ရာ အေျခအေနကို ေနာက္ဆုံးအခ်ိန္အထိ ေစာင့္ၾကည့္သြား၇ဖို႔ ရွိေနၿပီး ပါဖို႔ မပါဖို႔က 50-50 ျဖစ္ေနပါတယ္။

ဒါေပမယ့္ ပီအက္စ္ဂ်ီမွာ အျခားတိုက္စစ္မႈးေတြျဖစ္တဲ့ အိုက္ကာဒီ၊ မြိဳက္စ္ကိန္း တို႔ရွိေနေသးၿပီး ပထမအေက်ာ့ ပီအက္စ္ဂ်ီကြင္းမွာ တိုက္စစ္မႈးစစ္စစ္ တစ္ေယာက္မွထုတ္မသုံးဘဲ False 9 နဲ႔ ၂ဂိုးရေအာင္ လုပ္ျပခဲ့တဲ့ မန္စီးတီးနည္းျပ ဂြာဒီယိုလာကို ပီအက္စ္ဂ်ီမွာ အထိုင္မက်ေသးတဲ့ နည္းျပ ပိုခ်က္တီႏို ဘယ္လို ယွဥ္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ။