
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်နာမည်ကျော်ကစားသမားဂရီးလစ်ရှ်ဟာ မန်စီးတီးအသင်းဆီ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ပြောင်းရွှေ့မယ့်ကိစ္စကို အပြီးသတ်ဖို့အတွက် မန်ချက်စတာမြို့ကို ရောက်ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းဟာ အခုနွေရာသီကာလအတွင်း သူတို့ရဲ့အဓိကဦးစားပေးပစ်မှတ်တွေထဲမှာ ဂရီးလစ်ရှ်ကို တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး အပြောင်းအရွှေ့နဲ့ပတ်သက်တဲ့တရားဝင်သတင်းက အခုတစ်ပတ်အတွင်းထွက်ပေါ်လာဖို့ရှိနေပါပြီ။
နာမည်ကျော်အားကစားရေဒီယိုဖြစ်တဲ့ TalkSPORT က ဂရီးလစ်ရှ်ဟာ မန်စီးတီးအသင်းနဲ့အပြောင်းအရွှေ့ကိစ္စအပြီးသတ်ဖို့ မန်ချက်စတာမြို့ကိုရောက်ရှိနေတယ်လို့ ဖော်ပြခဲ့သလို
ဗြိတိန်သတင်းစာ Dailiy Mail ကလည်း ဂရီးလစ်ရှ်နဲ့မန်စီးတီးအသင်းတို့ ဒီနေ့မှာပဲ လက်မှတ်ရေးထိုးသွားဖို့ရှိတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။
တကယ်လို့ မန်စီးတီးနဲ့ဂရီးလစ်ရှ်တို့ရဲ့ အပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်ပေါ်လာမယ်ဆိုရင် ၂၀၁၆ ခုနှစ်တုန်းက ဂျူဗင်တပ်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ ပေါင်(၈၉)သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ ပေ့ါဘာရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏကို ချိုးဖျက်နိုင်မှာပဲဖြစ်ပါတယ်။
ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ အင်္ဂလန်အသင်းအတွက်ပါဝင်ကစားခဲ့တာကြောင့် နွေရာသီအားလပ်ရက်အပန်းဖြေခရီးထွက်ခဲ့ပြီးတဲ့နောက်
တနင်္လာနေ့က အက်စတွန်ဗီလာအသင်းဆီပြန်လည်ရောက်ရှိခဲ့ပြီး မန်စီးတီးအသင်းဆီပြောင်းရွှေ့ခွင့်ရဖို့အတွက် အသင်းတာဝန်ရှိသူတွေဆီ ခွင့်ပြုချက်တောင်းခံသွားဖို့ရှိနေပါပြီ။
ဂရီးလစ်ရှ်အနေနဲ့ အသင်းရဲ့အားကစားဒါရိုက်တာဖြစ်သူယိုဟန်လန်းချ်နဲ့တွေ့ဆုံခဲ့သလို မန်စီးတီးအသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်ဆိုပြီး ဖွင့်ဟပြောဆိုခဲ့တယ်လို့လည်း သတင်းထွက်နေပါတယ်။
မန်စီးတီးအသင်းဟာ ဂရီးလစ်ရှ်အပြင် စပါးအသင်းတိုက်စစ်မှူးဟယ်ရီကိန်းကိုလည်း ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အတွက် ဒီကစားသမားနှစ်ဦးထဲက ဘယ်သူ့ကို အရင်ဆုံးခေါ်ယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ . . .
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မန္စီးတီးနဲ႔အေျပာင္းအေ႐ႊ႕ကိစၥအၿပီးသတ္ဖို႔ မန္ခ်က္စတာကို ေရာက္ရွိေနၿပီျဖစ္တဲ့ ဂရီးလစ္ရွ္
အက္စတြန္ဗီလာအသင္းရဲ႕ အဂၤလန္နာမည္ေက်ာ္ကစားသမားဂရီးလစ္ရွ္ဟာ မန္စီးတီးအသင္းဆီ ပရီးမီးယားလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၁၀၀)နဲ႔ေျပာင္းေ႐ႊ႕မယ့္ကိစၥကို အၿပီးသတ္ဖို႔အတြက္ မန္ခ်က္စတာၿမိဳ႕ကို ေရာက္ရွိေနတယ္လို႔ ၿဗိတိန္မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးအသင္းဟာ အခုေႏြရာသီကာလအတြင္း သူတို႔ရဲ႕အဓိကဦးစားေပးပစ္မွတ္ေတြထဲမွာ ဂရီးလစ္ရွ္ကို တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ထားတာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္တဲ့တရားဝင္သတင္းက အခုတစ္ပတ္အတြင္းထြက္ေပၚလာဖို႔ရွိေနပါၿပီ။
နာမည္ေက်ာ္အားကစားေရဒီယိုျဖစ္တဲ့ TalkSPORT က ဂရီးလစ္ရွ္ဟာ မန္စီးတီးအသင္းနဲ႔အေျပာင္းအေ႐ႊ႕ကိစၥအၿပီးသတ္ဖို႔ မန္ခ်က္စတာၿမိဳ႕ကိုေရာက္ရွိေနတယ္လို႔ ေဖာ္ျပခဲ့သလို ၿဗိတိန္သတင္းစာ Dailiy Mail ကလည္း ဂရီးလစ္ရွ္နဲ႔မန္စီးတီးအသင္းတို႔ ဒီေန႔မွာပဲ လက္မွတ္ေရးထိုးသြားဖို႔ရွိတယ္ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။
တကယ္လို႔ မန္စီးတီးနဲ႔ဂရီးလစ္ရွ္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕သာ အမွန္တကယ္ျဖစ္ေပၚလာမယ္ဆိုရင္ ၂၀၁၆ ခုႏွစ္တုန္းက ဂ်ဴဗင္တပ္စ္အသင္းကေန မန္ခ်က္စတာယူႏိုက္တက္အသင္းဆီ ေပါင္(၈၉)သန္းနဲ႔ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေပ့ါဘာရဲ႕စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးပမာဏကို ခ်ိဳးဖ်က္ႏိုင္မွာပဲျဖစ္ပါတယ္။ ဂရီးလစ္ရွ္ဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ အဂၤလန္အသင္းအတြက္ပါဝင္ကစားခဲ့တာေၾကာင့္ ေႏြရာသီအားလပ္ရက္အပန္းေျဖခရီးထြက္ခဲ့ၿပီးတဲ့ေနာက္ တနလၤာေန႔က အက္စတြန္ဗီလာအသင္းဆီျပန္လည္ေရာက္ရွိခဲ့ၿပီး မန္စီးတီးအသင္းဆီေျပာင္းေ႐ႊ႕ခြင့္ရဖို႔အတြက္ အသင္းတာဝန္ရွိသူေတြဆီ ခြင့္ျပဳခ်က္ေတာင္းခံသြားဖို႔ရွိေနပါၿပီ။
ဂရီးလစ္ရွ္အေနနဲ႔ အသင္းရဲ႕အားကစားဒါ႐ိုက္တာျဖစ္သူယိုဟန္လန္းခ်္နဲ႔ေတြ႕ဆုံခဲ့သလို မန္စီးတီးအသင္းဆီေျပာင္းေ႐ႊ႕ဖို႔ ဆႏၵရွိေနတယ္ဆိုၿပီး ဖြင့္ဟေျပာဆိုခဲ့တယ္လို႔လည္း သတင္းထြက္ေနပါတယ္။ မန္စီးတီးအသင္းဟာ ဂရီးလစ္ရွ္အျပင္ စပါးအသင္းတိုက္စစ္မႉးဟယ္ရီကိန္းကိုလည္း ေခၚယူဖို႔ႀကိဳးပမ္းေနတဲ့အတြက္ ဒီကစားသမားႏွစ္ဦးထဲက ဘယ္သူ႔ကို အရင္ဆုံးေခၚယူႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပါ . . .