မန်စီးတီးနဲ့လမ်းခွဲမယ့် အဂွဲရိုးကို ဘာစီလိုနာအသင်းမှာ မြင်တွေ့ရတော့မလား?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အခုရာသီကုန်မှာ မန်စီးတီးအသင်းနဲ့လမ်းခွဲတော့မယ့် ဝါရင့်တိုက်စစ်မှူးအဂွဲရိုးဟာ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာ မဆုံးဖြတ်ရသေးပေမယ့် ဘွတ်ကီဒိုင်တွေရဲ့အလေးပေးချက်မှာ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကိုရောက်ရှိမယ်ဆိုပြီး အလေးပေးမှုကမြင့်တက်နေပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ အဂွဲရိုးဟာ ၂၀၁၁ ခုနှစ်တုန်းက အက်သလက်တီကိုအသင်းကနေ ပေါင်(၃၆)သန်းနဲ့ မန်စီးတီးအသင်းဆီရောက်ရှိခဲ့ပြီး ဆယ်စုနှစ်တာကာလအတွင်း မန်စီးတီးအတွက် (၃၈၄)ပွဲကစား၊ (၂၅၇)ဂိုးသွင်းယူခဲ့သလို အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။

ဒါ့အပြင် အဂွဲရိုးဟာ ၂၀၁၁-၁၂ ရာသီပိတ်ပွဲမှာ QPR ဘက်ကို အနိုင်ဂိုးသွင်းခဲ့ပြီး ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ခဲ့တာအပါအဝင် မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်(၄)ကြိမ်၊ လိဂ်ဖလား(၅)ကြိမ်၊ FA ဖလား(၁)ကြိမ်ရယူနိုင်ခဲ့သူပါ။

ပြီးခဲ့တဲ့နှစ်တွေတုန်းက အသင်းတိုက်စစ်မှာ အဓိကကစားသမားဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဂွဲရိုးဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရသလို ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ (၈)ပွဲသာကစားခွင့်ရခဲ့ပါတယ်။

သူ့ရဲ့ လက်ရှိစာချုပ်က လာမယ့်ဇွန်လကျရင် သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မန်စီးတီးအသင်းကလည်း အဂွဲရိုးကို စာချုပ်သစ်ချုပ်ဆိုမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့တဲ့အတွက် အသင်းဂန္ထဝင်တိုက်စစ်မှူးအဖြစ် သတ်မှတ်ရမယ့်အဂွဲရိုးအနေနဲ့ မန်စီးတီးကစားသမားဘဝကို အဆုံးသတ်ဖို့ ရက်ပေါင်း(၁၀၀)လောက်သာလိုပါတော့တယ်။

အခုရာသီကုန်မှာ မန်စီးတီးနဲ့လမ်းခွဲဖို့သေချာသွားပြီးတဲ့နောက် အဂွဲရိုးရဲ့အနာဂတ်က စိတ်ဝင်စားစရာဖြစ်လာပြီး လက်ရှိအချိန်မှာ ဘာစီလိုနာ၊ ရီးယဲလ်၊ PSG စတဲ့ ဥရောပထိပ်သီးအသင်းတွေက သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပြီး နာမည်ကျော်ဘွတ်ကီဒိုင်ဖြစ်တဲ့ Betfair ကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ၁၁ လေး/၁၀ လေးအထိ ကြေးဖွင့်လှစ်ထားတာပါ။

ဘာစီလိုနာနည်းပြရော်နယ်လ်ကိုးမန်းဟာ တိုက်စစ်မှူးစစ်စစ်တစ်ဦးခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဖွင့်ဟဝန်ခံထားပြီး အဂွဲရိုးဟာ လက်ရွေးစင်အသင်းဖော် မက်ဆီနဲ့အတူတွဲဖက်ကစားခွင့်ရမှာဖြစ်လို့ ဘာစီလိုနာအသင်းက သူ့အတွက်အသင့်တော်ဆုံးအသင်းဖြစ်နေပါတယ်။

ဘာစီလိုနာအသင်းပြီးရင်တော့ ရီးယဲလ်အသင်းဆီပြောင်းရွှေ့ဖို့က ၇ လေး/၂ လေးနဲ့ ဒုတိယရေပန်းစားနေပြီး PSG ၊ အင်တာမီလန်၊ အသင်းဟောင်းအက်သလက်တီကိုနဲ့ မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာလည်း Betfair ရဲ့အလေးပေးချက်တွေထဲမှာ ပါဝင်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးနဲ႔လမ္းခြဲမယ့္ အဂြဲ႐ိုးကို ဘာစီလိုနာအသင္းမွာ ျမင္ေတြ႕ရေတာ့မလား

အခုရာသီကုန္မွာ မန္စီးတီးအသင္းနဲ႔လမ္းခြဲေတာ့မယ့္ ဝါရင့္တိုက္စစ္မႉးအဂြဲ႐ိုးဟာ ဘယ္အသင္းကို ေျပာင္းေ႐ႊ႕မလဲဆိုတာ မဆုံးျဖတ္ရေသးေပမယ့္ ဘြတ္ကီဒိုင္ေတြရဲ႕အေလးေပးခ်က္မွာ လာလီဂါထိပ္သီး ဘာစီလိုနာအသင္းကိုေရာက္ရွိမယ္ဆိုၿပီး အေလးေပးမႈကျမင့္တက္ေနပါတယ္။ အသက္(၃၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အဂြဲ႐ိုးဟာ ၂၀၁၁ ခုႏွစ္တုန္းက အက္သလက္တီကိုအသင္းကေန ေပါင္(၃၆)သန္းနဲ႔ မန္စီးတီးအသင္းဆီေရာက္ရွိခဲ့ၿပီး ဆယ္စုႏွစ္တာကာလအတြင္း မန္စီးတီးအတြက္ (၃၈၄)ပြဲကစား၊ (၂၅၇)ဂိုးသြင္းယူခဲ့သလို အသင္းသမိုင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ေနသူျဖစ္ပါတယ္။

ဒါ့အျပင္ အဂြဲ႐ိုးဟာ ၂၀၁၁-၁၂ ရာသီပိတ္ပြဲမွာ QPR ဘက္ကို အႏိုင္ဂိုးသြင္းခဲ့ၿပီး ပထမဆုံးပရီးမီးယားလိဂ္ခ်န္ပီယံဆုရရွိေအာင္ စြမ္းေဆာင္ခဲ့တာအပါအဝင္ မန္စီးတီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္(၄)ႀကိမ္၊ လိဂ္ဖလား(၅)ႀကိမ္၊ FA ဖလား(၁)ႀကိမ္ရယူႏိုင္ခဲ့သူပါ။

ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက အသင္းတိုက္စစ္မွာ အဓိကကစားသမားျဖစ္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ အဂြဲ႐ိုးဟာ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ခဲ့ရသလို ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ (၈)ပြဲသာကစားခြင့္ရခဲ့ပါတယ္။

သူ႔ရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ဇြန္လက်ရင္ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး မန္စီးတီးအသင္းကလည္း အဂြဲ႐ိုးကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့တဲ့အတြက္ အသင္းဂႏၴဝင္တိုက္စစ္မႉးအျဖစ္ သတ္မွတ္ရမယ့္အဂြဲ႐ိုးအေနနဲ႔ မန္စီးတီးကစားသမားဘဝကို အဆုံးသတ္ဖို႔ ရက္ေပါင္း(၁၀၀)ေလာက္သာလိုပါေတာ့တယ္။

အခုရာသီကုန္မွာ မန္စီးတီးနဲ႔လမ္းခြဲဖို႔ေသခ်ာသြားၿပီးတဲ့ေနာက္ အဂြဲ႐ိုးရဲ႕အနာဂတ္က စိတ္ဝင္စားစရာျဖစ္လာၿပီး လက္ရွိအခ်ိန္မွာ ဘာစီလိုနာ၊ ရီးယဲလ္၊ PSG စတဲ့ ဥေရာပထိပ္သီးအသင္းေတြက သူ႔ကိုေခၚယူဖို႔စိတ္ဝင္စားေနၾကၿပီး နာမည္ေက်ာ္ဘြတ္ကီဒိုင္ျဖစ္တဲ့ Betfair ကေတာ့ ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ ၁၁ ေလး/၁၀ ေလးအထိ ေၾကးဖြင့္လွစ္ထားတာပါ။

ဘာစီလိုနာနည္းျပေရာ္နယ္လ္ကိုးမန္းဟာ တိုက္စစ္မႉးစစ္စစ္တစ္ဦးေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ဖြင့္ဟဝန္ခံထားၿပီး အဂြဲ႐ိုးဟာ လက္ေ႐ြးစင္အသင္းေဖာ္ မက္ဆီနဲ႔အတူတြဲဖက္ကစားခြင့္ရမွာျဖစ္လို႔ ဘာစီလိုနာအသင္းက သူ႔အတြက္အသင့္ေတာ္ဆုံးအသင္းျဖစ္ေနပါတယ္။ ဘာစီလိုနာအသင္းၿပီးရင္ေတာ့ ရီးယဲလ္အသင္းဆီေျပာင္းေ႐ႊ႕ဖို႔က ၇ ေလး/၂ ေလးနဲ႔ ဒုတိယေရပန္းစားေနၿပီး PSG ၊ အင္တာမီလန္၊ အသင္းေဟာင္းအက္သလက္တီကိုနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္အသင္းတို႔ဟာလည္း Betfair ရဲ႕အေလးေပးခ်က္ေတြထဲမွာ ပါဝင္ေနပါတယ္။