မန်စီးတီးနဲ့မန်ယူက ခေါ်ချင်နေပေမယ့် ဟာလန်း ပြောင်းရွှေ့ကစားချင်နေတာက ရီးရဲလ်ဖြစ်နေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဒေါ့မန်အသင်းမှာ ခြေစွမ်းပြနေတဲ့ လူငယ်တိုက်စစ်မှုးဟာလန်းကို လာမယ့်နွေရာသီ ဖွန်လအပြောင်းအရွှေ့မှာ ငွေထုပ်ပိုက်ပြီး ခေါ်ယူချင်နေကြတဲ့ နာမည်ကြီးကလပ်အသင်းတွေ အများကြီးရှိပါတယ်။ ဒီအသင်းတွေထဲမှာ မန်စီးတီးနဲ့ မန်ယူက သတင်းအထွက်ဆုံးဖြစ်နေပေမယ့် ကာယကံရှင်ဖြစ်တဲ့ ဟာလန်းကိုယ်တိုင်ကတော့ စပိန်အသင်းကြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ချင်နေတာဖြစ်တယ်လို့ Marca က ဖော်ပြသွားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အကုန်မှာ ဆဲလ်ဘတ်ကနေ ဒေါ့မန်ကို ပြောင်းရွှေ့လာတဲ့ ဟာလန်းဟာ အသင်းနဲ့ ချက်ချင်းအထိုင်ကျခဲ့ပြီး ဂိုးသွင်းယူခြေစွမ်းပြနိုင်ခဲ့တာပါ။ ဒီနှစ် ချန်ပီယံလိဂ်မှာလည်း UCL သွင်းဂိုး၂၀ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့သလို ဒီရာသီ ဒေါ့မန်အတွက် ပြိုင်ပွဲစုံ ၃၁ပွဲမှာ ၃၃ဂိုး (စနေည ကိုလုံးပွဲစဉ် အပါအဝင်) သွင်းယူထားတဲ့ သူလည်းဖြစ်ပါတယ်။

ဥရောပရဲ့ အတောက်ပဆုံး ဆယ်ကျော်သက်ကစားသမားတွေထဲမှာ ပီအက်စ်ဂျီက အမ်ဘက်ပီနဲ့အတူ သတ်မှတ်ခံရတဲ့ ဟာလန်းကို အေးဂျင့်လုပ်ပေးနေတာကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွိုင်အိုလာပါ။ ဟာလန်းရဲ့ ဒေါ့မန်နဲ့ စာချုပ်ပါလျော်ကြေးက ပေါင်သန်း ၉၀ သာဖြစ်တဲ့အပြင် အရစ်ကျပေးချေမှု ၁ကြိမ် ပြုလုပ်နိုင်တဲ့အတွက် ဒီငွေပမာဏကို မန်ယူနဲ့ မန်စီးတီးအပြင် ထိပ်တန်းအသင်းကြီးတွေက ပေးချေနိုင်တဲ့ အနေအထားပါ။

ဟာလန်းဟာ လက်ရှိမန်ယူနည်းပြ ဆိုးလ်ရှားက နော်ဝေကလပ်မိုလ်ဒီကို နည်းပြတုန်းက ကစားသမားဖြစ်တဲ့အတွက် ရင်းနှီးမှုအရ ခေါ်ယူနိုင်မယ်လို့ ထင်စရာရှိပေမယ့် ဖာဂူဆန်လက်ထက်ကတည်းက မန်ယူအသင်းနဲ့ ရွိုင်အိုလာအကြား အဆင်မပြေမှုတွေရှိခဲ့တဲ့အပြင် လက်ရှိ ပေါ့ဂ်ဘာရဲ့ အေးဂျင့်လည်းဖြစ်တဲ့ ရွိုင်အိုလာရဲ့ ရွှေ့ကွက်ကြောင့် ဆဲလ်ဘတ်ကနေ ပြောင်းကတည်းက မန်ယူမရောက်ဘဲ ဒေါ့မန်ကို ရောက်ခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာလည်း ဟာလန်းအနေနဲ့ မန်ယူထက်စာရင် မန်စီးတီး ဒါမှမဟုတ် ရီးရဲလ်ကိုရောက်ဖို့ ဖြစ်နိုင်ခြေ ပိုများနေတာပါ။ ကျွန်းကျင်သူတွေရဲ့အဆိုအရ ရီးရဲလ်အနေနဲ့ ပီအက်စ်ဂျီက အမ်ဘက်ပီကို ငွေအများကြီးသုံးရင်တောင် ခေါ်ယူဖို့ခက်နိုင်တဲ့ အနေအထားမှာ ဟာလန်းက အဆင်ပြေနိုင်တဲ့ ပစ်မှတ်ဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

တကယ်တော့ မန်စီးတီးနဲ့ ပီအက်စဂျီတို့ကလည်း ဘာစီလိုနာက ထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ မက်ဆီကို ဦးစားပေးပစ်မှတ်ပုံစံ ရှိနေတဲ့အတွက် ကစားသမားကိုယ်တိုင်က သွားကစားချင်နေသလို အေးဂျင့် ရွိုင်အိုလာနဲ့လည်း ပြသနာမရှိတဲ့ ရီးရဲလ်မက်ဒရစ်က ဟာလန်းရောက်ရှိဖို့ အလားအလာ အများဆုံး ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဒါ့မန္အသင္းမွာ ေျခစြမ္းျပေနတဲ့ လူငယ္တိုက္စစ္မႈးဟာလန္းကို လာမယ့္ေႏြရာသီ ဖြန္လအေျပာင္းအေ႐ႊ႕မွာ ေငြထုပ္ပိုက္ၿပီး ေခၚယူခ်င္ေနၾကတဲ့ နာမည္ႀကီးကလပ္အသင္းေတြ အမ်ားႀကီးရွိပါတယ္။ ဒီအသင္းေတြထဲမွာ မန္စီးတီးနဲ႔ မန္ယူက သတင္းအထြက္ဆုံးျဖစ္ေနေပမယ့္ ကာယကံရွင္ျဖစ္တဲ့ ဟာလန္းကိုယ္တိုင္ကေတာ့ စပိန္အသင္းႀကီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနတာျဖစ္တယ္လို႔ Marca က ေဖာ္ျပသြားခဲ့ပါတယ္။

၂၀၁၉ခုႏွစ္အကုန္မွာ ဆဲလ္ဘတ္ကေန ေဒါ့မန္ကို ေျပာင္းေ႐ႊ႕လာတဲ့ ဟာလန္းဟာ အသင္းနဲ႔ ခ်က္ခ်င္းအထိုင္က်ခဲ့ၿပီး ဂိုးသြင္းယူေျခစြမ္းျပႏိုင္ခဲ့တာပါ။ ဒီႏွစ္ ခ်န္ပီယံလိဂ္မွာလည္း UCL သြင္းဂိုး၂၀ျပည့္တဲ့ အသက္အငယ္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့သလို ဒီရာသီ ေဒါ့မန္အတြက္ ၿပိဳင္ပြဲစုံ ၃၁ပြဲမွာ ၃၃ဂိုး (စေနည ကိုလုံးပြဲစဥ္ အပါအဝင္) သြင္းယူထားတဲ့ သူလည္းျဖစ္ပါတယ္။

ဥေရာပရဲ႕ အေတာက္ပဆုံး ဆယ္ေက်ာ္သက္ကစားသမားေတြထဲမွာ ပီအက္စ္ဂ်ီက အမ္ဘက္ပီနဲ႔အတူ သတ္မွတ္ခံရတဲ့ ဟာလန္းကို ေအးဂ်င့္လုပ္ေပးေနတာကေတာ့ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ ႐ြိဳင္အိုလာပါ။ ဟာလန္းရဲ႕ ေဒါ့မန္နဲ႔ စာခ်ဳပ္ပါေလ်ာ္ေၾကးက ေပါင္သန္း ၉၀ သာျဖစ္တဲ့အျပင္ အရစ္က်ေပးေခ်မႈ ၁ႀကိမ္ ျပဳလုပ္ႏိုင္တဲ့အတြက္ ဒီေငြပမာဏကို မန္ယူနဲ႔ မန္စီးတီးအျပင္ ထိပ္တန္းအသင္းႀကီးေတြက ေပးေခ်ႏိုင္တဲ့ အေနအထားပါ။

ဟာလန္းဟာ လက္ရွိမန္ယူနည္းျပ ဆိုးလ္ရွားက ေနာ္ေဝကလပ္မိုလ္ဒီကို နည္းျပတုန္းက ကစားသမားျဖစ္တဲ့အတြက္ ရင္းႏွီးမႈအရ ေခၚယူႏိုင္မယ္လို႔ ထင္စရာရွိေပမယ့္ ဖာဂူဆန္လက္ထက္ကတည္းက မန္ယူအသင္းနဲ႔ ႐ြိဳင္အိုလာအၾကား အဆင္မေျပမႈေတြရွိခဲ့တဲ့အျပင္ လက္ရွိ ေပါ့ဂ္ဘာရဲ႕ ေအးဂ်င့္လည္းျဖစ္တဲ့ ႐ြိဳင္အိုလာရဲ႕ ေ႐ႊ႕ကြက္ေၾကာင့္ ဆဲလ္ဘတ္ကေန ေျပာင္းကတည္းက မန္ယူမေရာက္ဘဲ ေဒါ့မန္ကို ေရာက္ခဲ့တာျဖစ္ပါတယ္။

အခုအခ်ိန္မွာလည္း ဟာလန္းအေနနဲ႔ မန္ယူထက္စာရင္ မန္စီးတီး ဒါမွမဟုတ္ ရီးရဲလ္ကိုေရာက္ဖို႔ ျဖစ္ႏိုင္ေျခ ပိုမ်ားေနတာပါ။ ကြၽန္းက်င္သူေတြရဲ႕အဆိုအရ ရီးရဲလ္အေနနဲ႔ ပီအက္စ္ဂ်ီက အမ္ဘက္ပီကို ေငြအမ်ားႀကီးသုံးရင္ေတာင္ ေခၚယူဖို႔ခက္ႏိုင္တဲ့ အေနအထားမွာ ဟာလန္းက အဆင္ေျပႏိုင္တဲ့ ပစ္မွတ္ျဖစ္တယ္လို႔ သုံးသပ္ထားၾကပါတယ္။

တကယ္ေတာ့ မန္စီးတီးနဲ႔ ပီအက္စဂ်ီတို႔ကလည္း ဘာစီလိုနာက ထြက္ခြာဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ မက္ဆီကို ဦးစားေပးပစ္မွတ္ပုံစံ ရွိေနတဲ့အတြက္ ကစားသမားကိုယ္တိုင္က သြားကစားခ်င္ေနသလို ေအးဂ်င့္ ႐ြိဳင္အိုလာနဲ႔လည္း ျပသနာမရွိတဲ့ ရီးရဲလ္မက္ဒရစ္က ဟာလန္းေရာက္ရွိဖို႔ အလားအလာ အမ်ားဆုံး ျဖစ္ေနပါတယ္။