မန်စီးတီးနဲ့ပွဲမှာ ယူနိုက်တက်အသင်း ကိုယ့်ဂိုးပေါက်ကို ပြန်ကန်တဲ့အကြိမ်က ပြိုင်ဘက်ဂိုးပေါက်ကိုကန်တာထက် ပိုများခဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာဒါဘီပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ကိုယ့်ဂိုးပေါက်ထဲကို ပြန်ကန်တဲ့အကြိမ်အရေအတွက်က ပြိုင်ဘက်အသင်းဂိုးပေါက်ကို ကန်တဲ့အကြိမ်ထက် ပိုများခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ စိတ်ပျက်စရာစွမ်းဆောင်ရည်ပြသခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပထမပိုင်းခံစစ်ကစားဟန်က ‘ရပ်ဘီ’အသင်းလိုဖြစ်နေပြီး

ပွဲအစပိုင်းမှာ ဘာယီရဲ့ OG ဂိုး၊ ပထမပိုင်းပြီးခါနီး ဘာနာဒိုဆေးလ်ဗားရဲ့ဂိုးတွေကြောင့် ရှုံးပွဲကြုံတွေ့ခဲ့တာပါ။

မန်စီးတီးအသင်းဟာ ဘာနာဒိုဆေးလ်ဗားသွင်းယူတဲ့တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် အိမ်ရှင်အသင်းကို တစ်ပွဲလုံးအသာစီးနဲ့ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက် အဆိုးရွားဆုံးကတော့ မန်စီးတီးဂိုးသမားအီဒါဆင်ကို ဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ်ရမယ့်အစား ကိုယ့်အသင်းဂိုးသမားဒီဂီယာဘက်ကို ပြန်ကန်သွင်းတဲ့အကြိမ်က ပိုများခဲ့ပြီး

ဘာယီရဲ့OG အပြင် လင်ဒီလော့ဖ်ကလည်း ကိုယ့်ဂိုးကိုယ်အပိုင်ကန်သွင်းခဲ့ပေမယ့် ဒီဂီယာ ကာကွယ်နိုင်ခဲ့လို့ OG နှစ်ဂိုးမဖြစ်ခဲ့တာပါပဲ။

ယူနိုက်တက်အသင်းဟာ တစ်ပွဲလုံး ဂိုးပေါက်တည့်တာက စီရော်နယ်လ်ဒိုရဲ့ မြေမကျကန်ချက်တစ်ကြိမ်သာရှိခဲ့ပြီး ကိုယ့်ဂိုးကိုယ်ပြန်ကန်ခဲ့တာက နှစ်ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်ဂန္ထဝင်နောက်ခံလူဖာဒီနန်က “ယူနိုက်တက်အသင်းဟာ ဒီဂီယာကို ပြန်ပြီးဂိုးပေါက်ခြိမ်းခြောက်တဲ့အကြိမ်က အီဒါဆင်ဘက်ကို ဂိုးပေါက်ကန်သွင်းတဲ့အကြိမ်ထက်ပိုများခဲ့ပါတယ်။

မယုံနိုင်လောက်အောင်ပါပဲ”လို့ Twitter မှာ ဝေဖန်ရေးသားခဲ့ပါတယ်။

ဒ့ါအပြင် ပထမပိုင်းမှာ ယူနိုက်တက်တစ်သင်းလုံးက ကိုယ့်ကွင်းဧရိယာဘက်ခြမ်းမှာပဲ စုံပြုံပြီးကစားနေတာကြောင့် ပရိသတ်တစ်ဦးက ဓာတ်ပုံနဲ့အတူ”ပထမပိုင်းအပြီး ယူနိုက်တက်အသင်းရဲ့ပျမ်းမျှဘောလုံးပိုင်ဆိုင်မှုဖြစ်ပါတယ်။

အခုပွဲက Six Nations (ရပ်ဘီပြိုင်ပွဲ)ပွဲစဉ်မဟုတ်ဘဲ ပရီးမီးယားလိဂ်ပွဲဖြစ်နေတာက ယူနိုက်တက်အသင်းအတွက် ကံမကောင်းခဲ့ဘူးလို့ပြောရမှာပါပဲ”ဆိုပြီးတော့ Twitter မှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးနဲ႔ပြဲမွာ ယူႏိုက္တက္အသင္း ကိုယ့္ဂိုးေပါက္ကို ျပန္ကန္တဲ့အႀကိမ္က ၿပိဳင္ဘက္ဂိုးေပါက္ကိုကန္တာထက္ ပိုမ်ားခဲ့

မန္ခ်က္စတာဒါဘီပြဲမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကိုယ့္ဂိုးေပါက္ထဲကို ျပန္ကန္တဲ့အႀကိမ္အေရအတြက္က ၿပိဳင္ဘက္အသင္းဂိုးေပါက္ကို ကန္တဲ့အႀကိမ္ထက္ ပိုမ်ားခဲ့ပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ စိတ္ပ်က္စရာစြမ္းေဆာင္ရည္ျပသခဲ့တဲ့ ယူႏိုက္တက္အသင္းဟာ ပထမပိုင္းခံစစ္ကစားဟန္က ‘ရပ္ဘီ’အသင္းလိုျဖစ္ေနၿပီး ပြဲအစပိုင္းမွာ ဘာယီရဲ႕ OG ဂိုး၊ ပထမပိုင္းၿပီးခါနီး ဘာနာဒိုေဆးလ္ဗားရဲ႕ဂိုးေတြေၾကာင့္ ရႈံးပြဲႀကဳံေတြ႕ခဲ့တာပါ။

မန္စီးတီးအသင္းဟာ ဘာနာဒိုေဆးလ္ဗားသြင္းယူတဲ့တစ္ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္ အိမ္ရွင္အသင္းကို တစ္ပြဲလုံးအသာစီးနဲ႔ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းအတြက္ အဆိုး႐ြားဆုံးကေတာ့ မန္စီးတီးဂိုးသမားအီဒါဆင္ကို ဂိုးေပါက္ၿခိမ္းေျခာက္မႈျပဳလုပ္ရမယ့္အစား ကိုယ့္အသင္းဂိုးသမားဒီဂီယာဘက္ကို ျပန္ကန္သြင္းတဲ့အႀကိမ္က ပိုမ်ားခဲ့ၿပီး ဘာယီရဲ႕OG အျပင္ လင္ဒီေလာ့ဖ္ကလည္း ကိုယ့္ဂိုးကိုယ္အပိုင္ကန္သြင္းခဲ့ေပမယ့္ ဒီဂီယာ ကာကြယ္ႏိုင္ခဲ့လို႔ OG ႏွစ္ဂိုးမျဖစ္ခဲ့တာပါပဲ။

ယူႏိုက္တက္အသင္းဟာ တစ္ပြဲလုံး ဂိုးေပါက္တည့္တာက စီေရာ္နယ္လ္ဒိုရဲ႕ ေျမမက်ကန္ခ်က္တစ္ႀကိမ္သာရွိခဲ့ၿပီး ကိုယ့္ဂိုးကိုယ္ျပန္ကန္ခဲ့တာက ႏွစ္ႀကိမ္အထိရွိခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ယူႏိုက္တက္ဂႏၴဝင္ေနာက္ခံလူဖာဒီနန္က “ယူႏိုက္တက္အသင္းဟာ ဒီဂီယာကို ျပန္ၿပီးဂိုးေပါက္ၿခိမ္းေျခာက္တဲ့အႀကိမ္က အီဒါဆင္ဘက္ကို ဂိုးေပါက္ကန္သြင္းတဲ့အႀကိမ္ထက္ပိုမ်ားခဲ့ပါတယ္။ မယုံႏိုင္ေလာက္ေအာင္ပါပဲ”လို႔ Twitter မွာ ေဝဖန္ေရးသားခဲ့ပါတယ္။

ဒ့ါအျပင္ ပထမပိုင္းမွာ ယူႏိုက္တက္တစ္သင္းလုံးက ကိုယ့္ကြင္းဧရိယာဘက္ျခမ္းမွာပဲ စုံၿပဳံၿပီးကစားေနတာေၾကာင့္ ပရိသတ္တစ္ဦးက ဓာတ္ပုံနဲ႔အတူ”ပထမပိုင္းအၿပီး ယူႏိုက္တက္အသင္းရဲ႕ပ်မ္းမွ်ေဘာလုံးပိုင္ဆိုင္မႈျဖစ္ပါတယ္။ အခုပြဲက Six Nations (ရပ္ဘီၿပိဳင္ပြဲ)ပြဲစဥ္မဟုတ္ဘဲ ပရီးမီးယားလိဂ္ပြဲျဖစ္ေနတာက ယူႏိုက္တက္အသင္းအတြက္ ကံမေကာင္းခဲ့ဘူးလို႔ေျပာရမွာပါပဲ”ဆိုၿပီးေတာ့ Twitter မွာ ေလွာင္ေျပာင္ေရးသားခဲ့ပါတယ္။