မန်စီးတီးနဲ့ပွဲမှာ ပီအက်စ်ဂျီနဲ့ပွဲကလို Comebackမျိုး ပြန်လည်လုပ်ပြဖို့ အသင်းသားတွေကို ဆိုးလ်ရှားတိုက်တွန်း

PARIS, FRANCE - MARCH 06: Marcus Rashford of Manchester United celebrates scoring a goal to make the score 1-3 during the UEFA Champions League Round of 16 Second Leg match between Paris Saint-Germain and Manchester United at Parc des Princes on March 6, 2019 in Paris, France. (Photo by Matthew Ashton - AMA/Getty Images)

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မန်စီးတီးနဲ့ ကာရာဘောင်ဖလားပွဲမှာ Comeback ပြန်လုပ်ပြနိုင်ဖို့ ပီအက်စ်ဂျီနဲ့ ပွဲကလို အကောင်းဆုံး ကစားပုံလိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပထမအကျော့က အိုးထရက်ဖို့ဒ်မှာ ၃-၁ဖြင့် ဂိုးပြတ် အနိုင်ယူထားခဲ့တာကြောင့် မနက်ဖြန်ပွဲစဉ် အီတီဟတ်မှာ အကောင်းဆုံး ကစားနိုင်ဖို့ လိုအပ်နေခဲ့တာပါ။

photo internet

ဆိုးလ်ရှားကတော့ အဆိုပါ ပွဲစဉ်မှာ ပီအက်စ်ဂျီနဲ့ ပွဲကလို စိတ်ဓာတ်မျိုးနဲ့ အကောင်းဆုံး Comeback လုပ်ပြဖို့ အသင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

ဆိုးလ်ရှားက “၂ဂိုးပြတ်နဲ့ မန်စီးတီးကို နိုင်ဖို့ဆိုတာ အကောင်းဆုံး စွမ်းဆောင်ရည်မျိုး လိုအပ်ပါတယ်။ ဒါက အဝေးဂိုးတွေအတွက်ပဲ အရေးကြီးတာမဟုတ်ပဲ ၂ဂိုးထက် ပိုသွင်းနိုင်ဖို့လည်း လိုပါတယ်။ အဲ့ဒီနောက် ဂိုးအရင် မပေးလိုက်ဖို့လည်း လိုပါတယ်။ ပထမပွဲတုန်းကလည်း ပထမပိုင်းကတည်းက ပွဲပြီးသွားပြီလို့ ထင်ရပေမဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ဂိုးပြတ်သွင်းနိုင်ခဲ့ပါတယ်”

“ဒါကြောင့် ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ ရှိနေတုန်းပါပဲ။ ပီအက်စ်ဂျီနဲ့ပွဲတုန်းကလို အမှတ်တရမျိုးနဲ့ စိတ်ဓာတ်မျိုးကို အစွမ်းကုန် ထုတ်ပြနိုင်ရင်ပေါ့။ ဒီဇင်ဘာလက ပွဲက ကျွန်တော်တို့ကို မျှော်လင့်ချက်တွေ ပေးပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဆိုးလ်ရှားက “သူတို့ ဒဏ်ရာရကစားသမားတွေ ပြန်ပါလာနိုင်ပါပြီ။ ဒါကြောင့် သူတို့ ကစားရ ခက်ခဲစေမှာပါ။ ကျွန်တော်တို့မှာလည်း တော်မီနေးနဲ့ ရက်ရှ်ဖို့ဒ်တို့ ဆုံးရှုံးထားရတာကြောင့် အကောင်းဆုံး ကစားနိုင်မှ တော်ကာကျပါမယ်”လို့ ပြောခဲ့ပါတယ်။