မန်စီးတီးနဲ့စာချုပ်သစ်အတွက် ဂွါဒီယိုလာလမ်းဖွင့်ပေးလိုက်

PC ; Internet

မန်စီးတီးနည်းပြဂွါဒီယိုလာက သူ့ရဲ့အီတီဟတ်အနာဂါတ်နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ထုတ်ဖော်ဖွင့်ဟလိုက်ပါတယ်။ဂွါဒီယိုလာနဲ့မန်စီးတီးရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၁ခုနှစ်အထိရှိနေပါတယ်။ဒါပေမဲ့ စပိန်သားဟာ အသင်းတစ်သင်းကို ၅နှစ်ထက်ပိုပြီးကိုင်တွယ်လေ့မရှိတာကြောင့် သက်တမ်းကုန်ချိန်မှာ မန်စီးတီးကိုစွန့်ခွာသွားလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

PC ; Internet

လက်ရှိအချိန်မှာတော့ ဂွါဒီယိုလာက အီတီဟတ်မှာ သူ သက်သောင့်သက်သာရှိနေတယ်လို့ဖွင့်ဟလိုက်ပြီး စာချုပ်သစ်ကိစ္စကိုလမ်းဖွင့်ပေးလိုက်တာပါ။တကယ်လို့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ရင်တော့ ဘာစီလိုနာကို ၄ရာသီ၊ဘိုင်ယန်မြူးနစ်ကို ၃ရာသီ တာဝန်ယူခဲ့တဲ့ သူ့ရဲ့နည်းပြသက်တမ်းမှာ ၂၀၁၆ ကတည်းက တာဝန်ယူခဲ့တဲ့ မန်စီးတီးဟာ အချိန်အကြာဆုံးကိုင်တွယ်တဲ့အသင်းဖြစ်လာဖို့ရှိနေပါတယ်။

PC ; Internet

“ အမှန်အတိုင်းဖွင့်ပြောရမယ်ဆိုရင် ဒီအသင်းမှာအလုပ်လုပ်ရတာ သက်သောင့်သက်သာရှိလွန်းပါတယ်။ ရလဒ်တွေအပေါ်မှာတော့ အခြေခံတာပေါ့။ ကျွန်တော်တို့ ဘယ်လောက်အထိတွဲဖက်လုပ်ဆောင်နိုင်မလဲဆိုတာကို စောင့်ကြည့်ချင်ပါတယ်။ ၅နှစ်တာကာလတစ်ခု ပြီးဆုံးတဲ့နောက်မှာ ဒါကအရေးကြီးဆုံးကိစ္စဖြစ်လာပါလိမ့်မယ်။ အတူတကွလုပ်ဆောင်နိုင်မယ်လို့ခံစားနေရရင် ဆက်လက်လက်တွဲဖြစ်မှာပါပဲ။ ကျွန်တော့်ဘက်ကအသင်းကို အများကြီးယုံကြည်သလို သူတို့ဘက်ကလည်း ကျွန်တော့်ကိုယုံကြည်ပါတယ်။ ဒါကအရေးကြီးဆုံးအရာပါ” လို့ ဂွါဒီယိုလာက ဖွင့်ဟလိုက်တာပါ။

PC ; Internet

လက်ရှိအချိန်မှာတော့ ၁၈လဆိုတဲ့ အချိန်ကာလတစ်ခုကျန်ရှိနေသေးတာကြောင့် အသင်းနဲ့သူ့ကြားမှာ သဘောတူညီမှုအရေးတကြီးမလိုအပ်သေးသလို လာမယ့်ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့နဲ့အကောင်းဆုံးရာသီတစ်ခုတည်ဆောက်ဖို့သာ အဓိကကျတယ်လို့ စပိန်သားနည်းပြက ဆက်လက်ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

မန္စီးတီးနည္းျပဂြါဒီယိုလာက သူ႔ရဲ႕အီတီဟတ္အနာဂါတ္နဲ႔ပတ္သက္ၿပီး ပထမဆံုးအႀကိမ္ ထုတ္ေဖာ္ဖြင့္ဟလိုက္ပါတယ္။ဂြါဒီယိုလာနဲ႔မန္စီးတီးရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၁ခုႏွစ္အထိရွိေနပါတယ္။ဒါေပမဲ့ စပိန္သားဟာ အသင္းတစ္သင္းကို ၅ႏွစ္ထက္ပိုၿပီးကိုင္တြယ္ေလ့မရွိတာေၾကာင့္ သက္တမ္းကုန္ခ်ိန္မွာ မန္စီးတီးကိုစြန္႔ခြာသြားလိမ့္မယ္လို႔ ထင္ေၾကးေပးေနၾကပါတယ္။လက္ရွိအခ်ိန္မွာေတာ့ ဂြါဒီယိုလာက အီတီဟတ္မွာ သူ သက္ေသာင့္သက္သာရွိေနတယ္လို႔ဖြင့္ဟလိုက္ၿပီး စာခ်ဳပ္သစ္ကိစၥကိုလမ္းဖြင့္ေပးလိုက္တာပါ။တကယ္လို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့ရင္ေတာ့ ဘာစီလိုနာကို ၄ရာသီ၊ဘိုင္ယန္ျမဴးနစ္ကို ၃ရာသီ တာ၀န္ယူခဲ့တဲ့ သူ႔ရဲ႕နည္းျပသက္တမ္းမွာ ၂၀၁၆ ကတည္းက တာ၀န္ယူခဲ့တဲ့ မန္စီးတီးဟာ အခ်ိန္အၾကာဆံုးကိုင္တြယ္တဲ့အသင္းျဖစ္လာဖို႔ရွိေနပါတယ္။“ အမွန္အတိုင္းဖြင့္ေျပာရမယ္ဆိုရင္ ဒီအသင္းမွာအလုပ္လုပ္ရတာ သက္ေသာင့္သက္သာရွိလြန္းပါတယ္။ ရလဒ္ေတြအေပၚမွာေတာ့ အေျခခံတာေပါ့။ ကၽြန္ေတာ္တို႔ ဘယ္ေလာက္အထိတြဲဖက္လုပ္ေဆာင္ႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ခ်င္ပါတယ္။ ၅ႏွစ္တာကာလတစ္ခု ျပီးဆံုးတဲ့ေနာက္မွာ ဒါကအေရးၾကီးဆံုးကိစၥျဖစ္လာပါလိမ့္မယ္။ အတူတကြလုပ္ေဆာင္ႏိုင္မယ္လို႔ခံစားေနရရင္ ဆက္လက္လက္တြဲျဖစ္မွာပါပဲ။ ကၽြန္ေတာ့္ဘက္ကအသင္းကို အမ်ားၾကီးယံုၾကည္သလို သူတို႔ဘက္ကလည္း ကၽြန္ေတာ့္ကိုယံုၾကည္ပါတယ္။ ဒါကအေရးၾကီးဆံုးအရာပါ” လို႔ ဂြါဒီယိုလာက ဖြင့္ဟလိုက္တာပါ။လက္ရွိအခ်ိန္မွာေတာ့ ၁၈လဆိုတဲ့ အခ်ိန္ကာလတစ္ခုက်န္ရွိေနေသးတာေၾကာင့္ အသင္းနဲ႔သူ႔ၾကားမွာ သေဘာတူညီမႈအေရးတႀကီးမလိုအပ္ေသးသလို လာမယ့္ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းဖို႔နဲ႔အေကာင္းဆံုးရာသီတစ္ခုတည္ေဆာက္ဖို႔သာ အဓိကက်တယ္လို႔ စပိန္သားနည္းျပက ဆက္လက္ေျပာဆိုသြားခဲ့ပါတယ္။