မန်စီးတီးနဲ့ကစားမယ့် အရေးကြီးတဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်ဖို့ရှိနေတဲ့ ဘာပေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

PSG အသင်းရဲ့အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဘာပေဟာ ဒဏ်ရာပြဿနာကြောင့် လာမယ့်တစ်ပတ်ကျရင် မန်စီးတီးနဲ့ကစားမယ့် အရေးကြီးတဲ့ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲကို လွဲချော်ဖို့ရှိနေပါပြီ။

ဒီနေ့မှာကစားမယ့် လန်းစ်အသင်းနဲ့ပြင်သစ်လီဂူးပွဲမတိုင်ခင် PSG အသင်းက ဘာပေဟာ ညာဘက်ခြေသလုံးမှာဒဏ်ရာရရှိနေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပေမယ့် ဘယ်လောက်အထိအနားယူရမလဲဆိုတာတော့ မပါဝင်ခဲ့ပါဘူး။

ဒါပေမဲ့ ဘာပေရဲ့ဒဏ်ရာသတင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ဖို့ မန်စီးတီးအသင်းကို ကျော်ဖြတ်ရမယ့် PSG အသင်းအတွက်တော့ စိုးရိမ်စရာကောင်းနေပါပြီ။

ဒါ့အပြင် PSG အသင်းဟာ ပြင်သစ်လီဂူးချန်ပီယံဘွဲ့ကိုလည်း ကာကွယ်ရမှာဖြစ်ပြီး ဘာပေဟာ လန်းစ်အသင်းနဲ့ပွဲကို လွဲချော်ဖို့သေချာသလောက်ရှိနေတာကြောင့် အသင်းတိုက်စစ်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။

ဒီရာသီပြင်သစ်လီဂူးပြိုင်ပွဲ အဆုံးသတ်ဖို့ (၄)ပွဲသာလိုတော့ချိန်မှာ လိုင်လီ(၇၃မှတ်)၊ PSG (၇၂မှတ်)၊ မိုနာကို (၇၁မှတ်)တို့ဟာ တစ်သင်းနဲ့တစ်သင်းကြား တစ်မှတ်စီအကွာနဲ့အပြိုင်ဖြစ်နေကြပြီး ချန်ပီယံဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေချိန်လည်းဖြစ်ပါတယ်။

PSG အသင်းအနေနဲ့ ပြင်သစ်လီဂူးချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ်ရယူဖို့ ပစ်မှတ်ထားနေတာကြောင့် လာမယ့်အင်္ဂါနေ့မှာ မန်စီးတီးနဲ့ကစားမယ့် ဒုတိယအကျော့ပွဲကျရင် ဂိုးပြတ်နိုင်ပွဲရယူနိုင်ဖို့ လိုအပ်နေတာပါ။

PSG အသင်းဟာ ပထမအကျော့ပွဲတုန်းက အိမ်ကွင်းမှာ (၂-၁)ဂိုးနဲ့အရေးနိမ့်ခဲ့တာကြောင့် လာမယ့်ပွဲမှာ အနည်းဆုံး(၂)ဂိုးပြတ်နဲ့နိုင်မှသာ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် အားထားရတဲ့ တိုက်စစ်ကစားသမားဘာပေ အဲဒီပွဲမတိုင်ခင် ဒဏ်ရာက ပြန်သက်သာလာဖို့ လိုအပ်နေပါပြီ။

ဘာပေရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီး ပိုချက်တီနိုက “ဘာပေရဲ့ညာဘက်ခြေသလုံးမှာ ဒဏ်ရာရရှိနေပြီး အဲဒီဒဏ်ရာက သိပ်မပြင်းထန်ဖို့နဲ့ အမြန်ဆုံးဘောလုံးပြန်ကစားနိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။

ဘာပေဟာ ကျွန်တော်တို့အတွက်အရေးပါတဲ့ကစားသမားတစ်ဦးပါပဲ။ ကျွန်တော်ထင်တာကတော့ ဘာပေဟာ မန်စီးတီးနဲ့ပွဲတုန်းက ဒဏ်ရာရရှိခဲ့တယ်လို့ယူဆပါတယ်။

ဒီလိုဒဏ်ရာမျိုးက သိပ်ပြီးပြင်းထန်လေ့မရှိပေမယ့် ခြေသလုံးကြွက်သားတွေလှုပ်ရှားတဲ့နေရာမှာ အဆင်မပြေတော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဘာပေဟာ PSG အသင်းကစားသမားဘဝမှာ ခြေစွမ်းပြဂိုးတွေသွင်းယူနေပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံ(၄၃)ပွဲကစား၊ (၃၇)ဂိုးသွင်းယူခဲ့သလို ပြင်သစ်လီဂူးမှာ (၂၅)ဂိုး၊ ချန်ပီယံလိဂ်မှာတော့ (၈)ဂိုးအထိသွင်းယူထားတာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးနဲ႔ကစားမယ့္ အေရးႀကီးတဲ့ခ်န္ပီယံလိဂ္ပြဲကို လြဲေခ်ာ္ဖို႔ရွိေနတဲ့ ဘာေပ

PSG အသင္းရဲ႕အဓိက တိုက္စစ္မႉးတစ္ဦးျဖစ္သူ ဘာေပဟာ ဒဏ္ရာျပႆနာေၾကာင့္ လာမယ့္တစ္ပတ္က်ရင္ မန္စီးတီးနဲ႔ကစားမယ့္ အေရးႀကီးတဲ့ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့ပြဲကို လြဲေခ်ာ္ဖို႔ရွိေနပါၿပီ။ ဒီေန႔မွာကစားမယ့္ လန္းစ္အသင္းနဲ႔ျပင္သစ္လီဂူးပြဲမတိုင္ခင္ PSG အသင္းက ဘာေပဟာ ညာဘက္ေျခသလုံးမွာဒဏ္ရာရရွိေနတယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ေပမယ့္ ဘယ္ေလာက္အထိအနားယူရမလဲဆိုတာေတာ့ မပါဝင္ခဲ့ပါဘူး။

ဒါေပမဲ့ ဘာေပရဲ႕ဒဏ္ရာသတင္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္ဖို႔ မန္စီးတီးအသင္းကို ေက်ာ္ျဖတ္ရမယ့္ PSG အသင္းအတြက္ေတာ့ စိုးရိမ္စရာေကာင္းေနပါၿပီ။ ဒါ့အျပင္ PSG အသင္းဟာ ျပင္သစ္လီဂူးခ်န္ပီယံဘြဲ႕ကိုလည္း ကာကြယ္ရမွာျဖစ္ၿပီး ဘာေပဟာ လန္းစ္အသင္းနဲ႔ပြဲကို လြဲေခ်ာ္ဖို႔ေသခ်ာသေလာက္ရွိေနတာေၾကာင့္ အသင္းတိုက္စစ္အတြက္ ထိုးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။

ဒီရာသီျပင္သစ္လီဂူးၿပိဳင္ပြဲ အဆုံးသတ္ဖို႔ (၄)ပြဲသာလိုေတာ့ခ်ိန္မွာ လိုင္လီ(၇၃မွတ္)၊ PSG (၇၂မွတ္)၊ မိုနာကို (၇၁မွတ္)တို႔ဟာ တစ္သင္းနဲ႔တစ္သင္းၾကား တစ္မွတ္စီအကြာနဲ႔အၿပိဳင္ျဖစ္ေနၾကၿပီး ခ်န္ပီယံဆုအတြက္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ေနခ်ိန္လည္းျဖစ္ပါတယ္။

PSG အသင္းအေနနဲ႔ ျပင္သစ္လီဂူးခ်န္ပီယံဆုအျပင္ ခ်န္ပီယံလိဂ္ဖလားကို ပထမဆုံးအႀကိမ္ရယူဖို႔ ပစ္မွတ္ထားေနတာေၾကာင့္ လာမယ့္အဂၤါေန႔မွာ မန္စီးတီးနဲ႔ကစားမယ့္ ဒုတိယအေက်ာ့ပြဲက်ရင္ ဂိုးျပတ္ႏိုင္ပြဲရယူႏိုင္ဖို႔ လိုအပ္ေနတာပါ။

PSG အသင္းဟာ ပထမအေက်ာ့ပြဲတုန္းက အိမ္ကြင္းမွာ (၂-၁)ဂိုးနဲ႔အေရးနိမ့္ခဲ့တာေၾကာင့္ လာမယ့္ပြဲမွာ အနည္းဆုံး(၂)ဂိုးျပတ္နဲ႔ႏိုင္မွသာ ဗိုလ္လုပြဲအဆင့္ကို တက္လွမ္းႏိုင္မွာျဖစ္တဲ့အတြက္ အားထားရတဲ့ တိုက္စစ္ကစားသမားဘာေပ အဲဒီပြဲမတိုင္ခင္ ဒဏ္ရာက ျပန္သက္သာလာဖို႔ လိုအပ္ေနပါၿပီ။

ဘာေပရဲ႕ဒဏ္ရာနဲ႔ပတ္သက္ၿပီး ပိုခ်က္တီႏိုက “ဘာေပရဲ႕ညာဘက္ေျခသလုံးမွာ ဒဏ္ရာရရွိေနၿပီး အဲဒီဒဏ္ရာက သိပ္မျပင္းထန္ဖို႔နဲ႔ အျမန္ဆုံးေဘာလုံးျပန္ကစားႏိုင္ဖို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္။ ဘာေပဟာ ကြၽန္ေတာ္တို႔အတြက္အေရးပါတဲ့ကစားသမားတစ္ဦးပါပဲ။

ကြၽန္ေတာ္ထင္တာကေတာ့ ဘာေပဟာ မန္စီးတီးနဲ႔ပြဲတုန္းက ဒဏ္ရာရရွိခဲ့တယ္လို႔ယူဆပါတယ္။ ဒီလိုဒဏ္ရာမ်ိဳးက သိပ္ၿပီးျပင္းထန္ေလ့မရွိေပမယ့္ ေျခသလုံးႂကြက္သားေတြလႈပ္ရွားတဲ့ေနရာမွာ အဆင္မေျပေတာ့ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘာေပဟာ PSG အသင္းကစားသမားဘဝမွာ ေျခစြမ္းျပဂိုးေတြသြင္းယူေနၿပီး ဒီရာသီမွာလည္း ၿပိဳင္ပြဲစုံ(၄၃)ပြဲကစား၊ (၃၇)ဂိုးသြင္းယူခဲ့သလို ျပင္သစ္လီဂူးမွာ (၂၅)ဂိုး၊ ခ်န္ပီယံလိဂ္မွာေတာ့ (၈)ဂိုးအထိသြင္းယူထားတာျဖစ္ပါတယ္။