မန်စီးတီးနဲ့ကစားမယ့် လိဂ်ဖလားဖိုင်နယ်အမီ ဟယ်ရီကိန်း ပြန်ကစားနိုင်ဖို့ရှိပေမယ့် သူမပါရင် စပါးက နိုင်ပွဲပိုရနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့အဓိက တိုက်စစ်မှုး တစ်ဦးဖြစ်တဲ့ ဟာရီကိန်းဟာ လာမယ့် ကာလင်းဖလားဗိုလ်လုပွဲအမှီ ပြန်ကစားနိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ အဲဗာတန်အသင်းနဲ့ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး တောက်လျှောက် အနားယူနေခဲ့ရတာပါ။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ ဆောက်သမ်တန်အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ကိန်းဟာ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပေမယ့် တနင်္ဂနွေညမှာ ကစားမယ့်လိဂ်ဖလား ဗိုလ်လုပွဲမှာတော့ ဒဏ်ရာသက်သာလာတာကြောင့် ပြန်ကစားဖို့ရှိနေတယ်လို့ သိရပါတယ်။

ဟယ်ရီကိန်းဟာဒီရာသီမှာ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှုးတစ်ဦး ဖြစ်ပြီးတော့ ပြိုင်ပွဲအစုံမှာ ၂၆ ဂိုးသွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဟာရီကိန်းနဲ့ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး စပါးယာယီအသင်းနည်းပြ မက်ဆန်က ခုလို ပြောကြားခဲ့ပါတယ်။


မန်ဆန်က”ဟာရီကိန်းတစ်ယောက် ကစားနိုင်မယ့် ရက်တွေ ရောက်လာတော့မှာပါ။ သူကတော့ ပြိုင်ပွဲအမှီ ကြံ့ခိုင်မှု ပြည့်ဝဖို့ အားလုံးလုပ်နေတယ်ဆိုတာ ကျွန်တော်သိနေပါတယ်။ ဆောက်သမ်တန်နဲ့ပွဲစဉ်တုန်းက သူမကစားနိုင်ခဲ့ပေမယ့် လာမယ့် လိဂ်ဖလားဗိုလ်လုပွဲမှာတော့ ကစားနိုင်ဖို့များနေပါတယ်။ ပွဲမတိုင်ခင်မှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု ပြည့်မပြည့်အနေအထားကိုတော့ ကျွန်တော်တို့ဆက်ပြီး စောင့်ကြည့်ရဖို့ရှိပါတယ်” လို့ ပြောကြားသွားပါတယ်။

အချက်အလက်တွေအရတော့ စပါးအသင်းဟာ ဟယ်ရီကိန်းမပါတဲ့အချိန်တွေမှာ နိုင်ပွဲအတွက် စွမ်းဆောင်ရည်တွေ ပိုကောင်းနေတာ တွေ့ရပါတယ်။ ဟယ်ရီကိန်းပါဝင်တဲ့ ၄၃ပွဲမှာ ၂၃ပွဲအနိုင်ရခဲ့ပြီး ၉ပွဲသရေ ၁၁ပွဲရှုံးခဲ့ပြီး အနိုင်ရတဲ့ ရာခိုင်နူန်းက ၅၄% သာရှိထားပြီး ဟယ်ရီကိန်းမပါဝင်တဲ့အချိန်မှာ စပါးဟာ ၉ပွဲကစား ၆ပွဲနိုင် ၁ပွဲ သရေ ၂ပွဲရှုံးနဲ့ အနိင်ရတဲ့ ရာခိုင်နှုန်းက ၆၇% အထိ ရှိနေခဲပတာတွေ့ရပါတယ်။ ဒါကြောင့် ဒီရာသီမြှ စပါးအတွက် ဂိုးအများဆုံး သွင်းထားတဲ့ တိုက်စစ်မှုး ဖြစ်နေပေမယ့်လည်း ဗိုလ်လုပွဲမှာသာ ဟယ်ရီကိန်းမပါနိုင်ခဲ့ရင်လည်း သိပ်တော့ ပြသနာမရှိနိုင်ပါဘူး။

စပါးအသင်းဟာ နည်းပြဟောင်း ပိုချက်တီနို လက်ထက်တုန်းက ချန်ပီယံလိဂ်မှာ ဒုတိယရခဲ့ဖူးတာ ရှိခဲ့ပေမယ့် အဓိက ဖလားတွေနဲ့ အောင်မြင်မှု ဝေးကွာနေတာ ၁၃ နှစ်ကြာနေခဲ့ပါပြီ။ စပါးအသင်းမှာ ဟာရီကိန်းအပြင် အားထားရတဲ့ ညာနောက်ခံလူ ဒိုဟာတီလည်း ပြန်လည် ပါဝင်လာဖို့ရှိနေတယ်လို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္စီးတီးနဲ႔ကစားမယ့္ လိဂ္ဖလားဖိုင္နယ္အမီ ဟယ္ရီကိန္း ျပန္ကစားႏိုင္ဖို႔ရွိေပမယ့္ သူမပါရင္ စပါးက ႏိုင္ပြဲပိုရေန

စပါးအသင္းရဲ႕အဓိက တိုက္စစ္မႈး တစ္ဦးျဖစ္တဲ့ ဟာရီကိန္းဟာ လာမယ့္ ကာလင္းဖလားဗိုလ္လုပြဲအမွီ ျပန္ကစားႏိုင္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။ သူဟာ ၿပီးခဲ့တဲ့ အဲဗာတန္အသင္းနဲ႔ ကစားသြားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာ ရရွိသြားခဲ့တာျဖစ္ၿပီး ေတာက္ေလွ်ာက္ အနားယူေနခဲ့ရတာပါ။ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္တဲ့ ေဆာက္သမ္တန္အသင္းကို ၂-၁ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ ကိန္းဟာ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ရေပမယ့္ တနဂၤေႏြညမွာ ကစားမယ့္လိဂ္ဖလား ဗိုလ္လုပြဲမွာေတာ့ ဒဏ္ရာသက္သာလာတာေၾကာင့္ ျပန္ကစားဖို႔ရွိေနတယ္လို႔ သိရပါတယ္။

ဟယ္ရီကိန္းဟာဒီရာသီမွာ စပါးအသင္းရဲ႕ အဓိက တိုက္စစ္မႈးတစ္ဦး ျဖစ္ၿပီးေတာ့ ၿပိဳင္ပြဲအစုံမွာ ၂၆ ဂိုးသြင္းယူေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဟာရီကိန္းနဲ႔ဒဏ္ရာ အေျခအေနနဲ႔ ပတ္သတ္ၿပီး စပါးယာယီအသင္းနည္းျပ မက္ဆန္က ခုလို ေျပာၾကားခဲ့ပါတယ္။
မန္ဆန္က”ဟာရီကိန္းတစ္ေယာက္ ကစားႏိုင္မယ့္ ရက္ေတြ ေရာက္လာေတာ့မွာပါ။ သူကေတာ့ ၿပိဳင္ပြဲအမွီ ႀကံ့ခိုင္မႈ ျပည့္ဝဖို႔ အားလုံးလုပ္ေနတယ္ဆိုတာ ကြၽန္ေတာ္သိေနပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲစဥ္တုန္းက သူမကစားႏိုင္ခဲ့ေပမယ့္ လာမယ့္ လိဂ္ဖလားဗိုလ္လုပြဲမွာေတာ့ ကစားႏိုင္ဖို႔မ်ားေနပါတယ္။ ပြဲမတိုင္ခင္မွာ ခႏၶာကိုယ္ႀကံ့ခိုင္မႈ ျပည့္မျပည့္အေနအထားကိုေတာ့ ကြၽန္ေတာ္တို႔ဆက္ၿပီး ေစာင့္ၾကည့္ရဖို႔ရွိပါတယ္” လို႔ ေျပာၾကားသြားပါတယ္။

အခ်က္အလက္ေတြအရေတာ့ စပါးအသင္းဟာ ဟယ္ရီကိန္းမပါတဲ့အခ်ိန္ေတြမွာ ႏိုင္ပြဲအတြက္ စြမ္းေဆာင္ရည္ေတြ ပိုေကာင္းေနတာ ေတြ႕ရပါတယ္။ ဟယ္ရီကိန္းပါဝင္တဲ့ ၄၃ပြဲမွာ ၂၃ပြဲအႏိုင္ရခဲ့ၿပီး ၉ပြဲသေရ ၁၁ပြဲရႈံးခဲ့ၿပီး အႏိုင္ရတဲ့ ရာခိုင္ႏူန္းက ၅၄% သာရွိထားၿပီး ဟယ္ရီကိန္းမပါဝင္တဲ့အခ်ိန္မွာ စပါးဟာ ၉ပြဲကစား ၆ပြဲႏိုင္ ၁ပြဲ သေရ ၂ပြဲရႈံးနဲ႔ အနိင္ရတဲ့ ရာခိုင္ႏႈန္းက ၆၇% အထိ ရွိေနခဲပတာေတြ႕ရပါတယ္။ ဒါေၾကာင့္ ဒီရာသီျမႇ စပါးအတြက္ ဂိုးအမ်ားဆုံး သြင္းထားတဲ့ တိုက္စစ္မႈး ျဖစ္ေနေပမယ့္လည္း ဗိုလ္လုပြဲမွာသာ ဟယ္ရီကိန္းမပါႏိုင္ခဲ့ရင္လည္း သိပ္ေတာ့ ျပသနာမရွိႏိုင္ပါဘူး။

စပါးအသင္းဟာ နည္းျပေဟာင္း ပိုခ်က္တီႏို လက္ထက္တုန္းက ခ်န္ပီယံလိဂ္မွာ ဒုတိယရခဲ့ဖူးတာ ရွိခဲ့ေပမယ့္ အဓိက ဖလားေတြနဲ႔ ေအာင္ျမင္မႈ ေဝးကြာေနတာ ၁၃ ႏွစ္ၾကာေနခဲ့ပါၿပီ။ စပါးအသင္းမွာ ဟာရီကိန္းအျပင္ အားထားရတဲ့ ညာေနာက္ခံလူ ဒိုဟာတီလည္း ျပန္လည္ ပါဝင္လာဖို႔ရွိေနတယ္လို႔ သိရပါတယ္။