ဖာဂူဆန်လက်ထက်မှာ မန်ယူကို ပညာပြသွားတဲ့ မန်စီးတီးနည်းပြဟောင်း မန်ချီနီကို သွားရောက် ချိတ်ဆက်နေတဲ့ မန်ယူဘုတ်အဖွဲ့

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဆိုးလ်ရှားတစ်ယောက် လက်ရှိမှာဘာဖိအားမှ မရှိပေမဲ့ နှစ်သစ်ကူးမတိုင်ခင် တည်ငြိမ်တဲ့ ခြေစွမ်းကိုမရခဲ့ရင်တော့ ဖိအားတွေ များလာဖွယ် ရှိနေပါတယ်။ အီတလီကလာတဲ့ သတင်းတွေအရတော့ မန်ယူကဆိုးလ်ရှားကိုထုတ်ပယ်ခဲ့ရင် ခန့်အပ်နိုင်တဲ့ နည်းပြတွေထဲမန်ချီနီလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအီတလီနည်းပြဖြစ်နေတဲ့ မန်ချီနီဟာ မန်ချက်စတာမြို့နဲ့ စိမ်းတဲ့သူတစ်ဦးတော့မဟုတ်ပါဘူး။ ဖာဂူဆန်လက်ထက်က ရမှတ်တူဂိုးကွာခြားချက်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို မန်စီးတီးအသင်းနဲ့ ရယူသွားခဲ့တဲ့သူလည်းဖြစ်ပါတယ်။ မန်ချီနီဟာ အီတလီဘောလုံးလောကမှာ လူကြိုက်များတဲ့သူတစ်ဦးလည်းဖြစ်ပြီး နာမည်ကျော် ကစားသမားတွေကိုလည်း ကိုင်တွယ်နိုင်တဲ့ သြဇာရှိတဲ့သူ လည်း ဖြစ်ပါတယ်။

အီတလီလက်ရွေးစဉ်အသင်းကိုလူငယ်ကစားသမားတွေနဲ့ နေးရှင်းလိဂ်မှာ အောင်ပွဲတွေရယူနိုင်နေတာကြောင့် မန်ယူနည်းပြရာထူးအတွက်ချိတ်ဆက်နေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာနေတာပါ။ မန်စီးတီး နည်းပြဟောင်းဖြစ်တဲ့ မန်ချီနီကို မန်ယူအပြင် ပီအက်စ်ဂျီအသင်းကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေတာပါ။

မန်ချီနီဟာ အီတလီအသင်းကိုတည်ငြိမ်တဲ့ခြေစွမ်းနဲ့အတူ ယူရိုခြေစစ်ပွဲအောင်မြင်ထားခဲ့သလိုနေးရှင်းလိဂ် ဆီမီးဖိုင်နယ်ကိုလည်းတက်ရောက်ထားနိုင်ခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ အတွင်းအကောင်းဆုံး အီတလီအသင်း နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူပါ။

မန်ယူဟာ လက်ရှိဘောလုံးရာသီမှာ ရလဒ်တွေမတည်မငြိမ်ဖြစ်နေလို့ နည်းပြ ဆိုးလ်ရှားရဲ့အနာဂတ်မသေချာတော့ ဘူးလို့သတင်းတွေထွက်နေတာပါ။ မန်ယူအနေနဲ့ လောလောဆယ်မှာ ဆိုးလ်ရှားကိုအလောတကြီးထုတ်ဖို့ စဉ်းစားဦးမှာမဟုတ်ပေမယ့် ထုတ်ပယ်ဖြစ်ခဲ့ရင် မန်ချီနီကိုလည်း ပစ်မှတ်ထားဆက်သွယ်ဖို့ကြိုတင်စီမံ ထားတာပါ။

ဆိုးလ်ရှားဟာအဲဗာတန်ကို ၃-၁ဂိုးနဲ့ အနိုင်မရစဉ်ကထုတ်ပယ်ခံရဖို့ သတင်းကြီးခဲ့ပေမဲ့ အဆိုပါ ပွဲစဉ်အပြီးမှာတော့ ဖိအားတွေကိုလျော့ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဟာပရီးမီးယားလိဂ် ပွဲစဉ် ၇ပွဲ ကစားရမှာ ၃ပွဲသာ နိုင်ခဲ့ပြီးအိမ်ကွင်း ၄ပွဲစလုံးကို အနိုင်မရခဲ့သလိုတော့တင်ဟမ်ကို ၆-၁ဂိုးနဲ့ ရှုံးခဲ့တာတွေ ချန်ပီယံလိဂ်မှာလည်းပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်တု့ိကို နိုင်ခဲ့ပေမဲ့ ဘက်စ်ကီးရှီးယားကိုတော့ စိတ်ပျက်ဖွယ်ရာရှုံးနိမ့်ခဲ့တာတွေ နဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာတွေရှိခဲ့တာတွေဟာ မန်ယူမှာ ဆိုးလ်ရှားအတွက် ခက်ခဲနေတဲ့ ရလဒ်တွေဖြစ်နေပါတယ်။

မန်ယူဟာ စပါးနည်းပြဟောင်းပိုချက်တီနို၊ ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီ တို့ကိုလည်း ဖြစ်နိုင်ချေရှိတဲ့‌ခေါ်ယူမှုစာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

အခုနောက်ဆုံး သတင်းမှာ မန်ချီနီကိုပါ မန်ယူကစောင်းကြည့်စာရင်းထဲမှာထည့်သွင်းလာခဲ့ပြီး ညှိနှိုင်းမှုတွေလုပ်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာပါ။ မန်ယူဟာ ၂၀၁၂ တုန်းက ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို နောက်ဆုံးပွဲရဲ့ နောက်ဆုံးမိနစ်ရောက်မှ လက်လွှတ်ခဲ့ရတာဖြစ်ပြီး အဲဒီတုန်းကမန်စီးတီးနည်းပြက မန်ချီနီဖြစ်ပါတယ်။

အဲဒီတုန်းက မန်စီးတီးဟာ QPR ကို ၂ ဂိုးရှုံးနေရာကနေ အဂူရိုရဲ့နောက်ဆုံးမိနစ်ဂိုးနဲ့အတူ ၃-၂ နဲ့အနိုင်ရပြီး မန်ယူအပေါ်ဂိုးကွာခြားချက်အသာနဲ့ ဗိုလ်စွဲသွားခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချီနီဟာ မန်စီးတီးအသင်းကိုရောက်လာပြီးတဲ့နောက် ၄၄နှစ်အတွင်းပထမဆုံးပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ မြို့ခံပြိုင်ဘက် မန်ယူအသင်းကို အိုးထရက်ဖို့ကွင်းကြီးမှာ သမိုင်းဝင်နိုင်ပွဲရခဲ့တဲ့ (၁-၆)နဲ့နိုင်ပွဲဟာလည်း မန်ချီနီလက်ထက်မှာရခဲ့တာဖြစ်ပြီး အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ မန်ချီနီဟာ ၂၀၀၉ တုန်းက မာ့ခ်ဟုချ်နေရာအစားဝင်ကာ မန်စီးတီးကိုတာဝန်ယူခဲ့သူပါ။

မန်စီးတီးကို ၁၉၁ ပွဲကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတို့ကိုတစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ချီနီဟာ ၂၀၁၄ မေလမှာရာထူးကထုတ်ပယ်ခံခဲ့ရပြီး သူ့နေရာမှာ ပယ်လီဂရီနီက အစားဝင်ခဲ့ပါတယ်။

သူဟာ ၂၀၁၈ မှာအီတလီနည်းပြအဖြစ် စတင်တာဝန်ယူခဲ့ပြီး ၂၆ ပွဲမှာ ၂ ပွဲသာရှုံးနိမ့်မှုအပါအဝင် နောက်ဆုံး ၁၀ ပွဲဆက်အနိုင်ရစေခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ဖာဂူဆန္လက္ထက္မွာ မန္ယူကို ပညာျပသြားတဲ့ မန္စီးတီးနည္းျပေဟာင္း မန္ခ်ီနီကို သြားေရာက္ ခ်ိတ္ဆက္ေနတဲ့ မန္ယူဘုတ္အဖဲြ႕

ဆိုးလ္ရွားတစ္ေယာက္ လက္ရွိမွာဘာဖိအားမွ မရွိေပမဲ့ ႏွစ္သစ္ကူးမတုိင္ခင္ တည္ျငိမ္တဲ့ ေျခစြမ္းကိုမရခဲ့ရင္ေတာ့ ဖိအားေတြ မ်ားလာဖြယ္ ရွိေနပါတယ္။ အီတလီကလာတဲ့ သတင္းေတြအရေတာ့ မန္ယူကဆုိးလ္ရွားကိုထုတ္ပယ္ခဲ့ရင္ ခန္႔အပ္ႏိုင္တဲ့ နည္းျပေတြထဲမန္ခ်ီနီလည္း ပါ၀င္ေနတယ္လို႔ ဆိုပါတယ္။

လက္ရွိအီတလီနည္းျပျဖစ္ေနတဲ့ မန္ခ်ီနီဟာ မန္ခ်က္စတာျမိဳ႕နဲ႕ စိမ္းတဲ့သူတစ္ဦးေတာ့မဟုတ္ပါဘူး။ ဖာဂူဆန္လက္ထက္က ရမွတ္တူဂိုးကြာျခားခ်က္နဲ႕ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို မန္စီးတီးအသင္းနဲ႕ ရယူသြားခဲ့တဲ့သူလည္းျဖစ္ပါတယ္။ မန္ခ်ီနီဟာ အီတလီေဘာလံုးေလာကမွာ လူၾကိဳက္မ်ားတဲ့သူတစ္ဦးလည္းျဖစ္ၿပီး နာမည္ေက်ာ္ ကစားသမားေတြကိုလည္း ကိုင္တြယ္ႏိုင္တဲ့ ၾသဇာရွိတဲ့သူ လည္း ျဖစ္ပါတယ္။
အီတလီလက္ေရြးစဥ္အသင္းကိုလူငယ္ကစားသမားေတြနဲ႕ ေနးရွင္းလိဂ္မွာ ေအာင္ပြဲေတြရယူႏိုင္ေနတာေၾကာင့္ မန္ယူနည္းျပရာထူးအတြက္ခ်ိတ္ဆက္ေနတယ္ဆိုၿပီး သတင္းေတြထြက္ေပၚလာေနတာပါ။ မန္စီးတီး နည္းျပေဟာင္းျဖစ္တဲ့ မန္ခ်ီနီကို မန္ယူအျပင္ ပီအက္စ္ဂ်ီအသင္းကလည္း ေခၚယူဖို႔စိတ္ဝင္စားေနတာပါ။

မန္ခ်ီနီဟာ အီတလီအသင္းကိုတည္ၿငိမ္တဲ့ေျခစြမ္းနဲ႔အတူ ယူရိုေျခစစ္ပြဲေအာင္ျမင္ထားခဲ့သလိုေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္ကိုလည္းတက္ေရာက္ထားႏိုင္ခဲ့ပါတယ္။ ႏွစ္ေပါင္း ၅၀ အတြင္းအေကာင္းဆုံး အီတလီအသင္း နည္းျပအျဖစ္လည္း မွတ္တမ္းဝင္ခဲ့သူပါ။

မန္ယူဟာ လက္ရွိေဘာလုံးရာသီမွာ ရလဒ္ေတြမတည္မၿငိမ္ျဖစ္ေနလို႔ နည္းျပ ဆိုးလ္ရွားရဲ႕အနာဂတ္မေသခ်ာေတာ့ ဘူးလို႔သတင္းေတြထြက္ေနတာပါ။ မန္ယူအေနနဲ႔ ေလာေလာဆယ္မွာ ဆိုးလ္ရွားကိုအေလာတႀကီးထုတ္ဖို႔ စဥ္းစားဦးမွာမဟုတ္ေပမယ့္ ထုတ္ပယ္ျဖစ္ခဲ့ရင္ မန္ခ်ီနီကိုလည္း ပစ္မွတ္ထားဆက္သြယ္ဖို႔ႀကိဳတင္စီမံ ထားတာပါ။

ဆုိးလ္ရွားဟာအဲဗာတန္ကို ၃-၁ဂိုးနဲ႔ အႏုိင္မရစဥ္ကထုတ္ပယ္ခံရဖို႔ သတင္းၾကီးခဲ့ေပမဲ့ အဆုိပါ ပဲြစဥ္အျပီးမွာေတာ့ ဖိအားေတြကိုေလ်ာ့ခ်ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္အသင္းဟာပရီးမီးယားလိဂ္ ပဲြစဥ္ ၇ပဲြ ကစားရမွာ ၃ပြဲသာ ႏုိင္ခဲ့ျပီးအိမ္ကြင္း ၄ပဲြစလံုးကို အႏိုင္မရခဲ့သလိုေတာ့တင္ဟမ္ကို ၆-၁ဂိုးနဲ႔ ရႈံးခဲ့တာေတြ ခ်န္ပီယံလိဂ္မွာလည္းပီအက္စ္ဂ်ီနဲ႔ လုိက္ပ္ဇစ္တု႔ိကို ႏုိင္ခဲ့ေပမဲ့ ဘက္စ္ကီးရွီးယားကိုေတာ့ စိတ္ပ်က္ဖြယ္ရာရႈံးနိမ့္ခဲ့တာေတြ နဲ႕ အာဆင္နယ္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တာေတြရွိခဲ့တာေတြဟာ မန္ယူမွာ ဆုိးလ္ရွားအတြက္ ခက္ခဲေနတဲ့ ရလဒ္ေတြျဖစ္ေနပါတယ္။

မန္ယူဟာ စပါးနည္းျပေဟာင္းပိုခ်က္တီႏို၊ ဂ်ဴဗင္တပ္နည္းျပေဟာင္း အယ္လီဂရီ တို႔ကိုလည္း ျဖစ္ႏိုင္ေခ်ရွိတဲ့‌ေခၚယူမႈစာရင္းထဲမွာ ထည့္သြင္းထားပါတယ္။

အခုေနာက္ဆံုး သတင္းမွာ မန္ခ်ီနီကိုပါ မန္ယူကေစာင္းၾကည့္စာရင္းထဲမွာထည့္သြင္းလာခဲ့ၿပီး ညွိႏႈိင္းမႈေတြလုပ္ေနတယ္ဆိုတဲ့သတင္းေတြထြက္ေပၚလာတာပါ။ မန္ယူဟာ ၂၀၁၂ တုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကို ေနာက္ဆုံးပြဲရဲ႕ ေနာက္ဆုံးမိနစ္ေရာက္မွ လက္လႊတ္ခဲ့ရတာျဖစ္ၿပီး အဲဒီတုန္းကမန္စီးတီးနည္းျပက မန္ခ်ီနီျဖစ္ပါတယ္။

အဲဒီတုန္းက မန္စီးတီးဟာ QPR ကို ၂ ဂိုးရႈံးေနရာကေန အဂူ႐ိုရဲ႕ေနာက္ဆုံးမိနစ္ဂိုးနဲ႔အတူ ၃-၂ နဲ႔အႏိုင္ရၿပီး မန္ယူအေပၚဂိုးကြာျခားခ်က္အသာနဲ႔ ဗိုလ္စြဲသြားခဲ့တာလည္း ျဖစ္ပါတယ္။ မန္စီးတီးအသင္းဟာ ျမိဳ႕ခံျပိဳင္ဘက္ မန္ယူအသင္းကို အိုးထရက္ဖို႕ကြင္းၾကီးမွာ သမိုင္းဝင္ႏိုင္ပြဲရခဲ့တဲ့ (၁-၆)နဲ႕ႏိုင္ပြဲဟာလည္း မန္ခ်ီနီလက္ထက္မွာရခဲ့တာျဖစ္ၿပီး အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္တဲ့ မန္ခ်ီနီဟာ ၂၀၀၉ တုန္းက မာ့ခ္ဟုခ်္ေနရာအစားဝင္ကာ မန္စီးတီးကိုတာဝန္ယူခဲ့သူပါ။ မန္ခ်ီနီဟာ မန္စီးတီးအသင္းကိုေရာက္လာျပီးတဲ့ေနာက္ ၄၄ႏွစ္အတြင္းပထမဆံုးပရီးမီးယားလိဂ္ဖလားကိုဆြတ္ခူးေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

မန္စီးတီးကို ၁၉၁ ပြဲကိုင္တြယ္ခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားတို႔ကိုတစ္ႀကိမ္စီ ဆြတ္ခူးႏိုင္ခဲ့တဲ့ မန္ခ်ီနီဟာ ၂၀၁၄ ေမလမွာရာထူးကထုတ္ပယ္ခံခဲ့ရၿပီး သူ႔ေနရာမွာ ပယ္လီဂရီနီက အစားဝင္ခဲ့ပါတယ္။

သူဟာ ၂၀၁၈ မွာအီတလီနည္းျပအျဖစ္ စတင္တာဝန္ယူခဲ့ၿပီး ၂၆ ပြဲမွာ ၂ ပြဲသာရႈံးနိမ့္မႈအပါအဝင္ ေနာက္ဆုံး ၁၀ ပြဲဆက္အႏိုင္ရေစခဲ့သူျဖစ္ပါတယ္။