မန်စီးတီးက ၄ ယောက်၊ ယူနိုက်တက်နဲ့ စပါးက ၁ယောက်စီ ပါဝင်နေတဲ့ PFA ဆု ဆန်ခါတင် ၆ဦး စာရင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ် ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ PFA အကောင်းဆုံး လူငယ်ကစားသမား ဆန်ခါတင်စာရင်းကို ကြေညာခဲ့ပြီး မကြာခင်မှာပဲ အဓိကဆုဖြစ်တဲ့ PFA Player of The Year Award ဆန်ခါတင် ၆ဥိးစာရင်းကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

လူငယ်အကောင်းဆုံးဆု ဆန်ကာတင်စာရင်းမှာ မန်စီးတီး၊ မန်ယူ၊ လီဗာပူး၊ ချဲလ်ဆီး၊ ဝက်စ်ဟမ်းနဲ့ အာဆင်နယ် အသင်းတို့ကနေ လူငယ်ကစားသမား တစ်ဦးစီပါဝင်ခဲ့ကြတာပါ။

အခု စီနီယာကစာသမားတွေအတွက် အဓိကဆုစာရင်းမှာတော့ ချန်ပီယံဖြစ်သွားတဲ့ မန်စီးတီးအသင်းသား ၄ဦးအထိ ပါဝင်နေတာ တွေ့၇ပါတယ်။

သူတို့တွေနဲ့အတူ ယူနိုက်တက်နဲ့ စပါးအသင်းတို့က ၁ဦးစီပါဝင်နေပြီး ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတွေက တစ်ယောက်မှ ပါမလာခဲ့ပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ထိပ်ဆုံး ၄သင်းထဲမှာ အချိန်အကြာဆုံး ပါဝင်နေနိုင်ခဲ့တဲ့ လက်စတာအသင်းသား တစ်ဦးမှလည်း မပါဝင်တာကို တွေ့ရပါတယ်။

မန်စီးတီးအသင်းက ပါဝင်တဲ့ ကစားသမား ၄ဦးကတော့ ကွင်းလယ်တိုက်စ်ပိုင်းက ဒီဘရိုင်း၊ ဂန်ဒိုဂန်နဲ့ ဖိုလ်ဒန်၊ နောက်တန်းက ရူဘင်ဒက်ဇ်တို့ပါပဲ။

နောက်ခံလူ ရူဘင်ဒက်ဇ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘင်ဖီကာကနေ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူဟာ မန်စီးတီးနောက်တန်းမှာ ဂျွန်စတုန်းနဲ့ တွဲဖက်ပြီး ပရီးမီးယားလိဂ်မှာ ပေးဂိုးအနည်းဆုံး အသင်းဖြစ်အောင် အကောင်းဆုံး ကစားပေးနိုင်ခဲ့တာပါ။

ဒီဘရိုင်းကတော့ လက်ရှိဆုရှင်ဖြစ်ပြီး မန်စီးတီးက ပါဝ်ငနေတဲ့ ၄ယောက်ထဲမှာ ဖိုလ်ဒန်က PFA Young Player of The Year Award မှာလည်း ဆန်ကာတင်စာရင်းထဲ ပါဝင်နေပါတယ်။

မန်စီးတီးနဲ့အတူ အတော်လေးခြေစွာခဲ့တဲ့ ဖိုလ်ဒန်ဟာ လူကြီးဆုနဲ့ လူငယ်ဆုတို့ ၂ခုမှာ တစ်ခု ရရှိဖို့ ရေပန်းစားနေပါတယ်။

ဒီဆန်ခါတင်စာရင်းမှာ ပါဝင်တဲ့ တစ်ဦးတည်းသော တိုက်စစ်မှုးကတော့ စပါးက ဟယ်ရီကိန်းပါပဲ။

ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုကို လီဗာပူးက ဆာလက်ကို ၁ဂိုးအသာနဲ့ ကျော်ဖြတ်ပြီး ၂၃ဂိုးနဲ့ ရရှိခဲ့ပါတယ်။

နောက်ဆုံးတစ်ယောက်ကတော့ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ပါပဲ။

ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး ကစားပေးနေသလို ကိုယ်တိုင်လည်း ဂိုးသွင်း၊ အသင်းဖော်တွေအတွက်လည်း ဂိုးဖန်တီးပေးတဲ့ ဖာနန်ဒက်စ်ကလည်း အချက်အလက်ကောင်းတွေအရ ဒီဆုနဲ့ ထိုက်တန်နေပါတယ်။

ပရိသတ်တွေအမြင်မှာ အကောင်းဆုံးဆု ဘယ်သူရမယ်ထင်လဲ?

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္စီးတီးက ၄ေယာက္၊ ယူႏိုက္တက္နဲ႔ စပါးက ၁ေယာက္စီ ပါဝင္ေနတဲ့ PFA ဆု ဆန္ခါတင္ ၆ဦး စာရင္း

ပရီးမီးယားလိဂ္ ၂၀၂၀-၂၁ ေဘာလုံးရာသီရဲ႕ PFA အေကာင္းဆုံး လူငယ္ကစားသမား ဆန္ခါတင္စာရင္းကို ေၾကညာခဲ့ၿပီး မၾကာခင္မွာပဲ အဓိကဆုျဖစ္တဲ့ PFA Player of The Year Award ဆန္ခါတင္ ၆ဥိးစာရင္းကိုလည္း ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ လူငယ္အေကာင္းဆုံးဆု ဆန္ကာတင္စာရင္းမွာ မန္စီးတီး၊ မန္ယူ၊ လီဗာပူး၊ ခ်ဲလ္ဆီး၊ ဝက္စ္ဟမ္းနဲ႔ အာဆင္နယ္ အသင္းတို႔ကေန လူငယ္ကစားသမား တစ္ဦးစီပါဝင္ခဲ့ၾကတာပါ။

အခု စီနီယာကစာသမားေတြအတြက္ အဓိကဆုစာရင္းမွာေတာ့ ခ်န္ပီယံျဖစ္သြားတဲ့ မန္စီးတီးအသင္းသား ၄ဦးအထိ ပါဝင္ေနတာ ေတြ႕၇ပါတယ္။ သူတို႔ေတြနဲ႔အတူ ယူႏိုက္တက္နဲ႔ စပါးအသင္းတို႔က ၁ဦးစီပါဝင္ေနၿပီး ခ်ဲလ္ဆီးနဲ႔ လီဗာပူးအသင္းေတြက တစ္ေယာက္မွ ပါမလာခဲ့ပါဘူး။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ထိပ္ဆုံး ၄သင္းထဲမွာ အခ်ိန္အၾကာဆုံး ပါဝင္ေနႏိုင္ခဲပတဲ့ လက္စတာအသင္းသား တစ္ဦးမွလည္း မပါဝင္တာကို ေတြ႕ရပါတယ္။ မန္စီးတီးအသင္းက ပါဝင္တဲ့ ကစားသမား ၄ဦးကေတာ့ ကြင္းလယ္တိုက္စ္ပိုင္းက ဒီဘ႐ိုင္း၊ ဂန္ဒိုဂန္နဲ႔ ဖိုလ္ဒန္၊ ေနာက္တန္းက ႐ူဘင္ဒက္ဇ္တို႔ပါပဲ။

ေနာက္ခံလူ ႐ူဘင္ဒက္ဇ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီကမွ ဘင္ဖီကာကေန ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ သူဟာ မန္စီးတီးေနာက္တန္းမွာ ဂြၽန္စတုန္းနဲ႔ တြဲဖက္ၿပီး ပရီးမီးယားလိဂ္မွာ ေပးဂိုးအနည္းဆုံး အသင္းျဖစ္ေအာင္ အေကာင္းဆုံး ကစားေပးႏိုင္ခဲ့တာပါ။ ဒီဘ႐ိုင္းကေတာ့ လက္ရွိဆုရွင္ျဖစ္ၿပီး မန္စီးတီးက ပါဝ္ငေနတဲ့ ၄ေယာက္ထဲမွာ ဖိုလ္ဒန္က PFA Young Player of The Year Award မွာလည္း ဆန္ကာတင္စာရင္းထဲ ပါဝင္ေနပါတယ္။ မန္စီးတီးနဲ႔အတူ အေတာ္ေလးေျခစြာခဲ့တဲ့ ဖိုလ္ဒန္ဟာ လူႀကီးဆုနဲ႔ လူငယ္ဆုတို႔ ၂ခုမွာ တစ္ခု ရရွိဖို႔ ေရပန္းစားေနပါတယ္။

ဒီဆန္ခါတင္စာရင္းမွာ ပါဝင္တဲ့ တစ္ဦးတည္းေသာ တိုက္စစ္မႈးကေတာ့ စပါးက ဟယ္ရီကိန္းပါပဲ။ ပရီးမီးယားလိဂ္ ဂိုးသြင္းဘုရင္ဆုကို လီဗာပူးက ဆာလက္ကို ၁ဂိုးအသာနဲ႔ ေက်ာ္ျဖတ္ၿပီး ၂၃ဂိုးနဲ႔ ရရွိခဲ့ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့ ယူႏိုက္တက္က ဘ႐ူႏိုဖာနန္ဒက္စ္ပါပဲ။ ယူႏိုက္တက္အသင္းအတြက္ အေကာင္းဆုံး ကစားေပးေနသလို ကိုယ္တိုင္လည္း ဂိုးသြင္း၊ အသင္းေဖာ္ေတြအတြက္လည္း ဂိုးဖန္တီးေပးတဲ့ ဖာနန္ဒက္စ္ကလည္း အခ်က္အလက္ေကာင္းေတြအရ ဒီဆုနဲ႔ ထိုက္တန္ေနပါတယ္။ ပရိသတ္ေတြအျမင္မွာ အေကာင္းဆုံးဆု ဘယ္သူရမယ္ထင္လဲ?