မန်စီးတီးကံဆိုးအောင် ဖော်ကောင်လုပ်ခဲ့တဲ့သူ…..

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ဘောလုံးလောကရဲ့ဖုံးအုပ်ထားတဲ့အကြောင်းတွေကိုဖော်ကောင်ဘညွှန့်လုပ်ခဲ့သူကတော့ ပေါ်တူဂီ နိုင်ငံသား ရူအီ ပင်တို ပဲဖြစ်ပါတယ်။

photo internet

ရူအီပင်တိုဟာ ဘောလုံးလောကရဲ့ မကောင်းသတင်းတွေကိုဖော်ပြပေးနေတဲ့ Football Leaks ရဲ့ ကွန်ပျူတာ ဟက်ကာ ပါပဲ။ ရူအီပင်တိုရဲ့အသက်ကတော့ 31 နှစ်ရှိနေပါပြီ။

photo internet

ရူအီပင်တိုဟာ ၂၀၁၅ ခုနှစ်က စပြီး ဘောလုံးအသင်းတွေရဲ့ အချက်အလက် သိမ်းဆည်းထားရာတွေထဲကို ဖောက်ဝင်ခဲ့ပြီး လူသိမခံတဲ့ အချက်အလက်တွေကို ခိုးယူခဲ့ပါတယ်။ သတင်းတွေ အရ ရူအီ ပင်တို မှာ ဘောလုံး အသင်းတွေဆီ ကနေ ဖောက်ထွင်း ရယူ ထားတဲ့ အချက်အလက် ဖိုင်ပေါင်း သန်း 70နီးပါးရှိပါတယ်။

photo internet

Football Leaks ရဲ့ ဖော်ထုတ်မှုကနေတစ်ဆင့် UEFA ဟာ မန်ချက်စတာစီးတီး အသင်းရဲ့ ကွယ်ဝှက်ထားတာတွေကို စုံစမ်းနိုင်ခဲ့ပြီး၊ အခုဆိုပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။ အခုအချိန်မှာ ပင်တိုက မန်စီးတီးအသင်းနဲ့အခြားကလပ်အသင်းတွေရဲ့ရန်သူဖြစ်နေပေမယ့် ပရိသတ်တွေအတွက်ကတော့ ချီးကျူးစရာလူသားဖြစ်နေပါတယ်။

photo internet

ဟက်ကာဆိုပေမယ့် သူလုပ်ခဲ့တာတွေအတွက် ပင်တိုတစ်ယောက်ထောင်နန်းစံနေရပါတယ်။ ပင်တိုဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လမှာ အချုပ်ကျခဲ့တာဖြစ်ပြီး အယူခံဝင်ခဲ့မှု ကလည်း ရှုံးနိမ့်ခဲ့ပါတယ်။ လောလောဆယ်တော့ ပေါ်တူဂီက အချုပ်ခန်းထဲမှာ ရှိပြီး ထောင်ကလွတ်မြောက်ဖို့ ရှေ့နေအဖွဲ့တွေနဲ့တိုင်ပင်လုပ်ဆောင်နေပါတယ်။ မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေကို ပါဝင် ခွင့် ၂ နှစ် ပိတ် ခံခဲ့ရပြီး၊ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံး အဖွဲ့ချုပ် ကလည်း မန်စီးတီး ရဲ့ အပြစ်ဒဏ် ကျခံ ရမှု အပေါ် စတင် စုံစမ်းတော့ မှာ ဖြစ်ပြီး ရမှတ်တွေ လျော့ချ ခြင်း ၊ ဖလား သိမ်းခြင်းတွေ ပြုလုပ် သွားဖို့ ရှိနေတယ် လို့ ကြားသိရ ပါတယ်။

photo internet

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

(Zawgyi Version)

မန္စီးတီးကံဆိုးေအာင္ ေဖာ္ေကာင္လုပ္ခဲ့တဲ့သူ…..

ေဘာလုံးေလာကရဲ႕ဖုံးအုပ္ထားတဲ့အေၾကာင္းေတြကိုေဖာ္ေကာင္ဘညႊန္႔လုပ္ခဲ့သူကေတာ့ ေပၚတူဂီ ႏိုင္ငံသား ႐ူအီ ပင္တို ပဲျဖစ္ပါတယ္။ ရူအီပင္တိုဟာ ေဘာလုံးေလာကရဲ႕ မေကာင္းသတင္းေတြကိုေဖာ္ျပေပးေနတဲ့ Football Leaks ရဲ႕ ကြန္ပ်ဴတာ ဟက္ကာ ပါပဲ။ ရူအီပင္တိုရဲ႕အသက္ကေတာ့ 31 ႏွစ္ရိွေနပါၿပီ။

ရူအီပင္တိုဟာ ၂၀၁၅ ခုႏွစ္က စၿပီး ေဘာလုံးအသင္းေတြရဲ႕ အခ်က္အလက္ သိမ္းဆည္းထားရာေတြထဲကို ေဖာက္ဝင္ခဲ့ၿပီး လူသိမခံတဲ့ အခ်က္အလက္ေတြကို ခိုးယူခဲ့ပါတယ္။ သတင္းေတြ အရ ႐ူအီ ပင္တို မွာ ေဘာလုံး အသင္းေတြဆီ ကေန ေဖာက္ထြင္း ရယူ ထားတဲ့ အခ်က္အလက္ ဖိုင္ေပါင္း သန္း 70နီးပါးရိွပါတယ္။

Football Leaks ရဲ႕ ေဖာ္ထုတ္မႈကေနတစ္ဆင့္ UEFA ဟာ မန္ခ်က္စတာစီးတီး အသင္းရဲ႕ ကြယ္၀ွက္ထားတာေတြကို စုံစမ္းႏိုင္ခဲ့ၿပီး၊ အခုဆိုျပစ္ဒဏ္ခ်မွတ္လိုက္တာျဖစ္ပါတယ္။ အခုအခ်ိန္မွာ ပင္တိုက မန္စီးတီးအသင္းနဲ႔အျခားကလပ္အသင္းေတြရဲ႕ရန္သူျဖစ္ေနေပမယ့္ ပရိသတ္ေတြအတြက္ကေတာ့ ခ်ီးက်ဴးစရာလူသားျဖစ္ေနပါတယ္။

ဟက္ကာဆိုေပမယ့္ သူလုပ္ခဲ့တာေတြအတြက္ ပင္တိုတစ္ေယာက္ေထာင္နန္းစံေနရပါတယ္။ ပင္တိုဟာ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ မတ္လမွာ အခ်ဳပ္က်ခဲ့တာျဖစ္ၿပီး အယူခံဝင္ခဲ့မႈ ကလည္း ရႈံးနိမ့္ခဲ့ပါတယ္။ ေလာေလာဆယ္ေတာ့ ေပၚတူဂီက အခ်ဳပ္ခန္းထဲမွာ ရိွၿပီး ေထာင္ကလြတ္ေျမာက္ဖို႔ ေရွ႕ေနအဖြဲ႕ေတြနဲ႔တိုင္ပင္လုပ္ေဆာင္ေနပါတယ္။ မန္ခ်က္စတာစီးတီးဟာ ခ်န္ပီယံလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲေတြကို ပါဝင္ ခြင့္ ၂ ႏွစ္ ပိတ္ ခံခဲ့ရၿပီး၊ အဂၤလန္ ပရီးမီးယားလိဂ္ ေဘာလုံး အဖြဲ႕ခ်ဳပ္ ကလည္း မန္စီးတီး ရဲ႕ အျပစ္ဒဏ္ က်ခံ ရမႈ အေပၚ စတင္ စုံစမ္းေတာ့ မွာ ျဖစ္ၿပီး ရမွတ္ေတြ ေလ်ာ့ခ် ျခင္း ၊ ဖလား သိမ္းျခင္းေတြ ျပဳလုပ္ သြားဖို႔ ရွိေနတယ္ လို႔ ၾကားသိရ ပါတယ္။