မန်စီးတီးကို စပါးလိုပဲအနိုင်ယူနိုင်အောင် ကြိုးစားဖို့ပြောလိုက်တဲ့ ဆိုလ်းရှား

photo internet

ဒီတစ်ပတ်မှာ မန်ယူပရိသတ်တွေအတွက်ပွဲကောင်းတစ်ပွဲ ရှိနေပြန်ပါသေးတယ်။ မန်စီးတီးအသင်းနဲ့ ဒါဘီပွဲဖြစ်တာကြောင့် ပိုလို့ကြည့်ကောင်းဦးမှာပါ။ စပါးနဲ့ပွဲတုန်းကလို မန်ယူအသင်းခြေစွမ်းပြနိုင်ဖို့ ပရိသတ်တွေကတော့ မျှော်လင့်ထားပါတယ်။ နည်းပြဆိုးလ်ရှားကလည်း မန်ယူကစားသမားတွေအနေနဲ့ ဒါဘီပွဲ ပီပီသသဖြစ်အောင် အားကျိုးမာန်တက်ကြိုးကြိုးစားစား တွန်းတွန်းတိုက်တိုက်ကစားဖို့ ပြောဆိုလာခဲ့ပါတယ်။

photo internet

နည်းပြဆိုးလ်ရှားက မန်ယူကစားသမားတွေအနေနဲ့ စပါးအသင်းကိုနိုင်ခဲ့တဲ့ စိတ်ဓာတ်ကိုဆက်လက်မွေးမြူပြီး မန်စီးတီးကို အသာရအောင်ကြိုးစားစေချင်တာဖြစ်ပါတယ်။ “ဘောလုံးလောက ကပြောင်းလဲမှုတွေ အမြဲတမ်းဖြစ်နေတာပါ။ နဂိုတုန်းကထက်ပိုပြီးခက်ခက်ခဲခဲကစားရမှာပါ။ အခုခေတ်မှာအသေးအမွှားဖြတ်ထုတ်ဖို့ ကိစ္စဟာအရမ်းမလွယ်တော့ပါဘူး။ နည်းစနစ်တွေ၊အတွေးအခေါ်တွေကို အလေးပေးပြီးအသုံးချရမှာပါ။ ဒါဘီပွဲစဉ်ဆိုရင် ဒါဘီပွဲပီသအောင်ကစားဖို့လိုပါတယ်”လို့နည်းပြဆိုးလ်ရှားကပြောပါတယ်။

photo internet

“ကျွန်တော်တို့က အနေအထားမျိုးစုံအတွက် အဆင့်သင့်ဖြစ်နေဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင် မန်စီးတီးအသင်းနဲ့ဒါဘီပွဲတွေကစားဖူးပါတယ်။ ဒါကဟိုတုန်းကပါ။အခုတော့ အရာရာပြောင်းလဲသွားပါပြီ။ ကျွန်တော်ကစားခဲ့စဉ်ကထက် အခုမန်စီးတီးက ပိုလို့ကောင်းနေပါပြီ”လို့ နည်းပြဆိုးလ်ရှားကဆိုပါတယ်။ “မန်စီးတီးဟာဒါဘီပွဲတွေမှာကစားတာကောင်းပါတယ်။ဒါပေမယ့် ကျွန်တော်တို့အနေနဲ့စပါးအသင်းလိုပဲရင်ဆိုင် သွားမှာပါ”လို့ဆိုးလ်ရှားကမှတ်ချက်ပြုပါတယ်။

photo internet

“ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ထားရပါမယ်။ကျွန်တော့်ကောင်လေးတွေအနေနဲ့စပါးအသင်းပွဲစဉ်မှာလိုပဲမန်စီးတီးနဲ့ပွဲမှာလည်း အကောင်းဆုံးလုပ်နိုင်မယ်လို့ယုံပါတယ်”ဆိုပြီးဆိုးလ်ရှားကဆိုပါတယ်။ တစ်ဖက်ကနည်းပြ ဂွာဒီယိုလာကတော့ “မန်ယူကကြီးမားတဲ့သမိုင်းတွေရှိပါတယ်။ တကယ့်ဖလားပြိုင်ပွဲတွေမှာလည်း ခြေစွမ်းတွေပြနိုင်တာကို လေးစားပါတယ်။ ဒါပေမယ့်သူတို့အနေနဲ့ ကျွန်တော်တို့ကို အနိုင်ယူနိုင်ဖို့တော်တော်ကြိုးစားရ ပါမယ်။ ကျွန်တော်တို့ကတော့အကောင်းဆုံးအသင်းအနေနဲ့ယှဉ်ပြိုင်ပြီးအနိုင်ယူမှာပါ”လို့ ပြောပါတယ်။ ကဲပရိသတ်တွေကရော ဘယ်အသင်းကိုအားပေးမှာလဲ၊ဘယ်သူနိုင်မယ်ထင်ပါသလဲ?

photo internet

(Zawgyi Version)

မန္စီးတီးကို စပါးလုိပဲအႏိုင္ယူႏိုင္ေအာင္ ႀကိဳးစားဖို႔ေျပာလိုက္တဲ့ ဆိုလ္းရွား

ဒီတစ္ပတ္မွာ မန္ယူပရိသတ္ေတြအတြက္ပြဲေကာင္းတစ္ပြဲ ရိွေနျပန္ပါေသးတယ္။ မန္စီးတီးအသင္းနဲ႔ ဒါဘီပြဲျဖစ္တာေၾကာင့္ ပိုလို႔ၾကည့္ေကာင္းဦးမွာပါ။ စပါးနဲ႔ပြဲတုန္းကလို မန္ယူအသင္းေျခစြမ္းျပႏိုင္ဖို႔ ပရိသတ္ေတြကေတာ့ ေမွ်ာ္လင့္ထားပါတယ္။ နည္းျပဆိုးလ္ရွားကလည္း မန္ယူကစားသမားေတြအေနနဲ႔ ဒါဘီပြဲ ပီပီသသျဖစ္ေအာင္ အားက်ဳိးမာန္တက္ႀကိဳးႀကိဳးစားစား တြန္းတြန္းတိုက္တုိက္ကစားဖို႔ ေျပာဆိုလာခဲ့ပါတယ္။

နည္းျပဆုိးလ္ရွားက မန္ယူကစားသမားေတြအေနနဲ႔ စပါးအသင္းကိုႏိုင္ခဲ့တဲ့ စိတ္ဓာတ္ကိုဆက္လက္ေမြးျမဴၿပီး မန္စီးတီးကို အသာရေအာင္ႀကိဳးစားေစခ်င္တာျဖစ္ပါတယ္။ “ေဘာလုံးေလာက ကေျပာင္းလဲမႈေတြ အၿမဲတမ္းျဖစ္ေနတာပါ။ နဂိုတုန္းကထက္ပိုၿပီးခက္ခက္ခဲခဲကစားရမွာပါ။ အခုေခတ္မွာအေသးအမႊားျဖတ္ထုတ္ဖို႔ ကိစၥဟာအရမ္းမလြယ္ေတာ့ပါဘူး။ နည္းစနစ္ေတြ၊အေတြးအေခၚေတြကို အေလးေပးၿပီးအသုံးခ်ရမွာပါ။ ဒါဘီပြဲစဥ္ဆိုရင္ ဒါဘီပြဲပီသေအာင္ကစားဖုိ႔လုိပါတယ္”လို႔နည္းျပဆိုးလ္ရွားကေျပာပါတယ္။

“ကၽြန္ေတာ္တို႔က အေနအထားမ်ဳိးစုံအတြက္ အဆင့္သင့္ျဖစ္ေနဖုိ႔လုိပါတယ္။ ကၽြန္ေတာ္ကိုယ္တုိင္ မန္စီးတီးအသင္းန႔ဲဒါဘီပြဲေတြကစားဖူးပါတယ္။ ဒါကဟိုတုန္းကပါ။အခုေတာ့ အရာရာေျပာင္းလဲသြားပါၿပီ။ ကၽြန္ေတာ္ကစားခဲ့စဥ္ကထက္ အခုမန္စီးတီးက ပိုလို႔ေကာင္းေနပါၿပီ”လို႔ နည္းျပဆိုးလ္ရွားကဆုိပါတယ္။ “မန္စီးတီးဟာဒါဘီပြဲေတြမွာကစားတာေကာင္းပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္တို႔အေနနဲ႔စပါးအသင္းလုိပဲရင္ဆိုင္ သြားမွာပါ”လို႔ဆိုးလ္ရွားကမွတ္ခ်က္ျပဳပါတယ္။

“ကုိယ့္ကိုယ္ကိုယ္ယုံၾကည္ခ်က္ထားရပါမယ္။ကၽြန္ေတာ့္ေကာင္ေလးေတြအေနနဲ႔စပါးအသင္းပြဲစဥ္မွာလုိပဲမန္စီးတီးနဲ႔ပြဲမွာလည္း အေကာင္းဆုံးလုပ္ႏိုင္မယ္လို႔ယုံပါတယ္”ဆိုၿပီးဆိုးလ္ရွားကဆိုပါတယ္။ တစ္ဖက္ကနည္းျပ ဂြာဒီယိုလာကေတာ့ “မန္ယူကႀကီးမားတဲ့သမိုင္းေတြရိွပါတယ္။ တကယ့္ဖလားၿပိဳင္ပြဲေတြမွာလည္း ေျခစြမ္းေတြျပႏိုင္တာကို ေလးစားပါတယ္။ ဒါေပမယ့္သူတို႔အေနနဲ႔ ကၽြန္ေတာ္တို႔ကို အႏိုင္ယူႏိုင္ဖို႔ေတာ္ေတာ္ႀကိဳးစားရပါမယ္။ ကၽြန္ေတာ္တို႔ကေတာ့အေကာင္းဆုံးအသင္းအေနနဲ႔ယွဥ္ၿပိဳင္ၿပီးအႏိုင္ယူမွာပါ”လို႔ ေျပာပါတယ္။ ကဲပရိသတ္ေတြကေရာ ဘယ္အသင္းကိုအားေပးမွာလဲ၊ဘယ္သူႏိုင္မယ္ထင္ပါသလဲ?