မန်စီးတီးကို သရေကစားဖို့ အစီအစဉ်မရှိဘူးလို့ ဗန်ဂျစ် ပြော

Photo- Internet
Photo- Internet

လီဗာပူအသင်းနောက်ခံလူ ဗန်ဂျစ်က သူတို့ဟာလက်ရှိချန်ပီယံ မန်စီးတီးအသင်းကိုလုံးဝကြောက်ရွံစိတ် မရှိတဲ့အတွက် သရေကစားဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောလိုက်ပါတယ်။ သူတို့နှစ်သင်းဟာ ဒီကနေ့ည အန်ဖီးလ်ကွင်းမှာထိပ်တိုက်တွေ့ဆုံ မှာဖြစ်ပြီး လက်ရှိမှာ လီဗာပူးက ၆ မှတ်အသာနဲ့ ထိပ်ဆုံးကနေဦးဆောင်နေတာပါ။

လီဗာပူးဟာ မနှစ်တုန်းက ချန်ပီယံဘွဲ့ကို ကပ်ပြီးလက်လွှတ်ခဲ့ရမှုမှာ မန်စီးတီးကို အိမ်ကွင်းမှာ ဂိုးမရှိသရေသာ ကစားနိုင်ပြီးအဝေးကွင်းမှာ ၂-၁ နဲ့ရှုံးနိမ့်မှုကလည်းအဓိက အချက်တစ်ခုဖြစ်ခဲ့ပါတယ်။ လက်ရှိမှာလည်း အနိုင်ရရင် ၉ မှတ်အထိဖြတ်ထားနိုင်မယ့် အခွင့်အရေးရှိနေလို့ အနိုင်ရဖို့ကိုသာအာရုံစိုက်မယ်လို့ ဗန်ဂျစ်ကဆိုခဲ့တာပါ။

Photo- Internet

လက်ရှိမှာ လီဗာပူးဟာ အိမ်ကွင်းမှတ်တမ်းသိပ်ကောင်းမွန်နေပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပအဆင့်မှာ အိမ်ကွင်းရှုံးပွဲမရှိတာ ရက်ပေါင်း ၉၀၀ ရှိနေပြီဖြစ်သလို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ထိပ်ဆုံး ၆ သင်းစလုံးဟာ အန်ဖီးလ်မှာ ၃ မှတ်ရခဲ့တယ်ဆိုတာလည်း မရှိလို့ အိမ်ကွင်းအားသာချက်အပြည့်အ၀ ရရှိထားတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဂွာဒီယိုလာဟာလည်း အန်ဖီးလ်မှာအနိုင်ရတယ်ဆိုတဲ့ မှတ်တမ်းမရှိထားပါဘူး။

Photo- Internet

ဗန်ဂျစ်က”သရေကျရင်လည်း ၆ မှတ်ဆက်ဖြတ်နိုင်မှာဖြစ်ပေမယ့် ဒီလိုကစားဖို့ ကျွန်တော်တို့ စဉ်းစားခြင်းလုံးဝမရှိပါဘူး။ ကျွန်တော်တို့ ကစားနေကျပုံစံအတိုင်း ပွဲတိုင်းကိုအနိုင်ရဖို့ရည်ရွယ်တဲ့ အတိုင်းမန်စီးတီးကိုလည်း ဒီအတိုင်း ကစားမှာပါ။ မန်စီးတီးဘက်က ကြည့်ရင်လည်းသူတို့ဟာအနိုင်ရဖို့လိုအပ်နေလို့ အပြင်းအထန်တုံ့ပြန်လာမှာပါ။ ဒါပေမယ့်သူတို့ကို ကျွန်တော်တို့ လုံးဝမကြောက်ပါဘူး ” လို့ပြောသွားပါတယ်။

Photo- Internet

ဂွာဒီယိုလာဟာ မန်စီးတီးကိုတာဝန်ယူပြီးနောက် ပရီးမီးယားလိဂ်ထိပ်ဆုံး ၆ သင်းနဲ့အဝေးကွင်း ၁၅ ပွဲရင်ဆိုင်ခဲ့ရာမှာ ၈ ပွဲနိုင်၊ ၅ ပွဲသရေကျပြီး ၂ ပွဲရှုံးခဲ့ကာ ၂၂ ဂိုးသွင်းယူပြီး ၁၆ ဂိုးပြန်ပေးထားရပါတယ်။ သူတို့နှစ်သင်း အန်ဖီးလ်ကွင်းထိပ်တိုက်တွေ့ဆုံမှု ၂၂ ပွဲ မှတ်တမ်းမှာတော့ လီဗာပူးက ၁၅ ပွဲနိုင်၊ ၆ ပွဲသရေကျပြီး ၁ ပွဲသာရှုံးထားတယ်လို့ သိရပါတယ်။

Photo- Internet

Zawgyi

မန္စီးတီးကို သေရကစားဖို႔ အစီအစဥ္မရွိဘူးလို႔ ဗန္ဂ်စ္ ေျပာ

လီဗာပူအသင္းေနာက္ခံလူ ဗန္ဂ်စ္က သူတို႔ဟာလက္ရွိခ်န္ပီယံ မန္စီးတီးအသင္းကိုလုံး၀ေၾကာက္ရြံစိတ္ မရွိတဲ႔အတြက္ သေရကစားဖို႔ ရည္ရြယ္ခ်က္မရွိဘူးလို႔ ေျပာလိုက္ပါတယ္။ သူတို႔ႏွစ္သင္းဟာ ဒီကေန႔ည အန္ဖီးလ္ကြင္းမွာထိပ္တိုက္ေတြ႔ဆုံ မွာျဖစ္ၿပီး လက္ရွိမွာ လီဗာပူးက ၆ မွတ္အသာနဲ႔ ထိပ္ဆုံးကေနဦးေဆာင္ေနတာပါ။

လီဗာပူးဟာ မႏွစ္တုန္းက ခ်န္ပီယံဘြဲ႔ကို ကပ္ၿပီးလက္လႊတ္ခဲ့ရမႈမွာ မန္စီးတီးကို အိမ္ကြင္းမွာ ဂိုးမရွိသေရသာ ကစားႏိုင္ၿပီးအေ၀းကြင္းမွာ ၂-၁ နဲ႔ရႈံးနိမ့္မႈကလည္းအဓိက အခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။ လက္ရွိမွာလည္း အႏိုင္ရရင္ ၉ မွတ္အထိျဖတ္ထားႏိုင္မယ္႔ အခြင့္အေရးရွိေနလို႔ အႏိုင္ရဖို႔ကိုသာအာရုံစိုက္မယ္လို႔ ဗန္ဂ်စ္ကဆိုခဲ့တာပါ။

လက္ရွိမွာ လီဗာပူးဟာ အိမ္ကြင္းမွတ္တမ္းသိပ္ေကာင္းမြန္ေနၿပီး ပရီးမီးယားလိဂ္နဲ႔ ဥေရာပအဆင့္မွာ အိမ္ကြင္းရႈံးပြဲမရွိတာ ရက္ေပါင္း ၉၀၀ ရွိေနၿပီျဖစ္သလို ၿပီးခဲ့တဲ႔ ၂ ႏွစ္အတြင္း ထိပ္ဆုံး ၆ သင္းစလုံးဟာ အန္ဖီးလ္မွာ ၃ မွတ္ရခဲ့တယ္ဆိုတာလည္း မရွိလို႔ အိမ္ကြင္းအားသာခ်က္အျပည့္အ၀ ရရွိထားတယ္လို႔လည္း ဆိုႏိုင္ပါတယ္။ ဂြာဒီယိုလာဟာလည္း အန္ဖီးလ္မွာအႏိုင္ရတယ္ဆိုတဲ႔ မွတ္တမ္းမရွိထားပါဘူး။

ဗန္ဂ်စ္က”သေရက်ရင္လည္း ၆ မွတ္ဆက္ျဖတ္ႏိုင္မွာျဖစ္ေပမယ္႔ ဒီလိုကစားဖို႔ က်ြန္ေတာ္တို႔ စဥ္းစားျခင္းလုံး၀မရွိပါဘူး။ က်ြန္ေတာ္တို႔ ကစားေနက်ပုံစံအတိုင္း ပြဲတိုင္းကိုအႏိုင္ရဖို႔ရည္ရြယ္တဲ႔ အတိုင္းမန္စီးတီးကိုလည္း ဒီအတိုင္း ကစားမွာပါ။ မန္စီးတီးဘက္က ၾကည့္ရင္လည္းသူတို႔ဟာအႏိုင္ရဖို႔လိုအပ္ေနလို႔ အျပင္းအထန္တုံ႔ျပန္လာမွာပါ။ ဒါေပမယ္႔သူတို႔ကို က်ြန္ေတာ္တို႔ လုံး၀မေၾကာက္ပါဘူး ” လို႔ေျပာသြားပါတယ္။

ဂြာဒီယိုလာဟာ မန္စီးတီးကိုတာ၀န္ယူၿပီးေနာက္ ပရီးမီးယားလိဂ္ထိပ္ဆုံး ၆ သင္းနဲ႔အေ၀းကြင္း ၁၅ ပြဲရင္ဆိုင္ခဲ့ရာမွာ ၈ ပြဲႏိုင္၊ ၅ ပြဲသေရက်ၿပီး ၂ ပြဲရႈံးခဲ့ကာ ၂၂ ဂိုးသြင္းယူၿပီး ၁၆ ဂိုးျပန္ေပးထားရပါတယ္။ သူတို႔ႏွစ္သင္း အန္ဖီးလ္ကြင္းထိပ္တိုက္ေတြ႔ဆုံမႈ ၂၂ ပြဲ မွတ္တမ္းမွာေတာ႔ လီဗာပူးက ၁၅ ပြဲႏိုင္၊ ၆ ပြဲသေရက်ၿပီး ၁ ပြဲသာရႈံးထားတယ္လို႔ သိရပါတယ္။