
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အချို့ ကြယ်ပွင့်တွေကတော့ အခုအချိန်မှာ ပိုမိုတောက်ပနေပြီ ဖြစ်ပေမယ့် တချို့တွေကတော့ ခဏတာပဲ တောက်ပကြတာပါ။
1. ဆန်ချို
မန်စီးတီး အကယ်ဒမီထွက် ဆန်ချိုဟာ ဒေါ့မွန်ရောက်ချိန်မှာ အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။
အသင်းအားလုံးက ခေါ်ဖို့ စိတ်ဝင်စားခဲ့ကြပြီး၊ ယူနိုက်တက်ဆိုရင် နှစ်ရာသီလောက် ကြိုးစားခဲ့ရပါတယ်။
လာမယ့် ရာသီမှာတော့ ဆန်ချို တစ်ယောက် သရဲနီဂျာစီ ဝတ်ရပါတော့မယ်။
2.ကက်စပါ ရှမိုက်ကယ်
ကက်စပါကလည်း မန်စီးတီးအကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပါတယ်။
အဲဒီကနေ နော့စ်ကောင်တီ၊ လိဒ်ယူနိုက်တက်တို့မှာ ကစားခဲ့ပြီးနောက် လက်စတာကို ရောက်လာသူပါ။
အခုအချိန်မှာတော့ ကက်စပါလည်း အကောင်းဆုံး ဂိုးသမားတစ်ယောက် ဖြစ်နေပါပြီ။
3.ရာဘီယော့
မန်စီးတီးကို ၂၀၀၈ မှာ စွန့်ခွာခဲ့တဲ့ ရာဘီယော့ဟာ ပီအက်စ်ဂျီမှာ တောက်ပနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီနဲ့ အတူ ဆုတံဆိပ် ၁၆ ခုရယူနိုင်ခဲ့ပါတယ်။
၂၀၁၉ တွင် ပီအက်စ်ဂျီကနေ ဂျူဗင်တပ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
4. ထရစ်ပီယာ
မန်စီးတီးမှာ အသက်ငယ်တုန်းကနေခဲ့ဖူးတဲ့ ထရစ်ပီယာဟာ အခွင့်အရေးမရခဲ့ပါဘူး။
ထရစ်ပီယာဟာ ဘန်လေအသင်းမှာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ၃ ရာသီ ကစားပေးခဲ့ပါတယ်။
အဲဒီနောက်စပါးကိုပြောင်း၊ အခုတော့ အက်သလက်တီကို ကိုယ်စားပြုနေပါပြီ။
ထရစ်ပီယာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတွင် အက်သလက်တီကိုမက်ဒရစ်အတွက် ၂၈ ပွဲကစားပြီး လာလီဂါချန်ပီယံဖြစ်ရေးတွင် အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။
ထရစ်ပီယာတစ်ယောက် လက်ရှိအချိန်တွင် အင်္ဂလန်အတွက် ကစားပေးနေပါတယ်။
5. စတားရစ်
စတားရစ်ဟာခြေစွမ်းကောင်းတွေကိုပိုင်ဆိုင်ထားခဲ့ပေမယ့် အမြဲတမ်းအလိုလို အသင်းတာဝန်ရှိသူတွေနဲ့အဆင်မပြေဖြစ်ခဲ့ပြီး မူးယစ်ဆေးဝါးပြဿနာတွေနဲ့ လည်း ကြုံခဲ့ပါတယ်။
ပရောဖက်ရှင်နယ် ကစားသမား ဘဝကိုမန်းစီးတီးမှာပဲ စတင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ မန်းစီးတီးမှာ ကစားပါတယ်။
အဲဒီနောက် ချယ်လ်ဆီးကို ရောက်သွားခဲ့ပါတယ်။
၂၀၁၁ ခုနှစ် အတွင်း ဘော်တန်ဝမ်းဒါးရားကို ၁ နှစ် အငှားချ ခံခဲ့ရပါသေးတယ်။
၂၀၁၃ ခုနှစ်မှာတော့ လီဗာပူးကို ရောက်သွားခဲ့ပါတယ်။
ချယ်လ်ဆီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလားကို ၂၀၁၀ ခုနှစ်မှာ ၁ ကြိမ်၊ FA ဖလားကို ၂၀၁၀ ခုနှစ်၊ ၂၀၁၂ တွေမှာ ၂ ကြိမ်၊ UEFA ချန်ပီယီယံလိဂ် ဖလားကို ၂၀၁၂ ခုနှစ်တွေမှာ ရယူထားနိုင်ခဲ့ပါတယ်။
6.ဒီနေယာ
လိုင်ယွန်နဲ့ ဘယ်လ်ဂျီယမ်အသင်းတို့က ဒီနေယာကို ပိုမိုတောက်ပအောင် လုပ်ပေးနိုင်ခဲ့ကြပါတယ်။
အသက် ၂၅ နှစ်အရွယ် ကြယ်ပွင့်လေးက ဒီထက်ပိုပြီး တောက်ပနိုင်ပါသေးတယ်။
7.ဒီးယာ့စ်
၂၀၁၈ ခုနှစ်မှာ ရီးရဲလ်ဆီ ရောင်းချခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ တော့ အေစီမီလန်ဆီ အငှားထွက်ခဲ့ပါတယ်။၃၉ ပွဲမှာ ၇ ဂိုးသွင်းထားပါတယ်။
၂၁ နှစ်အရွယ် ကစားသမားမှာ အနာဂတ်အချိန်တွေ အများကြီး ကျန်သေးတာကြောင့် မန်စီးတီး လက်လွှတ်လိုက်တာ မှားတယ်ဆိုတာကို သက်သေပြနိုင်မယ့် အခွင့်အရေးတွေ ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
မန္စီးတီးကို စြန္႔ခြာၿပီးေနာက္ ေတာက္ပတဲ့ ၾကယ္ ၇ ပြင့္
အခ်ိဳ႕ ၾကယ္ပြင့္ေတြကေတာ့ အခုအခ်ိန္မွာ ပိုမိုေတာက္ပေနၿပီ ျဖစ္ေပမယ့္ တခ်ိဳ႕ေတြကေတာ့ ခဏတာပဲ ေတာက္ပၾကတာပါ။
1. ဆန္ခ်ိဳ
မန္စီးတီး အကယ္ဒမီထြက္ ဆန္ခ်ိဳဟာ ေဒါ့မြန္ေရာက္ခ်ိန္မွာ အေကာင္းဆုံး ေျခစြမ္းေတြ ထုတ္ျပႏိုင္ခဲ့ပါတယ္။ အသင္းအားလုံးက ေခၚဖို႔ စိတ္၀င္စားခဲ့ၾကၿပီး၊ ယူႏိုက္တက္ဆိုရင္ ႏွစ္ရာသီေလာက္ ႀကိဳးစားခဲ့ရပါတယ္။ လာမယ့္ ရာသီမွာေတာ့ ဆန္ခ်ိဳ တစ္ေယာက္ သရဲနီဂ်ာစီ ၀တ္ရပါေတာ့မယ္။
2.ကက္စပါ ရွမိုက္ကယ္
ကက္စပါကလည္း မန္စီးတီးအကယ္ဒမီကေန ထြက္ေပၚလာသူျဖစ္ပါတယ္။ အဲဒီကေန ေနာ့စ္ေကာင္တီ၊ လိဒ္ယူႏိုက္တက္တို႔မွာ ကစားခဲ့ၿပီးေနာက္ လက္စတာကို ေရာက္လာသူပါ။ အခုအခ်ိန္မွာေတာ့ ကက္စပါလည္း အေကာင္းဆုံး ဂိုးသမားတစ္ေယာက္ ျဖစ္ေနပါၿပီ။
3.ရာဘီေယာ့
မန္စီးတီးကို ၂၀၀၈ မွာ စြန္႔ခြာခဲ့တဲ့ ရာဘီေယာ့ဟာ ပီအက္စ္ဂ်ီမွာ ေတာက္ပႏိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီနဲ႔ အတူ ဆုတံဆိပ္ ၁၆ ခုရယူႏိုင္ခဲ့ပါတယ္။ ၂၀၁၉ တြင္ ပီအက္စ္ဂ်ီကေန ဂ်ဴဗင္တပ္စ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။
4. ထရစ္ပီယာ
မန္စီးတီးမွာ အသက္ငယ္တုန္းကေနခဲ့ဖူးတဲ့ ထရစ္ပီယာဟာ အခြင့္အေရးမရခဲ့ပါဘူး။ ထရစ္ပီယာဟာ ဘန္ေလအသင္းမွာ ၂၀၁၂ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္အထိ ၃ ရာသီ ကစားေပးခဲ့ပါတယ္။ အဲဒီေနာက္စပါးကိုေျပာင္း၊ အခုေတာ့ အက္သလက္တီကို ကိုယ္စားျပဳေနပါၿပီ။
ထရစ္ပီယာဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီတြင္ အက္သလက္တီကိုမက္ဒရစ္အတြက္ ၂၈ ပြဲကစားၿပီး လာလီဂါခ်န္ပီယံျဖစ္ေရးတြင္ အဓိကေနရာမွ ပါဝင္ခဲ့ပါတယ္။ ထရစ္ပီယာတစ္ေယာက္ လက္ရွိအခ်ိန္တြင္ အဂၤလန္အတြက္ ကစားေပးေနပါတယ္။
5. စတားရစ္
စတားရစ္ဟာေျခစြမ္းေကာင္းေတြကိုပိုင္ဆိုင္ထားခဲ့ေပမယ့္ အၿမဲတမ္းအလိုလို အသင္းတာဝန္ရွိသူေတြနဲ႔အဆင္မေျပျဖစ္ခဲ့ၿပီး မူးယစ္ေဆးဝါးျပႆနာေတြနဲ႔ လည္း ႀကဳံခဲ့ပါတယ္။ ပေရာဖက္ရွင္နယ္ ကစားသမား ဘဝကိုမန္းစီးတီးမွာပဲ စတင္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္ကေန ၂၀၀၉ ခုႏွစ္ထိ မန္းစီးတီးမွာ ကစားပါတယ္။ အဲဒီေနာက္ ခ်ယ္လ္ဆီးကို ေရာက္သြားခဲ့ပါတယ္။ ၂၀၁၁ ခုႏွစ္ အတြင္း ေဘာ္တန္ဝမ္းဒါးရားကို ၁ ႏွစ္ အငွားခ် ခံခဲ့ရပါေသးတယ္။ ၂၀၁၃ ခုႏွစ္မွာေတာ့ လီဗာပူးကို ေရာက္သြားခဲ့ပါတယ္။ခ်ယ္လ္ဆီး အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္ဖလားကို ၂၀၁၀ ခုႏွစ္မွာ ၁ ႀကိမ္၊ FA ဖလားကို ၂၀၁၀ ခုႏွစ္၊ ၂၀၁၂ ေတြမွာ ၂ ႀကိမ္၊ UEFA ခ်န္ပီယီယံလိဂ္ ဖလားကို ၂၀၁၂ ခုႏွစ္ေတြမွာ ရယူထားႏိုင္ခဲ့ပါတယ္။
6.ဒီေနယာ
လိုင္ယြန္နဲ႔ ဘယ္လ္ဂ်ီယမ္အသင္းတို႔က ဒီေနယာကို ပိုမိုေတာက္ပေအာင္ လုပ္ေပးႏိုင္ခဲ့ၾကပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ ၾကယ္ပြင့္ေလးက ဒီထက္ပိုၿပီး ေတာက္ပႏိုင္ပါေသးတယ္။
7.ဒီးယာ့စ္
၂၀၁၈ ခုႏွစ္မွာ ရီးရဲလ္ဆီ ေရာင္းခ်ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ေတာ့ ေအစီမီလန္ဆီ အငွားထြက္ခဲ့ပါတယ္။၃၉ ပြဲမွာ ၇ ဂိုးသြင္းထားပါတယ္။ ၂၁ ႏွစ္အ႐ြယ္ ကစားသမားမွာ အနာဂတ္အခ်ိန္ေတြ အမ်ားႀကီး က်န္ေသးတာေၾကာင့္ မန္စီးတီး လက္လႊတ္လိုက္တာ မွားတယ္ဆိုတာကို သက္ေသျပႏိုင္မယ့္ အခြင့္အေရးေတြ ရွိေနပါတယ္။