M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဒီတစ်ပတ်အတွက် လော်ရိုးရဲ့ ခန့်မှန်းချက်တွေကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီတစ်ပတ်လည်း လော်ရိုးက ယူနိုက်တက်ကို အနိုင်ခန့်မှန်းထားပါတယ်။
ဘန်လေ Vs အာဆင်နယ်
ပွဲချိန်- စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့၊ ညနေ ၈း၃၀ နာရီ။
တနင်္လာနေ့ က ကစားသွားတဲ့ အဲဗာတန် နဲ့ ပွဲစဉ်မှာ ဘန်လေ ရဲ့ ခြေစွမ်းက ကောင်းပါတယ်။
ပြောရရင် လီဗာပူး ကို ရင်ဆိုင် ကစားသွားတဲ့ ပုံစံအတိုင်းပါပဲ။
ဒါပေမယ့် အဲနှစ်ပွဲစလုံးကနေ အမှတ်လုံး၀ မရတဲ့အတွက် ၊ ဒီပွဲမှာတော့ အပြောင်းအလဲတွေ လုပ်လာနိုင်ပါတယ်။
အာဆင်နယ် ကလည်း နော့ဝှစ်ချ် နဲ့ ပွဲစဉ်မှာ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့သလို ၊ ပထမဆုံး ရမှတ်ကိုလည်းဆုပ်ကိုင်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာတော့ အဲဒီ ပုံစံနဲ့ တူမှာ မဟုတ်ပါဘူး။
သူတို့ အတွက် ခက်ခဲတဲ့ စမ်းသပ်မှုမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ခန့်မှန်းချက် – ဘန်လေ 1-1 အာဆင်နယ်
လီဗာပူး Vs ပဲလေ့စ်
ပွဲချိန်-စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့၊ ညနေ ၈း၃၀ နာရီ။
လိဒ်နဲ့ အေစီမီလန်ကို အနိုင်ရခဲ့တာကြောင့် ဒီအပတ်မှာ လီဗာပူးက ကောင်းမွန်တဲ့ သီတင်းပတ်တစ်ခု ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဒီပွဲမှာလည်း လီဗာပူးက နိုင်ပွဲကို ဆက်လက် ရယူသွားနိုင်မယ်လို့ ထင်ပါတယ်။
အရင်အပတ်က ပဲလေ့စ်က စပါးကို ရင်ဆိုင်ကစားချိန်မှာ ခြေစွမ်းကောင်းမွန်ခဲ့ပြီး ကောင်းမွန်တဲ့ ရလဒ် ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အခုတလော သူတို့ရဲ့ ခြေစွမ်းတွေက အတက်အကျတွေ ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။
ခန့်မှန်းချက် – လီဗာပူး 3-0ပဲလေစ့်
မန်စီးတီး Vs ဆောက်သမ်တန်
ပွဲချိန်- စက်တင်ဘာလ ၁၈ ရက်၊ စနေနေ့၊ ညနေ ၈း၃၀ နာရီ။
မန်စီးတီး ဟာ နောက်ဆုံး အိမ်ကွင်းမှာ ကစားခဲ့တဲ့ 3 ပွဲမှာ စုစုပေါင်း သွင်းဂိုး က 16 ဂိုး အထိ သွင်းယူထားပါတယ်။
ဒါကြောင့် ဆောက်သမ်တန် အတွက် ဒီပွဲက မလွယ်ပါဘူး။
ခြေစွမ်းပိုင်းအရ ဆောက်သမ်တန် ဟာ ဒီရာသီမှာ ရုန်းကန်ရတာမျိုး မရှိနိုင်ပေမယ့် ၊ အီတီဟတ်မှာ အမှတ်ခွဲယူဖို့ ဆိုတာတော့ မဖြစ်နိုင်သေးဘူးလို့ပဲ ထင်ပါတယ်။
ခန့်မှန်းချက် – မန်စီးတီး 4-0 ဆောက်သမ်တန်
ဝက်ဟမ်း Vs ယူနိုက်တက်
ပွဲချိန်-စက်တင်ဘာလ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ ညနေ ရး၃၀ နာရီ။
ကြားရက် ချန်ပီယံလိဂ်ပွဲမှာ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးဖို့ မကောင်းဘူးဆိုတာကို ကျွန်တော်သိပါတယ်။
ဒါပေမယ့် အဲဒါက ယူနိုက်တက်ကို အတားအဆီးဖြစ်စေမယ်လို့ ကျွန်တော် မထင်ပါဘူး။
အဲဒါက ဘယ်လိုနေနေ ယူနိုက်တက်အတွက် အကျိုးအမြတ် ဖြစ်သွားနိုင်ပါတယ်။
ခရစ္စတီယာနို ပြန်ရောက်လာတာက အသင်းကို အရမ်းတက်ကြွနေစေပေမယ့် ကစားသမားအချို့အတွက်တော့ တွေဝေစရာတွေ ရှိနေပါတယ်။
ခန့်မှန်းချက် – ဝက်ဟမ်း 0-2ယူနိုက်တက်
စပါး Vs ချဲလ်ဆီး
ပွဲချိန်- စက်တင်ဘာလ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၀း၀၀ နာရီ။
ပြီးခဲ့တဲ့ အပတ် က မထင်မှတ်ဘဲ ပဲလေ့စ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာ စပါး အတွက် စိတ်ပျက်ဖို့ ကောင်းလွန်းပါတယ်။
ချဲလ်ဆီး ခံစစ် ကစားပုံက စပါးတိုက်စစ်ကို ပိတ်ဆို့ထားဖို့အတွက် လုံလောက်မှု အပြည့်ရှိပြီးသားပါ။
ခန့်မှန်းချက် – စပါး 1-2 ချဲလ်ဆီး
အခြားပွဲစဉ် ခန့်မှန်းချက်များ
ဝုဖ် 2-0 ဘရန်း ဖို့ဒ်
နော့ဝှစ်ချ် 1-1 ဝက်ဖို့ဒ်
ဗီလာ 2-1 အဲဗာတန်
ဘရိုတ်တန် 1-1 လက်စတာ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
မန်ချက်စတာ အသင်းတွေဆိုရင် လွှတ်ကို သဘောကျတဲ့ လောရိုးရဲ့ ပွဲခန့်မှန်း
ဘန်လေ Vs အာဆင်နယ်
လီဗာပူး Vs ပဲလေ့စ်
ဝက်ဟမ်း Vs ယူနိုက်တက်
စပါး Vs ချဲလ်ဆီး
ဝုဖ် 2-0 ဘရန်း ဖို့ဒ်
နော့ဝှစ်ခ်ျ 1-1 ဝက်ဖို့ဒ်
ဗီလာ 2-1 အဲဗာတန်
ဘရိုတ်တန် 1-1 လက်စတာ