မန်ချက်စတာ ဒါဘီမှာ ပုံစံကောင်း ပြန်လည်ရရှိလာတဲ့ မာရှယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ချက်စတာ ယူနိုက်တက်နည်းပြ အိုလေ ဂန်နား ဆိုးရှားက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ရရှိခဲ့တဲ့ ပွဲစဥ်အတွင်း ပုံစံကောင်း ပြန်လည်ပြသခဲ့တဲ့ အန်သိုနီမာရှယ်ကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပါတယ်။ မာရှယ်ဟာ အီတီဟတ် ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဥ်မတိုင်မီ ကြံ့ခိုင်မှု ရှိ ၊ မရှိ စစ်ဆေးတာတွေ ပြုလုပ်ခဲ့ရပေမယ့် အက်ဒီဆင် ကာဗာနီက ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိတဲ့အတွက် ပြင်သစ်ကစားသမားဟာ အထောင်တိုက်စစ်မှူးအနေနဲ့ ပွဲထွက်ခဲ့ရပါတယ်။

သူက အဆုံးသတ်ပိုင်း အားနည်းမှု ရှိခဲ့ပေမယ့် အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ယူနိုက်တက် high pressing ပြုလုပ်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တဲ့အတွက် Man of the Match အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ နည်းပြ ဆိုးရှာက အဆိုပါပွဲစဥ်အပြီး Sky Sports နဲ့တွေ့ဆုံရာမှာ “ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံကို တဖြည်းဖြည်းနဲ့ ပြန်လည်ရရှိလာပါပြီ။ ကျွန်တော်တို့က ပိုပြီး တိုက်ရိုက်ကျတဲ့ ကစားဟန်နဲ့ တိုက်စစ်ဆင်နိုင်ခဲ့တယ်။

မာရှယ်ရဲ့ ယခင်ပုံစံဟောင်းတွေကို ပြန်မြင်တွေ့ခဲ့ရပါတယ်။ သွေးပူလေ့ကျင့်ခန်း ပြုလုပ်ခင် ( ၂ ) နာရီအလိုထိ သူကစားနိုင်မလားဆိုတာ သေချာမသိရသေးပါဘူး။ ဒီနေ့မှာ သူက ယခင်ပုံစံဟောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ မာရှယ်ဟာ အားစိုက်ထုတ်မှုနည်းပါးတဲ့ ကစားသမားဆိုပြီး မကြာခဏ ဝေဖန်ခံခဲ့ရပါတယ်။

မကြာသေးမီက ကစားခဲ့တဲ့ပွဲစဥ်တွေ ( အထူးသဖြင့် နယူးကာဆယ်နဲ့ ပွဲစဥ်)မှာ သူ့ရဲ့ လှုပ်အားနှုန်းက သိသိသာသာ လျော့နည်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲစဥ်မှာတော့ လုံးဝမတူညီတဲ့ စွမ်းဆောင်ရည်နဲ့ ယူနိုက်တက်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ယခုပွဲစဥ်အနိုင်ရလာဒ်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်က အသင်းနဲ့ အမှတ်ကွာဟမှုကို လျော့ချနိုင်ခဲ့ပြီး မန်စီးတီးအသင်းအောက် ( ၁၁ ) မှတ်သာ လျော့နည်းလျက်ရှိပါတယ်။

ဒါပေမယ့် စီးတီးရဲ့ ဒီရာသီခြေစွမ်း တည်ငြိမ်မှုကြောင့် ချန်ပီယံဆုကို ပြန်လည်စိန်ခေါ်နိုင်ဖို့ကတော့ အလှမ်းဝေးနေအုံးမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ခ်က္စတာ ဒါဘီမွာ ပုံစံေကာင္း ျပန္လည္ရရွိလာတဲ့ မာရွယ္

မန္ခ်က္စတာ ယူႏိုက္တက္နည္းျပ အိုေလ ဂန္နား ဆိုးရွားက ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးကို အႏိုင္ရရွိခဲ့တဲ့ ပြဲစဥ္အတြင္း ပုံစံေကာင္း ျပန္လည္ျပသခဲ့တဲ့ အန္သိုနီ မာရွယ္ကို ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့ပါတယ္။ မာရွယ္ဟာ အီတီဟတ္ ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္မတိုင္မီ ႀကံ့ခိုင္မႈ ရွိ ၊ မရွိ စစ္ေဆးတာေတြ ျပဳလုပ္ခဲ့ရေပမယ့္ အက္ဒီဆင္ ကာဗာနီက ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏိုင္ျခင္းမရွိတဲ့အတြက္ ျပင္သစ္ကစားသမားဟာ အေထာင္တိုက္စစ္မႉးအေနနဲ႔ ပြဲထြက္ခဲ့ရပါတယ္။

သူက အဆုံးသတ္ပိုင္း အားနည္းမႈ ရွိခဲ့ေပမယ့္ အေကာင္းဆုံး ကစားႏိုင္ခဲ့ၿပီး ယူႏိုက္တက္ high pressing ျပဳလုပ္ရာမွာ အဓိကေနရာကေန ပါဝင္ခဲ့တဲ့အတြက္ Man of the Match အျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

နည္းျပ ဆိုးရွာက အဆိုပါပြဲစဥ္အၿပီး Sky Sports နဲ႔ေတြ႕ဆုံရာမွာ “ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ပုံစံကို တျဖည္းျဖည္းနဲ႔ ျပန္လည္ရရွိလာပါၿပီ။ ကြၽန္ေတာ္တို႔က ပိုၿပီး တိုက္႐ိုက္က်တဲ့ ကစားဟန္နဲ႔ တိုက္စစ္ဆင္ႏိုင္ခဲ့တယ္။ မာရွယ္ရဲ႕ ယခင္ပုံစံေဟာင္းေတြကို ျပန္ျမင္ေတြ႕ခဲ့ရပါတယ္။ ေသြးပူေလ့က်င့္ခန္း ျပဳလုပ္ခင္ ( ၂ ) နာရီအလိုထိ သူကစားႏိုင္မလားဆိုတာ ေသခ်ာမသိရေသးပါဘူး။ ဒီေန႔မွာ သူက ယခင္ပုံစံေဟာင္းကို ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။” လို႔ မွတ္ခ်က္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။

မာရွယ္ဟာ အားစိုက္ထုတ္မႈနည္းပါးတဲ့ ကစားသမားဆိုၿပီး မၾကာခဏ ေဝဖန္ခံခဲ့ရပါတယ္။ မၾကာေသးမီက ကစားခဲ့တဲ့ပြဲစဥ္ေတြ ( အထူးသျဖင့္ နယူးကာဆယ္နဲ႔ ပြဲစဥ္)မွာ သူ႔ရဲ႕ လႈပ္အားႏႈန္းက သိသိသာသာ ေလ်ာ့နည္းခဲ့ပါတယ္။ ဒါေပမယ့္ ဒီေန႔ပြဲစဥ္မွာေတာ့ လုံးဝမတူညီတဲ့ စြမ္းေဆာင္ရည္နဲ႔ ယူႏိုက္တက္ကို ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ယခုပြဲစဥ္အႏိုင္ရလာဒ္ေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္က အသင္းနဲ႔ အမွတ္ကြာဟမႈကို ေလ်ာ့ခ်ႏိုင္ခဲ့ၿပီး မန္စီးတီးအသင္းေအာက္ ( ၁၁ ) မွတ္သာ ေလ်ာ့နည္းလ်က္ရွိပါတယ္ ။ ဒါေပမယ့္ စီးတီးရဲ႕ ဒီရာသီေျခစြမ္း တည္ၿငိမ္မႈေၾကာင့္ ခ်န္ပီယံဆုကို ျပန္လည္စိန္ေခၚႏိုင္ဖို႔ကေတာ့ အလွမ္းေဝးေနအုံးမွာျဖစ္ပါတယ္။