မန်ချက်စတာလူနေမှုဘဝကို သဘောမကျတဲ့မိသားစုကြောင့် ဘိုင်ယန်ကို ဂွါဒီယိုလာ ပြန်ရောက်လာနိုင်ဟုဆို

Photo Credit

Photo Credit

ဂျာမနီမီဒီယာတွေရဲ့ဖော်ပြချက်အရ စီးတီးနည်းပြ ဂွါဒီယိုလာဟာ ရာထူးကနေ ထုတ်ပယ်ထားတဲ့နည်းပြကိုဗက်ရဲ့နေရာမှာ အစားထိုးဖု့ိ ဘိုင်ယန်မြူးနစ်ရဲ့စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေကြောင်း သိရပါတယ်။ ဘိုင်ယန်ဟာ နည်းပြသစ်ရာထူးအတွက် အေဂျက်စ်နည်းပြ တန်ဟက်နဲ့ ပီအက်စ်ဂျီနည်းပြ တူချယ်တို့ကိုပါ ပစ်မှတ်ထားနေပေမယ့် စပိန်သားဂွါဒီယိုလာကို ပြန်လည်ခန့်အပ်ဖို့က ဦးစားပေးပစ်မှတ်ဖြစ်ကြောင်း သိရပါတယ်။

Photo Credit

စီးတီးနဲ့ ဂွါဒီယိုလာတို့ရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၁ နွေရာသီရောက်မှ ကုန်ဆုံးမှာဖြစ်ပေမယ့် ဘိုင်ယန်အသင်းကတော့ လွန်ခဲ့တဲ့ ၄နှစ်ကမှ အသင်းကနေ ထွက်ခွာသွားတဲ့ဂွါဒီယိုလာကို လာမယ့်နွေရာသီမှာ ပြန်လည်ခေါ်ယူဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လု့ိ ယုံကြည်နေပါတယ်။

Photo Credit

ဂျာမန်မီဒီယာ SportBild ရဲ့ဖော်ပြချက်အရ ဂွါဒီယိုလာဟာ လွန်ခဲ့တဲ့လအနည်းငယ်ကမှ ဘိုင်ယန်ရဲ့လေ့ကျင့်ရေးကွင်းကို လာရောက်လည်ပတ်ခဲ့ပြီး အသင်းဒါရိုက်တာတွေနဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

Photo Credit

ဂွါဒီယိုလာဟာ မြူးနစ်မြို့လယ်မှာ အခုချိန်အထိ လုံးချင်းတိုက်တစ်လုံးပိုင်ဆိုင်ထားဆဲဖြစ်ပြီး သူ့မိသားစုကလည်း အဲဒီမှာနေရတာကို သဘောကျကြောင်း သိရပါတယ်။ အဲဒီသတင်းတွေရဲ့ဖော်ပြချက်အရ သူ့မိသားစုဟာ မန်ချက်စတာမှာ နေထိုင်ရတာကို သဘောမကျဘဲ အခုလည်း စပိန်မှာ ပြန်ပြောင်းနေထိုင်နေကြောင်း သိရပါတယ်။

Photo Credit

ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းမှာ ၄နှစ်မြောက်အဖြစ် ဆက်လက်ကိုင်တွယ်ခဲ့တာကို အမှားတစ်ခုကျူးလွန်ခဲ့မိတာလို့ ခံစားနေရပြီး ဘိုင်ယန်မြူးနစ်မှာတုန်းကည်း ၂၀၁၃ ကနေ ၂၀၁၆ အထိ ၃နှစ်ပဲ ကိုင်တွယ်ခဲ့ပါတယ်။

Photo Credit

ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခဲ့စဉ်တုန်းကလည်း တစ်ချိန်ချိန်မှာ ပြန်လာမယ်လို့ အသင်းတာဝန်ရှိသူတွေကို ကတိပေးခဲ့ပါတယ်။ ”ဂျာမနီကို ကျွန်တော်ပြန်လာမှာပါ။ နည်းပြတစ်ဦးအနေနဲ့ ပိုဖြစ်နိုင်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။

Photo Credit

ဘိုင်ယန်အသင်းဥက္ကဋ္ဌ အူလီဟိုးနက်စ်ကလည်း လက်ရှိအချိန်မှာ ရေတိုစီမံကိန်းထက် ရေရှည်စီမံကိန်းချမှတ်ဖို့ ကြိုးစားနေပါတယ်။ ဂွါဒီယိုလာဟာ ဘိုင်ယန်မှာ အောင်မြင်မှုအများအပြားရခဲ့ပြီး ဆုဖလား ၇ကြိမ်အပြင် ဆွဲဆောင်မှုရှိတဲ့တိုက်စစ်အသားပေးကစားဟန်ကြောင့်လည်း ပိုမိုလူကြိုက်များခဲ့ပါတယ်။

Photo Credit

ဒါပေမဲ့ သူဟာ ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ကြိုးစားမှုကတော့ မအောင်မြင်ခဲ့ဘဲ ၃ရာသီဆက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

Photo Credit

Zawgyi

မန္ခ်က္စတာလူေနမႈဘ၀ကို သေဘာမက်တဲ့မိသားစုေၾကာင့္ ဘိုင္ယန္ကို ဂြါဒီယိုလာ ျပန္ေရာက္လာႏိုင္ဟုဆို

ဂ်ာမနီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ စီးတီးနည္းျပ ဂြါဒီယိုလာဟာ ရာထူးကေန ထုတ္ပယ္ထားတ့ဲနည္းျပကိုဗက္ရဲ႕ ေနရာ မွာ အစားထိုးဖု႔ိ ဘုိင္ယန္ျမဴးနစ္ရဲ႕စာရင္းထဲမွာ ထိပ္ဆုံးကေန ပါ၀င္ေနေၾကာင္း သိရပါတယ္။ ဘုိင္ယန္ဟာ နည္းျပသစ္ ရာထူး အတြက္ ေအဂ်က္စ္နည္းျပ တန္ဟက္နဲ႔ ပီအက္စ္ဂ်ီနည္းျပ တူခ်ယ္တုိ႔ကိုပါ ပစ္မွတ္ထားေနေပမယ့္ စပိန္သား ဂြါဒီယိုလာကို ျပန္လည္ခန္႔အပ္ဖို႔က ဦးစားေပးပစ္မွတ္ျဖစ္ေၾကာင္း သိရပါတယ္။ စီးတီးနဲ႔ ဂြါဒီယိုလာတုိ႔ရဲ႕ လက္ရွိစာခ်ဳပ္ သက္တမ္းက ၂၀၂၁ ေႏြရာသီေရာက္မွ ကုန္ဆုံးမွာျဖစ္ေပမယ့္ ဘိုင္ယန္အသင္းကေတာ့ လြန္ခ့ဲတဲ့ ၄ႏွစ္ကမွ အသင္း ကေန ထြက္ခြာသြားတ့ဲဂြါဒီယိုလာကို လာမယ့္ေႏြရာသီမွာ ျပန္လည္ေခၚယူဖုိ႔ ဆြဲေဆာင္ႏိုင္လိမ့္မယ္လု႔ိ ယုံၾကည္ေန ပါတယ္။

ဂ်ာမန္မီဒီယာ SportBild ရဲ႕ေဖာ္ျပခ်က္အရ ဂြါဒီယိုလာဟာ လြန္ခ့ဲတဲ့လအနည္းငယ္ကမွ ဘိုင္ယန္ရဲ႕ေလ့က်င့္ေရးကြင္း ကို လာေရာက္လည္ပတ္ခဲ့ၿပီး အသင္းဒါ႐ိုက္တာေတြနဲ႔လည္း ေတြ႕ဆုံခဲ့ေၾကာင္း သိရပါတယ္။ ဂြါဒီယိုလာဟာ ျမဴးနစ္ၿမိဳ႕ လယ္မွာ အခုခ်ိန္အထိ လုံးခ်င္းတုိက္တစ္လုံးပိုင္ဆိုင္ထားဆဲျဖစ္ၿပီး သူ႕မိသားစုကလည္း အဲဒီမွာေနရတာကို သေဘာက် ေၾကာင္း သိရပါတယ္။ အဲဒီသတင္းေတြရဲ႕ေဖာ္ျပခ်က္အရ သူ႕မိသားစုဟာ မန္ခ်က္စတာမွာ ေနထုိင္ရတာကို သေဘာ မက်ဘဲ အခုလည္း စပိန္မွာ ျပန္ေျပာင္းေနထိုင္ေနေၾကာင္း သိရပါတယ္။ ဂြါဒီယိုလာဟာ ဘာစီလုိနာအသင္းမွာ ၄ႏွစ္ ေျမာက္ အျဖစ္ ဆက္လက္ကိုင္တြယ္ခ့ဲတာကို အမွားတစ္ခုက်ဴးလြန္ခဲ့မိတာလုိ႔ ခံစားေနရၿပီး ဘုိင္ယန္ျမဴးနစ္မွာတုန္း ကည္း ၂၀၁၃ ကေန ၂၀၁၆ အထိ ၃ႏွစ္ပဲ ကိုင္တြယ္ခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္ကေန ထြက္ခြာခဲ့စဥ္တုန္းကလည္း တစ္ ခ်ိန္ခ်ိန္မွာ ျပန္လာမယ္လုိ႔ အသင္းတာ၀န္ရွိသူေတြကို ကတိေပးခဲ့ပါတယ္။ ”ဂ်ာမနီကို ကၽြန္ေတာ္ျပန္လာမွာပါ။ နည္းျပတစ္ဦးအေနနဲ႔ ပိုျဖစ္ႏိုင္ပါတယ္”လုိ႔ ဂြါဒီယိုလာက ေျပာၾကားခဲ့တာပါ။

ဘိုင္ယန္အသင္းဥကၠ႒ အူလီဟုိးနက္စ္ကလည္း လက္ရွိအခ်ိန္မွာ ေရတုိစီမံကိန္းထက္ ေရရွည္စီမံကိန္းခ်မွတ္ဖို႔ ႀကိဳးစား ေနပါတယ္။ ဂြါဒီယိုလာဟာ ဘုိင္ယန္မွာ ေအာင္ျမင္မႈအမ်ားအျပားရခဲ့ၿပီး ဆုဖလား ၇ႀကိမ္အျပင္ ဆြဲေဆာင္မႈရွိတဲ့ တုိက္စစ္အသားေပးကစားဟန္ေၾကာင့္လည္း ပိုမိုလူႀကိဳက္မ်ားခဲ့ပါတယ္။ ဒါေပမဲ့ သူဟာ ဘိုင္ယန္နဲ႔အတူ ခ်န္ပီယံလိဂ္ ဖလားရယူႏိုင္ဖို႔ ႀကိဳးစားမႈကေတာ့ မေအာင္ျမင္ခဲ့ဘဲ ၃ရာသီဆက္ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ကေန ထြက္ခဲ့ရပါတယ္။