မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ဒါဘီပွဲကို နည်းဗျူဟာပိုင်းအရ ချဉ်းကပ်ကြည့်ရအောင် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးလောကရဲ့မြို့ခံဒါဘီပွဲတွေထဲမှာ အထင်ရှားဆုံးဒါဘီပွဲတစ်ပွဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးတို့ရဲ့

မန်ချက်စတာဒါဘီပွဲက မနက်ဖြန်(စနေနေ့)ည မြန်မာစံတော်ချိန်(၇:၀၀)နာရီကျရင် အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးမှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်းယိမ်းယိုင်နေပြီး (၁၀)ပွဲကစားပြီးချိန်မှာ ရမှတ်(၂၀)နဲ့ ထိပ်ဆုံးကချယ်လ်ဆီးနဲ့(၅)မှတ်အကွာ၊ အဆင့်(၃)နေရာမှာရပ်တည်နေပါတယ်။

ယူနိုက်တက်အသင်းကတော့ မန်စီးတီးအသင်းထက် အခြေအနေပိုဆိုးနေပြီး နွေရာသီတုန်းက စီရော်နယ်လ်ဒို၊ ဗာရန်း၊ ဆန်ချိုတို့ကိုခေါ်ယူခဲ့ပေမယ့်

ရလဒ်ပိုင်းနဲ့ခြေစွမ်းက စိတ်ပျက်စရာအနေအထားဖြစ်နေသလို ပရီးမီးယားလိဂ်ရာသီအစပိုင်းမှာပဲ (၃)ပွဲအထိရှုံးနိမ့်ခဲ့တဲ့အပြင်

(၁၇)မှတ်သာရရှိထားတဲ့အတွက် ချန်ပီယံဆုမျှော်လင့်ချက်က စောစောစီးစီးအဆုံးသတ်ရမယ့်အနေအထားဖြစ်နေပါပြီ။

ဒါပေမဲ့ အံ့အားသင့်ဖို့ကောင်းတာက ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်ပွဲဆိုရင် ဂွါဒီယိုလာကို ‘အချဉ်’လိုဖြစ်နေပြီး နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲနိုင်၊ (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ပါဘူး။

မနှစ်ကလည်း မန်စီးတီးအသင်းရှုံးပွဲမရှိစံချိန်တွေနဲ့ ရလဒ်ကောင်းနေချိန်မှာတောင် ဆိုးလ်ရှားက အီတီဟတ်မှာ (၂-၀)ဂိုးနဲ့အနိုင်ယူပြခဲ့ပါသေးတယ်။

အဲဒါကြောင့် ဒီနှစ်မှာ ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ . . .

ဒီနှစ်သင်းရဲ့ခြေစွမ်းပိုင်းကို သုံးသပ်ရမယ်ဆိုရင်တော့ နှစ်သင်းစလုံးမှာ အားနည်းချက်ကိုယ်စီရှိနေပြီး ယူနိုက်တက်အသင်းက ပိုဆိုးနေတယ်လို့တောင်သတ်မှတ်ရမယ်။

မန်စီးတီးအသင်းဟာ နွေရာသီကာလတုန်းက ဟယ်ရီကိန်းကို မရလိုက်တာက တကယ်နစ်နာခဲ့သလို Lone Striker အဖြစ်ပီပီပြင်ပြင်ကစားနိုင်မယ့်သူမရှိတာက ပြဿနာဖြစ်နေတယ်။

ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း(၁၀၀)နဲ့ခေါ်ယူခဲ့တာက မှားတယ်လို့မပြောနိုင်ပေမယ့် အသင်းတိုက်စစ်ပုစ္ဆာအတွက် အဖြေမှန်တော့မဟုတ်ခဲ့ဘူး။

ဒီရာသီမှာ မန်စီးတီးတိုက်စစ်ကစားဟန်က ထက်မြက်နေဆဲဆိုပေမယ့် အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ တိုက်စစ်မှူးမရှိတာက ကြီးမားတဲ့ထိုးနှက်ချက်လိုဖြစ်နေပြီ။

အခု မန်စီးတီးကစားပုံက ဘယ်လိုဖြစ်နေလဲဆိုရင် Build Up Play တွေကောင်းတယ်၊ တွဲလုံးတွေ၊ Off The Ball Movement တွေကောင်းပေမယ့်

ပြိုင်ဘက်အသင်းရဲ့ Final Third Zone ထဲရောက်ရင် အခွင့်အရေးတွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့ Poacher မရှိတဲ့အတွက်

တချို့ဂိုးရနိုင်တဲ့အခွင့်အရေးတွေက အချည်းနှီးဖြစ်ခဲ့ရပြီး ဂိုးရဖို့အဆင့်ဆင့်တည်ဆောက်လာသမျှက သဲထဲရေသွန်ဖြစ်သွားလေ့ရှိတာပါပဲ။

အဲဒါက ပြီးခဲ့တဲ့ပဲလေ့စ်နဲ့ပွဲမှာ ထင်ထင်ရှားရှားကို မြင်တွေ့ရမှာပါ။

နောက်တစ်ခုကတော့ ကွင်းလယ်ဗိုလ်ချုပ်ဒီဘရိုင်းနား အခုနောက်ပိုင်းပွဲတွေမှာ စွမ်းဆောင်ရည်ကျသလိုဖြစ်နေတာကလည်း မန်စီးတီးအတွက်ပြဿနာဖြစ်နေတယ်။

ဘာနာဒိုဆေးလ်ဗားက ကွင်းလယ်မှာတိုးအားရုန်းအားကောင်းပေမယ့် မန်စီးတီးကွင်းလယ်မှာ Intelligent Passing တွေလုပ်နိုင်တာက ဒီဘရိုင်းနားတစ်ယောက်လောက်ပဲရှိပါတယ်။

သူ့ရဲ့ ကြောက်စရာကောင်းတဲ့ Crossing ၊ ကွန်ပြူတာနဲ့တွက်ချက်ထားသလို တိကျသေချာတဲ့ ဘောလုံးပေးပို့မှုတွေကနေ မန်စီးတီးအသင်းဂိုးရခဲ့တာက အကြိမ်ပေါင်းမရေတွက်နိုင်တော့ပါဘူး။

အခု ဒီဘရိုင်းနား ပုံမှန်ခြေစွမ်းအောက်ရောက်နေချိန်မှာ ကွင်းလယ်က လုပ်အားနှုန်းကောင်းနေဆဲဖြစ်ပေမယ့် ပဲ့ထိန်းမရှိဘဲ

မောင်းနေရတဲ့ သင်္ဘောတစ်စင်းလိုဖြစ်နေပြီး ကွင်းလယ်က ပုံမှန်အတိုင်းလှုပ်နေပေမယ့် Impact ဖြစ်တဲ့စွမ်းဆောင်ရည်မျိုးမရှိတော့သလိုဖြစ်နေတယ်။

ဒီရာသီမှာ ပရိသတ်တွေကို ပျော်ရွှင်ရအောင်၊ ဒေါသထွက်အောင် ရသမျိုးစုံပေးနေတဲ့ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားအတွက် အခုပွဲက သူ့အနာဂတ်ကို အဖြေထုတ်ပေးမယ့်ပွဲတွေထဲက တစ်ပွဲလို့သတ်မှတ်ရမှာပါပဲ။

ဆိုးလ်ရှားရဲ့ အားနည်းချက်က ဘာလဲဆိုတာ ပရိသတ်တွေလည်းသိနေပြီဖြစ်လို့ အထွေအထူး မဝေဖန်တော့ပါဘူး။

အရင်က (၄-၂-၃-၁)ကစားကွက်ကို ဘာမှ Strategy မပါဘဲ ဒီအတိုင်း ခင်းကျင်းပြီး ကစားနေတာကနေ အခုနောက်ပိုင်း (၃-၅-၂)၊ (၃-၄-၃)တွေ ပြောင်းကစားပေမယ့်လည်း

ဆိုးလ်ရှားရဲ့ နည်းဗျူဟာအားနည်းချက်ကြောင့် ယူနိုက်တက်ကစားဟန်က တည်ငြိမ်မှုမရှိတဲ့အပြင် ပိုဆိုးတာက တိုက်စစ်ကစားသမားတွေပါ နေရာပျောက်ကုန်တော့တာပါပဲ။

စပါးနဲ့ပွဲမှာ (၃-၅-၂)ကို ပထမဆုံးအသုံးပြုပြီး (၃-၀)ဂိုးပြတ်နိုင်ခဲ့ပေမယ့် စပါးအသင်းရဲ့စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်းက ယူနိုက်တက်ထက် ပိုဆိုးနေတာမေ့မထားသင့်ပါဘူး။

အခု ကွန်တီကိုင်နေတဲ့အချိန်မျိုးမှာသာ တွေ့ရမယ်ဆိုရင် ဆိုးလ်ရှားရဲ့ယူနိုက်တက်နည်းပြဘဝက အဲဒီပွဲအပြီးမှာပဲ အဆုံးသတ်သွားဖို့ရှိနေပါတယ်။

အခု မန်စီးတီးနဲ့ပွဲမှာသာ (၃-၅-၂)နဲ့ဆက်ကစားရင် မန်စီးတီးဘက်က ပြိုင်ဘက်ဧရိယာထဲက Space တွေကို ဘယ်လိုအသုံးချရမလဲဆိုတာကောင်းကောင်းသိတဲ့ ဂရီးလစ်ရှ်၊ ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗား၊ ဂျေးဆုတို့အတွက် အကြိုက်ဖြစ်သွားပါလိမ့်မယ်။

ပဲလေ့စ်နဲ့ပွဲတုန်းက မန်စီးတီးကစားသမားတွေကို ကိုယ့်ကွင်းဘက်ခြမ်းမှာ လုံးဝ Space မပေးဘဲ Tight Defensive Play နဲ့ကစားခဲ့တာကို သတိပြုသင့်ပါတယ်။

အခု ယူနိုက်တက်ရဲ့ Double Pivot ဖြစ်တဲ့ ဖရက်ဒ်၊ တွမ်မီနေးတို့ ရုန်းကန်နေရချိန်၊ ပေ့ါဘာက စိတ်ပျက်စရာအကောင်းဆုံးစွမ်းဆောင်ရည်ပြသနေချိန်မှာ

ယူနိုက်တက်ကွင်းလယ်က ခံစစ်ကို Cover လုပ်ပေးဖို့မလွယ်သလို၊ တိုက်စစ်ကို ပံ့ပိုးနိုင်စွမ်းက အရင်ကတည်းကမကောင်းတာကြောင့် ဘာမှမျှော်လင့်လို့မရနိုင်ပါဘူး။

(၃-၅-၂)ကစားပုံအရ စီရော်နယ်လ်ဒိုဟာ သူနဲ့တွဲဖက်ကစားရမယ့်သူ(စပါးနဲ့ပွဲမှာ ကာဗာနီ)ရှိလာလို့ အရင်လိုတစ်ယောက်တည်းရုန်းကန်နေရတာမျိုးမရှိတော့ဘဲ၊

ပြိုင်ဘက်ခံစစ်ကလည်း သူ့တစ်ယောက်တည်းကို အာရုံစိုက်လို့မရတော့တဲ့အတွက် (၁၈)ကိုက်ဧရိယာအတွင်း ပိုလှုပ်ရှားလို့ရလာတယ်ဆိုတဲ့ ကောင်းကျိုးတစ်ခုပဲရှိပါတယ်။

ဒါပေမဲ့ မြင်တာကတော့ ဗာရန်းလည်း ဒဏ်ရာရနေတာကြောင့် ဆိုးလ်ရှား အရင်အတိုင်း(၄-၂-၃-၁)ပဲပြန်ကစားဖို့များပါတယ်။

တစ်ခုရှိတာက ခံစစ်မှာ အတ္တလန်တာနဲ့ပွဲတုန်းကခြေစွမ်းပြခဲ့တဲ့ ဘာယီကို ပြန်သုံးသင့်တယ်လို့မြင်မိတယ်။

ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေပေးစွမ်းမယ့် မန်ချက်စတာဒါဘီပွဲကတော့ မနက်ဖြန်ကျရင် ကြည့်ရှုခံစားရတော့မှာပဲဖြစ်ပါတယ်။

ဂွါဒီယိုလာကို ပရီးမီးယားလိဂ်မှာ မကြာခဏထိပ်ပုတ်နေတဲ့ ဆိုးလ်ရှားတစ်ယောက် ဒီပွဲမှာဘယ်လိုတွေပြင်ဆင်လာမလဲ …

ဂွါဒီယိုလာကရော ယူနိုက်တက်အသင်းကို ဘယ်လိုနည်းဗျူဟာတွေနဲ့ရင်ဆိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတော့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္စီးတီးတို႔ရဲ႕ဒါဘီပြဲကို နည္းဗ်ဴဟာပိုင္းအရ ခ်ဥ္းကပ္ၾကည့္ရေအာင္ . .

ေဘာလုံးေလာကရဲ႕ၿမိဳ႕ခံဒါဘီပြဲေတြထဲမွာ အထင္ရွားဆုံးဒါဘီပြဲတစ္ပြဲျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔မန္စီးတီးတို႔ရဲ႕ မန္ခ်က္စတာဒါဘီပြဲက မနက္ျဖန္(စေနေန႔)ည ျမန္မာစံေတာ္ခ်ိန္(၇:၀၀)နာရီက်ရင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းႀကီးမွာယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္လက္ရွိခ်န္ပီယံ မန္စီးတီးအသင္းဟာ ဒီရာသီမွာ ရလဒ္ပိုင္းယိမ္းယိုင္ေနၿပီး (၁၀)ပြဲကစားၿပီးခ်ိန္မွာ ရမွတ္(၂၀)နဲ႔ ထိပ္ဆုံးကခ်ယ္လ္ဆီးနဲ႔(၅)မွတ္အကြာ၊ အဆင့္(၃)ေနရာမွာရပ္တည္ေနပါတယ္။

ယူႏိုက္တက္အသင္းကေတာ့ မန္စီးတီးအသင္းထက္ အေျခအေနပိုဆိုးေနၿပီး ေႏြရာသီတုန္းက စီေရာ္နယ္လ္ဒို၊ ဗာရန္း၊ ဆန္ခ်ိဳတို႔ကိုေခၚယူခဲ့ေပမယ့္ ရလဒ္ပိုင္းနဲ႔ေျခစြမ္းက စိတ္ပ်က္စရာအေနအထားျဖစ္ေနသလို ပရီးမီးယားလိဂ္ရာသီအစပိုင္းမွာပဲ (၃)ပြဲအထိရႈံးနိမ့္ခဲ့တဲ့အျပင္ (၁၇)မွတ္သာရရွိထားတဲ့အတြက္ ခ်န္ပီယံဆုေမွ်ာ္လင့္ခ်က္က ေစာေစာစီးစီးအဆုံးသတ္ရမယ့္အေနအထားျဖစ္ေနပါၿပီ။

ဒါေပမဲ့ အံ့အားသင့္ဖို႔ေကာင္းတာက ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ပရီးမီးယားလိဂ္ပြဲဆိုရင္ ဂြါဒီယိုလာကို ‘အခ်ဥ္’လိုျဖစ္ေနၿပီး ေနာက္ဆုံး(၄)ပြဲမွာ (၃)ပြဲႏိုင္၊ (၁)ပြဲသေရနဲ႔ ရႈံးပြဲမရွိခဲ့ပါဘူး။ မႏွစ္ကလည္း မန္စီးတီးအသင္းရႈံးပြဲမရွိစံခ်ိန္ေတြနဲ႔ ရလဒ္ေကာင္းေနခ်ိန္မွာေတာင္ ဆိုးလ္ရွားက အီတီဟတ္မွာ (၂-၀)ဂိုးနဲ႔အႏိုင္ယူျပခဲ့ပါေသးတယ္။ အဲဒါေၾကာင့္ ဒီႏွစ္မွာ ဘယ္လိုရလဒ္မ်ိဳးထြက္ေပၚလာမလဲဆိုတာ စိတ္ဝင္စားစရာပါပဲ . . .

ဒီႏွစ္သင္းရဲ႕ေျခစြမ္းပိုင္းကို သုံးသပ္ရမယ္ဆိုရင္ေတာ့ ႏွစ္သင္းစလုံးမွာ အားနည္းခ်က္ကိုယ္စီရွိေနၿပီး ယူႏိုက္တက္အသင္းက ပိုဆိုးေနတယ္လို႔ေတာင္သတ္မွတ္ရမယ္။ မန္စီးတီးအသင္းဟာ ေႏြရာသီကာလတုန္းက ဟယ္ရီကိန္းကို မရလိုက္တာက တကယ္နစ္နာခဲ့သလို Lone Striker အျဖစ္ပီပီျပင္ျပင္ကစားႏိုင္မယ့္သူမရွိတာက ျပႆနာျဖစ္ေနတယ္။

ဂရီးလစ္ရွ္ကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း(၁၀၀)နဲ႔ေခၚယူခဲ့တာက မွားတယ္လို႔မေျပာႏိုင္ေပမယ့္ အသင္းတိုက္စစ္ပုစာၦအတြက္ အေျဖမွန္ေတာ့မဟုတ္ခဲ့ဘူး။ ဒီရာသီမွာ မန္စီးတီးတိုက္စစ္ကစားဟန္က ထက္ျမက္ေနဆဲဆိုေပမယ့္ အခြင့္အေရးေတြကို ဂိုးအျဖစ္ေျပာင္းလဲႏိုင္တဲ့ တိုက္စစ္မႉးမရွိတာက ႀကီးမားတဲ့ထိုးႏွက္ခ်က္လိုျဖစ္ေနၿပီ။

အခု မန္စီးတီးကစားပုံက ဘယ္လိုျဖစ္ေနလဲဆိုရင္ Build Up Play ေတြေကာင္းတယ္၊ တြဲလုံးေတြ၊ Off The Ball Movement ေတြေကာင္းေပမယ့္ ၿပိဳင္ဘက္အသင္းရဲ႕ Final Third Zone ထဲေရာက္ရင္ အခြင့္အေရးေတြကို ဂိုးအျဖစ္ေျပာင္းလဲႏိုင္တဲ့ Poacher မရွိတဲ့အတြက္ တခ်ိဳ႕ဂိုးရႏိုင္တဲ့အခြင့္အေရးေတြက အခ်ည္းႏွီးျဖစ္ခဲ့ရၿပီး ဂိုးရဖို႔အဆင့္ဆင့္တည္ေဆာက္လာသမွ်က သဲထဲေရသြန္ျဖစ္သြားေလ့ရွိတာပါပဲ။

အဲဒါက ၿပီးခဲ့တဲ့ပဲေလ့စ္နဲ႔ပြဲမွာ ထင္ထင္ရွားရွားကို ျမင္ေတြ႕ရမွာပါ။ ေနာက္တစ္ခုကေတာ့ ကြင္းလယ္ဗိုလ္ခ်ဳပ္ဒီဘ႐ိုင္းနား အခုေနာက္ပိုင္းပြဲေတြမွာ စြမ္းေဆာင္ရည္က်သလိုျဖစ္ေနတာကလည္း မန္စီးတီးအတြက္ျပႆနာျဖစ္ေနတယ္။ ဘာနာဒိုေဆးလ္ဗားက ကြင္းလယ္မွာတိုးအား႐ုန္းအားေကာင္းေပမယ့္ မန္စီးတီးကြင္းလယ္မွာ Intelligent Passing ေတြလုပ္ႏိုင္တာက ဒီဘ႐ိုင္းနားတစ္ေယာက္ေလာက္ပဲရွိပါတယ္။

သူ႔ရဲ႕ ေၾကာက္စရာေကာင္းတဲ့ Crossing ၊ ကြန္ျပဴတာနဲ႔တြက္ခ်က္ထားသလို တိက်ေသခ်ာတဲ့ ေဘာလုံးေပးပို႔မႈေတြကေန မန္စီးတီးအသင္းဂိုးရခဲ့တာက အႀကိမ္ေပါင္းမေရတြက္ႏိုင္ေတာ့ပါဘူး။ အခု ဒီဘ႐ိုင္းနား ပုံမွန္ေျခစြမ္းေအာက္ေရာက္ေနခ်ိန္မွာ ကြင္းလယ္က လုပ္အားႏႈန္းေကာင္းေနဆဲျဖစ္ေပမယ့္ ပဲ့ထိန္းမရွိဘဲ ေမာင္းေနရတဲ့ သေဘၤာတစ္စင္းလိုျဖစ္ေနၿပီး ကြင္းလယ္က ပုံမွန္အတိုင္းလႈပ္ေနေပမယ့္ Impact ျဖစ္တဲ့စြမ္းေဆာင္ရည္မ်ိဳးမရွိေတာ့သလိုျဖစ္ေနတယ္။

ဒီရာသီမွာ ပရိသတ္ေတြကို ေပ်ာ္႐ႊင္ရေအာင္၊ ေဒါသထြက္ေအာင္ ရသမ်ိဳးစုံေပးေနတဲ့ ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားအတြက္ အခုပြဲက သူ႔အနာဂတ္ကို အေျဖထုတ္ေပးမယ့္ပြဲေတြထဲက တစ္ပြဲလို႔သတ္မွတ္ရမွာပါပဲ။ ဆိုးလ္ရွားရဲ႕ အားနည္းခ်က္က ဘာလဲဆိုတာ ပရိသတ္ေတြလည္းသိေနၿပီျဖစ္လို႔ အေထြအထူး မေဝဖန္ေတာ့ပါဘူး။

အရင္က (၄-၂-၃-၁)ကစားကြက္ကို ဘာမွ Strategy မပါဘဲ ဒီအတိုင္း ခင္းက်င္းၿပီး ကစားေနတာကေန အခုေနာက္ပိုင္း (၃-၅-၂)၊ (၃-၄-၃)ေတြ ေျပာင္းကစားေပမယ့္လည္း ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာအားနည္းခ်က္ေၾကာင့္ ယူႏိုက္တက္ကစားဟန္က တည္ၿငိမ္မႈမရွိတဲ့အျပင္ ပိုဆိုးတာက တိုက္စစ္ကစားသမားေတြပါ ေနရာေပ်ာက္ကုန္ေတာ့တာပါပဲ။ စပါးနဲ႔ပြဲမွာ (၃-၅-၂)ကို ပထမဆုံးအသုံးျပဳၿပီး (၃-၀)ဂိုးျပတ္ႏိုင္ခဲ့ေပမယ့္ စပါးအသင္းရဲ႕စိတ္ဓာတ္ပိုင္း၊ ေျခစြမ္းပိုင္းက ယူႏိုက္တက္ထက္ ပိုဆိုးေနတာေမ့မထားသင့္ပါဘူး။

အခု ကြန္တီကိုင္ေနတဲ့အခ်ိန္မ်ိဳးမွာသာ ေတြ႕ရမယ္ဆိုရင္ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္နည္းျပဘဝက အဲဒီပြဲအၿပီးမွာပဲ အဆုံးသတ္သြားဖို႔ရွိေနပါတယ္။ အခု မန္စီးတီးနဲ႔ပြဲမွာသာ (၃-၅-၂)နဲ႔ဆက္ကစားရင္ မန္စီးတီးဘက္က ၿပိဳင္ဘက္ဧရိယာထဲက Space ေတြကို ဘယ္လိုအသုံးခ်ရမလဲဆိုတာေကာင္းေကာင္းသိတဲ့ ဂရီးလစ္ရွ္၊ ဖိုဒန္၊ ဘာနာဒိုေဆးလ္ဗား၊ ေဂ်းဆုတို႔အတြက္ အႀကိဳက္ျဖစ္သြားပါလိမ့္မယ္။ ပဲေလ့စ္နဲ႔ပြဲတုန္းက မန္စီးတီးကစားသမားေတြကို ကိုယ့္ကြင္းဘက္ျခမ္းမွာ လုံးဝ Space မေပးဘဲ Tight Defensive Play နဲ႔ကစားခဲ့တာကို သတိျပဳသင့္ပါတယ္။

အခု ယူႏိုက္တက္ရဲ႕ Double Pivot ျဖစ္တဲ့ ဖရက္ဒ္၊ တြမ္မီေနးတို႔ ႐ုန္းကန္ေနရခ်ိန္၊ ေပ့ါဘာက စိတ္ပ်က္စရာအေကာင္းဆုံးစြမ္းေဆာင္ရည္ျပသေနခ်ိန္မွာ ယူႏိုက္တက္ကြင္းလယ္က ခံစစ္ကို Cover လုပ္ေပးဖို႔မလြယ္သလို၊ တိုက္စစ္ကို ပံ့ပိုးႏိုင္စြမ္းက အရင္ကတည္းကမေကာင္းတာေၾကာင့္ ဘာမွေမွ်ာ္လင့္လို႔မရႏိုင္ပါဘူး။

(၃-၅-၂)ကစားပုံအရ စီေရာ္နယ္လ္ဒိုဟာ သူနဲ႔တြဲဖက္ကစားရမယ့္သူ(စပါးနဲ႔ပြဲမွာ ကာဗာနီ)ရွိလာလို႔ အရင္လိုတစ္ေယာက္တည္း႐ုန္းကန္ေနရတာမ်ိဳးမရွိေတာ့ဘဲ၊ ၿပိဳင္ဘက္ခံစစ္ကလည္း သူ႔တစ္ေယာက္တည္းကို အာ႐ုံစိုက္လို႔မရေတာ့တဲ့အတြက္ (၁၈)ကိုက္ဧရိယာအတြင္း ပိုလႈပ္ရွားလို႔ရလာတယ္ဆိုတဲ့ ေကာင္းက်ိဳးတစ္ခုပဲရွိပါတယ္။ ဒါေပမဲ့ ျမင္တာကေတာ့ ဗာရန္းလည္း ဒဏ္ရာရေနတာေၾကာင့္ ဆိုးလ္ရွား အရင္အတိုင္း(၄-၂-၃-၁)ပဲျပန္ကစားဖို႔မ်ားပါတယ္။ တစ္ခုရွိတာက ခံစစ္မွာ အတၱလန္တာနဲ႔ပြဲတုန္းကေျခစြမ္းျပခဲ့တဲ့ ဘာယီကို ျပန္သုံးသင့္တယ္လို႔ျမင္မိတယ္။

ပရိသတ္ေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာေတြေပးစြမ္းမယ့္ မန္ခ်က္စတာဒါဘီပြဲကေတာ့ မနက္ျဖန္က်ရင္ ၾကည့္ရႈခံစားရေတာ့မွာပဲျဖစ္ပါတယ္။ ဂြါဒီယိုလာကို ပရီးမီးယားလိဂ္မွာ မၾကာခဏထိပ္ပုတ္ေနတဲ့ ဆိုးလ္ရွားတစ္ေယာက္ ဒီပြဲမွာဘယ္လိုေတြျပင္ဆင္လာမလဲ ..ဂြါဒီယိုလာကေရာ ယူႏိုက္တက္အသင္းကို ဘယ္လိုနည္းဗ်ဴဟာေတြနဲ႔ရင္ဆိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါေတာ့တယ္ . . .