မန်ချက်စတာမှာ နေအိမ်ရှာ၊ သရဲနီဂျာစီဝတ်လိုကြောင်း စကားခေါ်ထားတဲ့သူ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ညာနောက်ခံကစားသမား ကီရန်ထရစ်ပီယာဟာ လတ်တလောမှာ ယူနိုက်တက်အသင်း တည်ရှိရာ မန်ချက်စတာမြို့ထဲမှာ နေအိမ်ရှာဖွေလျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

ဒါ့အပြင် ထရစ်ပီယာ က အခုနွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက် အသင်းကို ပြောင်းချင်တယ်လို့ အင်္ဂလန်အသင်းဖော်တွေကို ပြောဆိုခဲ့ကြောင်း သတင်းတွေထွက်ထားပါသေးတယ်။

အသက်(၃၀)အရွယ်ရှိ အင်္ဂလန်လက်ရွေးစင် နောက်ခံအစွန်လူ ထရစ်ပီယာဟာ ၂၀၁၉ခုနှစ်ကမှ စပါးအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းနဲ့အတူ စပိန်လာလီဂါဆုဖလားကြီးကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။

ထရစ်ပီယာ ဟာ ပြီးခဲ့တဲ့ရာသီက အက်သလက်တီကို အသင်းအတွက် လာလီဂါ(၂၈)ပွဲပါဝင်ကစားခဲ့ပြီး (၆)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ထရစ်ပီယာ နဲ့ အက်သလက်တီကို အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂)နှစ်ကျန်ရှိနေသေးပါတယ်။

ယူနိုက်တက် အသင်းကလည်း အသင်းရဲ့ညာနောက်ခံနေရာမှာ ဝမ်ဘစ်ဆာကာ နဲ့ ပြိုင်ဆိုင်မှုရှိဖို့ အတွက် ထရစ်ပီယာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ထရစ်ပီယာ ကို ပေါင်(၁၅)သန်းနဲ့ သန်း(၂၀) ဝန်းကျင်ကြားမှာ ခေါ်ယူနိုင်တဲ့ အခြေအနေရှိပါတယ်။

မန်စီးတီး လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ထရစ်ပီယာဟာ ဘန်လေ ၊ စပါးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထရစ်ပီယာဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ပါဝင်ဆင်နွှဲသွားဖို့ ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ခ်က္စတာမွာ ေနအိမ္ရွာ၊ သရဲနီဂ်ာစီဝတ္လိုေၾကာင္း စကားေခၚထားတဲ့သူ

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ႕ ညာေနာက္ခံကစားသမား ကီရန္ထရစ္ပီယာဟာ လတ္တေလာမွာ ယူႏိုက္တက္အသင္း တည္ရွိရာ မန္ခ်က္စတာၿမိဳ႕ထဲမွာ ေနအိမ္ရွာေဖြလ်က္ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚထားပါတယ္။ ဒါ့အျပင္ ထရစ္ပီယာ က အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ ယူႏိုက္တက္ အသင္းကို ေျပာင္းခ်င္တယ္လို႔ အဂၤလန္အသင္းေဖာ္ေတြကို ေျပာဆိုခဲ့ေၾကာင္း သတင္းေတြထြက္ထားပါေသးတယ္။

အသက္(၃၀)အ႐ြယ္ရွိ အဂၤလန္လက္ေ႐ြးစင္ ေနာက္ခံအစြန္လူ ထရစ္ပီယာဟာ ၂၀၁၉ခုႏွစ္ကမွ စပါးအသင္းကေန အက္သလက္တီကိုမက္ဒရစ္အသင္းဆီကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကလည္း အသင္းနဲ႔အတူ စပိန္လာလီဂါဆုဖလားႀကီးကို ပိုင္ဆိုင္ခဲ့ပါေသးတယ္။

ထရစ္ပီယာ ဟာ ၿပီးခဲ့တဲ့ရာသီက အက္သလက္တီကို အသင္းအတြက္ လာလီဂါ(၂၈)ပြဲပါဝင္ကစားခဲ့ၿပီး (၆)ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ထရစ္ပီယာ နဲ႔ အက္သလက္တီကို အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂)ႏွစ္က်န္ရွိေနေသးပါတယ္။

ယူႏိုက္တက္ အသင္းကလည္း အသင္းရဲ႕ညာေနာက္ခံေနရာမွာ ဝမ္ဘစ္ဆာကာ နဲ႔ ၿပိဳင္ဆိုင္မႈရွိဖို႔ အတြက္ ထရစ္ပီယာကို ေခၚယူဖို႔ ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။ ယူႏိုက္တက္ အသင္းဟာ ထရစ္ပီယာ ကို ေပါင္(၁၅)သန္းနဲ႔ သန္း(၂၀) ဝန္းက်င္ၾကားမွာ ေခၚယူႏိုင္တဲ့ အ​ေျခအ​ေနရွိပါတယ္။

မန္စီးတီး လူငယ္အသင္းကေန ေပၚထြက္လာခဲ့တဲ့ ထရစ္ပီယာဟာ ဘန္ေလ ၊ စပါးအသင္းေတြနဲ႔အတူ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံေကာင္းေတြကို ပိုင္ဆိုင္ထားတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ထရစ္ပီယာဟာ အဂၤလန္လက္ေ႐ြးစင္အသင္းနဲ႔အတူ ယူ႐ို-၂၀၂ဝၿပိဳင္ပြဲႀကီးကို ပါဝင္ဆင္ႏႊဲသြားဖို႔ ရွိေနပါတယ္။