မန်ချက်စတာပြင်ဆင်သင့်တာတွေကို ထောက်ပြပြောဆိုလာပြန်တဲ့ မိုက်ကယ်အိုဝင်

photo internet

မန်ချက်စတာဟာ အခုတလောအနိုင်ရလဒ်တွေရနေပေမယ့် ပြင်ဆင်သင့်တာတွေရှိနေပါတယ်။ အကြံဝိုင်းပေးနေတဲ့အထဲမှာ မိုက်ကယ်အိုဝင်လည်းပါပါတယ်။ သူက မန်ချက်စတာအနေနဲ့ အသင်းငယ်တွေနဲ့ ကစားတဲ့အခါမှာ ဘောလုံးပိုမိုပိုင်ဆိုင်ရယူကစားဖို့လိုကြောင်းပြောပါတယ်။ “သူတို့တွေအနေနဲ့ အသင်းငယ်တွေနဲ့ ရင်ဆိုင်ကစားရတဲ့အချိန်တွေမှာဆိုရင် ဘောလုံးပိုင်ဆိုင်မှု အသာစီးမရယူနိုင်ဘဲ ကစားပြဖို့ မလွယ်ကူလှပါဘူး” လို့ မိုက်ကယ်အိုဝင်ကပြောပါတယ်။

photo internet

မန်ချက်စတာအနေနဲ့ ဖိအားသိပ်မများတဲ့ပွဲစဉ်တွေမှာ ကစားတဲ့အခါ ကစားပုံက ပျင်းဖို့ကောင်းကြောင်းလည်း မန်ချက်စတာကစားသမားဟောင်း မိုက်ကယ်အိုဝင်ကပြောပါတယ်။ မန်ချက်စတာဟာ ယူရိုပါလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အေဇက် အယ်လ်ခမာအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းမှာပွဲဟာ လှုပ်လှုပ်ရှားရှားသိပ်မဖြစ်ဘဲ ဒုတိယပိုင်းမှသာ 11 မိနစ်အတွင်း 4 ဂိုးသွင်းကာပရိသတ်တွေကို အံ့အားဝမ်းသာဖြစ်စေခဲ့တာဖြစ်ပါတယ်။

photo internet

“မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာတုန်းက မန်ချက်စတာအနေနဲ့ ကောင်တာကစားပုံအရမ်းပဲကောင်းပါတယ်။ ဒါပေမယ့် သူတို့ကစားခဲ့တဲ့ ပွဲစဉ်တွေရဲ့ 80 ရာခိုင်နှုန်းလောက်ပွဲစဉ်တွေမှာမန်ချက်စတာဟာ ဘောလုံးပိုင်ဆိုင်မှုတွေကို ထိန်းချုပ်နိုင်သင့်ပါတယ်။ သူတို့တွေအနေနဲ့ ကောင်တာတိုက်စစ်ပဲ ကစားပြနေဖို့မလိုဘူးလို့ထင်ပါတယ်”ဆိုပြီး မိုက်ကယ်အိုဝင်က ပြောပါတယ်။

photo internet

ကစားသမားတွေနဲ့ပတ်သက်လို့တော့ “မန်ချက်စတာမှာ ကစားသမားကောင်းအရေအတွက်နည်း တယ်လို့ထင်ပါတယ်။ သုံး၊လေးယောက်လောက်ပဲခြေစွမ်းပြနိုင်စွမ်းရှိသလိုပါပဲ။ မန်ချက်စတာအနာဂတ်အတွက် ကစားသမားကောင်းတွေပိုလိုပါတယ်။ အသင်းထဲမှာရှိတဲ့သူတွေနဲ့မလုံလောက်ပါဘူး။ နည်းပြဆိုးလ်ရှားအနေနဲ့ အသင်းအတွက်လိုအပ်ချက်တွေကို ပိုမိုသိထားဖို့လိုပါတယ်။ တစ်ခါတလေ သူဖြေထားတဲ့အင်တာဗျူးတွေနားထောင်ပြီး ခုံပေါ်ကနေတောင်ကျွန်တော်ပြုတ်ကျမတတ်ပါပဲ။ သူ့ထင်မြင်ချက်တွေတစ်ခါတလေမှားနေပါတယ်”လို့ မိုက်ကယ်အိုဝင်ကပြောပါတယ်။

photo internet

(Zawgyi Version)

မန္ခ်က္စတာျပင္ဆင္သင့္တာေတြကို ေထာက္ျပေျပာဆိုလာျပန္တဲ့ မိုက္ကယ္အို၀င္

မန္ခ်က္စတာဟာ အခုတေလာအႏိုင္ရလဒ္ေတြရေနေပမယ့္ ျပင္ဆင္သင့္တာေတြရိွေနပါတယ္။ အႀကံ၀ိုင္းေပးေနတဲ့အထဲမွာ မိုက္ကယ္အုိ၀င္လည္းပါပါတယ္။ သူက မန္ခ်က္စတာအေနနဲ႔ အသင္းငယ္ေတြနဲ႔ ကစားတဲ့အခါမွာ ေဘာလုံးပိုမိုပုိင္ဆိုင္ရယူကစားဖို႔လိုေၾကာင္းေျပာပါတယ္။ “သူတုိ႔ေတြအေနနဲ႔ အသင္းငယ္ေတြနဲ႔ ရင္ဆုိင္ကစားရတဲ့အခ်ိန္ေတြမွာဆုိရင္ ေဘာလံုးပိုင္ဆုိင္မွဳ အသာစီးမရယူႏိုင္ဘဲ ကစားျပဖုိ႔ မလြယ္ကူလွပါဘူး” လို႔ မိုက္ကယ္အိုဝင္ကေျပာပါတယ္။

မန္ခ်က္စတာအေနနဲ႔ ဖိအားသိပ္မမ်ားတဲ့ပြဲစဥ္ေတြမွာ ကစားတဲ့အခါ ကစားပုံက ပ်င္းဖို႔ေကာင္းေၾကာင္းလည္း မန္ခ်က္စတာကစားသမားေဟာင္း မိုက္ကယ္အို၀င္ကေျပာပါတယ္။ မန္ခ်က္စတာဟာ ယူရိုပါလိဂ္အုပ္စု ေနာက္ဆံုးပြဲစဥ္အျဖစ္ ေအဇက္ အယ္လ္ခမာအသင္းနဲ႔ကစားခဲ့တဲ့ပြဲစဥ္မွာ ပထမပိုင္းမွာပြဲဟာ လႈပ္လႈပ္ရွားရွားသိပ္မျဖစ္ဘဲ ဒုတိယပိုင္းမွသာ 11 မိနစ္အတြင္း 4 ဂိုးသြင္းကာပရိသတ္ေတြကို အံ့အား၀မ္းသာျဖစ္ေစခဲ့တာျဖစ္ပါတယ္။

“မန္စီးတီးအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာတုန္းက မန္ခ်က္စတာအေနနဲ႔ ေကာင္တာကစားပုံအရမ္းပဲေကာင္းပါတယ္။ ဒါေပမယ့္ သူတို႔ကစားခဲ့တဲ့ ပြဲစဥ္ေတြရဲ႕ 80 ရာခိုင္ႏႈန္းေလာက္ပြဲစဥ္ေတြမွာမန္ခ်က္စတာဟာ ေဘာလုံးပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္ႏိုင္သင့္ပါတယ္။ သူတို႔ေတြအေနနဲ႔ ေကာင္တာတိုက္စစ္ပဲ ကစားျပေနဖို႔မလိုဘူးလို႔ထင္ပါတယ္”ဆိုၿပီး မိုက္ကယ္အို၀င္က ေျပာပါတယ္။

ကစားသမားေတြနဲ႔ပတ္သက္လို႔ေတာ့ “မန္ခ်က္စတာမွာ ကစားသမားေကာင္းအေရအတြက္နည္း တယ္လို႔ထင္ပါတယ္။ သုံး၊ေလးေယာက္ေလာက္ပဲေျခစြမ္းျပႏိုင္စြမ္းရိွသလိုပါပဲ။ မန္ခ်က္စတာအနာဂတ္အတြက္ ကစားသမားေကာင္းေတြပိုလိုပါတယ္။ အသင္းထဲမွာရိွတဲ့သူေတြနဲ႔မလုံေလာက္ပါဘူး။ နည္းျပဆိုးလ္ရွားအေနနဲ႔ အသင္းအတြက္လုိအပ္ခ်က္ေတြကို ပိုမိုသိထားဖို႔လိုပါတယ္။ တစ္ခါတေလ သူေျဖထားတဲ့အင္တာဗ်ဴးေတြနားေထာင္ၿပီး ခုံေပၚကေနေတာင္ကၽြန္ေတာ္ျပဳတ္က်မတတ္ပါပဲ။ သူ႔ထင္ျမင္ခ်က္ေတြတစ္ခါတေလမွားေနပါတယ္”လို႔ မိုက္ကယ္အို၀င္ကေျပာပါတယ္။