
photo-gettyimages
photo-sky sports
လာမယ့်မန်ချက်စတာဒါဘီပွဲရဲ့ကွင်းလယ်ဒိုင်အဖြစ် မိုက်ဒိန်းက တာဝန်ယူဆောင်ရွက်လိမ့်မယ်လို့ ကြေညာလိုက်ပြီးနောက်မှာ မန်ယူအသင်းပရိသတ်တွေ စိုးရိမ်ကုန်ကြပါတယ်။ မန်ယူဟာ လာမယ့်တနင်္ဂနွေနေ့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မြို့ခံပြိုင်ဘက်မန်စီးတီးကို ဧည့်ခံရဖို့ရှိပါတယ်။ အဲဒါဟာ သူတို့ကြားက ဒီရာသီရဲ့ ၄ ကြိမ်မြောက်တွေ့ဆုံမှုလည်း ဖြစ်လာမှာပါ။
photo-gettyimages
ဒီရာသီကစားခဲ့တဲ့မန်ချက်စတာဒါဘီ ၃ ကြိမ်စလုံးမှာတော့ ဧည့်သည်အသင်းတွေကသာ အနိုင်ရခဲ့တာကို တွေ့ရပါတယ်။ အဲဒီရစ်သမ်အတိုင်းဆိုရင်တော့ မန်ယူအတွက် ခက်ခဲမယ့် မန်ချက်စတာဒါဘီ အိမ်ကွင်းပွဲစဉ်ဖြစ်လာမှာပါ။ ဒါ့အပြင် ကွင်းလယ်ဒိုင်မိုက်ဒိန်းဆိုတာ မန်ချက်စတာဒါဘီပွဲတွေမှာ မန်ယူအတွက် ကောင်းကျိုးပေးခဲ့သူ မဟုတ်ပါဘူး။
photo-gettyimages
မိုက်ဒိန်းဟာ သူ့ရဲ့ကွင်းလယ်ဒိုင်ဘဝမှာ ၆ ကြိမ်မြောက်အဖြစ် မန်ချက်စတာဒါဘီကို ကိုင်တွယ်ခွင့်ရတာပါ။ သူအရင် ကိုင်တွယ်ခဲ့တဲ့ မန်ချက်စတာဒါဘီ ၅ ကြိမ်မှာတော့ မန်စီးတီးက ၄ ကြိမ်အနိုင်ရခဲ့ပါတယ်။ မန်ယူနိုင်ခဲ့တဲ့တစ်ကြိမ်တည်းကတော့ ၂၀၁၆ က အင်္ဂလန်လိဂ်ဖလားစတုတ္ထအဆင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူပရိသတ်တွေက စိုးရိမ်တကြီးဖြစ်နေကြတာပါ။ မန်ချက်စတာဒါဘီပွဲမတိုင်ခင် နှစ်သင်းစလုံးဟာ ကြားရက်အက်ဖ်အေဖလားပွဲစဉ်အဖြစ် ချန်ပီယံရှစ်ပြိုင်ဘက်တွေနဲ့ အဝေးကွင်းသွားရောက်ရင်ဆိုင်ရဖို့ ရှိပါတယ်။ အဲဒီမှာ မန်ယူဟာ ဒါဘီနဲ့ကစားရမှာမို့ အသင်းဂန္ထဝင်ဟောင်းရွန်နီနဲ့ ပြန်လည်ဆုံတွေ့ရဖို့ ရှိပါတယ်။
[Zawgyi]
မန္ခ်က္စတာဒါဘီရဲ႕ဒိုင္က မိုက္ဒိန္းမွန္းသိလိုက္ရခ်ိန္မွာ စိုးရိမ္သြားတဲ့ မန္ယူပရိသတ္ေတြ
လာမယ့္မန္ခ်က္စတာဒါဘီပြဲရဲ႕ကြငး္လယ္ဒိုင္အျဖစ္ မိုက္ဒိန္းက တာ၀န္ယူေဆာင္ရြက္လိမ့္မယ္လုိ႔ ေၾကညာလိုက္ၿပီးေနာက္မွာ မန္ယူအသင္းပရိသတ္ေတြ စိုးရိမ္ကုန္ၾကပါတယ္။ မန္ယူဟာ လာမယ့္တနဂၤေႏြေန႔ အိမ္ကြင္းအိုးလ္ထရက္ဖုိ႔ဒ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကို ဧည့္ခံရဖို႔ရွိပါတယ္။ အဲဒါဟာ သူတို႔ၾကားက ဒီရာသီရဲ႕ ၄ ႀကိမ္ေျမာက္ေတြ႕ဆုံမႈလည္း ျဖစ္လာမွာပါ။
ဒီရာသီကစားခဲ့တဲ့မန္ခ်က္စတာဒါဘီ ၃ ႀကိမ္စလုံးမွာေတာ့ ဧည့္သည္အသင္းေတြကသာ အႏိုင္ရခဲ့တာကို ေတြ႕ရပါတယ္။ အဲဒီရစ္သမ္အတိုင္းဆိုရင္ေတာ့ မန္ယူအတြက္ ခက္ခဲမယ့္ မန္ခ်က္စတာဒါဘီ အိမ္ကြင္းပြဲစဥ္ျဖစ္လာမွာပါ။ ဒါ့အျပင္ ကြင္းလယ္ဒုိင္မိုက္ဒိန္းဆိုတာ မန္ခ်က္စတာဒါဘီပြဲေတြမွာ မန္ယူအတြက္ ေကာင္းက်ိဳးေပးခဲ့သူ မဟုတ္ပါဘူး။
မိုက္ဒိန္းဟာ သူ႔ရဲ႕ကြင္းလယ္ဒိုင္ဘ၀မွာ ၆ ႀကိမ္ေျမာက္အျဖစ္ မန္ခ်က္စတာဒါဘီကို ကိုင္တြယ္ခြင့္ရတာပါ။ သူအရင္ ကိုင္တြယ္ခဲ့တဲ့ မန္ခ်က္စတာဒါဘီ ၅ ႀကိမ္မွာေတာ့ မန္စီးတီးက ၄ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ မန္ယူႏိုင္ခဲ့တဲ့တစ္ႀကိမ္တည္းကေတာ့ ၂၀၁၆ က အဂၤလန္လိဂ္ဖလားစတုတၳအဆင့္မွာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း မန္ယူပရိသတ္ေတြက စိုးရိမ္တႀကီးျဖစ္ေနၾကတာပါ။ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ ႏွစ္သင္းစလုံးဟာ ၾကားရက္အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ ခ်န္ပီယံရွစ္ၿပိဳင္ဘက္ေတြနဲ႔ အေ၀းကြင္းသြားေရာက္ရင္ဆိုင္ရဖုိ႔ ရွိပါတယ္။ အဲဒီမွာ မန္ယူဟာ ဒါဘီနဲ႔ကစားရမွာမို႔ အသင္းဂႏၳ၀င္ေဟာင္းရြန္နီနဲ႔ ျပန္လည္ဆုံေတြ႕ရဖုိ႔ ရွိပါတယ္။