မန်ချက်စတာဒါဘီမှာ ဘယ်အသင်းအသာရသွားမလဲဆိုတာ သုံးသပ်လိုက်တဲ့ ဘာဘာတော့ဗ်

Photo Credit

ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က တနင်္ဂနွေနေ့မှာ ကစားရမယ့် မန်ချက်စတာဒါဘီပွဲမှာ ဘယ်အသင်းအသာရသွားနိုင်လဲဆိုတာ သုံးသပ်လာပါတယ်။ နည်းပြဆိုးလ်ရှားဦးဆောင်တဲ့ ယူနိုက်တက်ဟာ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက် စီးတီးကို ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Photo Credit

ယူနိုက်တက်အနေနဲ့ ဒီပွဲမှာသာ ရလဒ်ကောင်းရယူနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပိုမိုရှင်သန်လာမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဆင့် ၄နေရာက ချဲလ်ဆီးနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နေပေမယ့် ဂိုးကွာခြားချက်မှာ အသာရထားပါတယ်။ ဒါပေမဲ့ စီးတီးကလည်း လက်ရှိမှာ ပုံစံကောင်းရရှိနေပြီး ရီးရဲလ်မက်ဒရစ်၊ ဗီလာနဲ့ ရှက်ဖီးလ်ဝင်းစ်ဒေးတို့ကို ဖလားပြိုင်ပွဲတွေမှာ ဆက်တိုက်အနိုင်ရထားပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ဒီရာသီမှာ စီးတီးနဲ့ရင်ဆိုင်ခဲ့တဲ့ ၃ပွဲအနက် ၂ပွဲအထိ အနိုင်ရထားပေမယ့် အိမ်ကွင်းမှာ ကစားခဲ့တဲ့ တစ်ပွဲတည်းသောပွဲကတော့ ဂိုးပြတ်အရေးနိမ့်ထားပါတယ်။ ဘူလ်ဂေးရီးယားလက်ရွေးစင်ဟောင်း ဘာဘာတော့ဗ်က သူ့အသင်းဟောင်းအနေနဲ့ ဒီပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရလိမ့်မယ်လို့ ရလဒ်နဲ့ပါ အတိအကျခန့်မှန်းလိုက်ပါတယ်။

Photo Credit

”ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ပုံစံကောင်းရရှိနေပြီး ဒီလိုအချိန်မှာ စီးတီးနဲ့တွေ့တာက ယူနိုက်တက်အတွက် တကယ့်အချိန်ကောင်းပါပဲ။ ဂွါဒီယိုလာအတွက် ပရီးမီးယားလိဂ်က ဘာမှလုပ်စရာမရှိတော့ပါဘူး။ သူတို့ရဲ့အဓိကပစ်မှတ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်ရေးပါ”

Photo Credit

”ယူနိုက်တက်က ဒါကို အကျိုးရှိရှိ အသုံးချရမှာဖြစ်ပြီး တကယ်လည်း အသုံးချနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီနိုင်ပွဲက သူတို့အတွက် ကြီးကျယ်တဲ့နိုင်ပွဲဖြစ်လာနိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဖိုးတန် ၃ မှတ်ဖြစ်လာနိုင်ပါတယ်”လို့ ဘာဘာတော့ဗ်က ပြောပါတယ်။

Photo Credit

ယူနိုက်တက်ဟာ နောက်ပိုင်းမှာ ရလဒ်ကောင်းလာပြီး အထူးသဖြင့် ဇန်နဝါရီလက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ရောက်လာပြီးနောက် ရလဒ်တွေ တောက်လျှောက်ကောင်းမွန်နေပါတယ်။

Photo Credit

Zawgyi

မန္ခ်က္စတာဒါဘီမွာ ဘယ္အသင္းအသာရသြားမလဲဆိုတာ သုံးသပ္လိုက္တဲ့ ဘာဘာေတာ့ဗ္

ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္က တနဂၤေႏြေန႔မွာ ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲမွာ ဘယ္အသင္းအသာရသြားႏိုင္လဲဆုိတာ သုံးသပ္လာပါတယ္။ နည္းျပဆုိးလ္ရွားဦးေဆာင္တဲ့ ယူႏုိက္တက္ဟာ အိမ္ကြင္းအိုးထရက္ဖုိ႔ဒ္မွာ ၿမိဳ႕ခံၿပိဳင္ဘက္ စီးတီးကို ဧည့္ခံကစားရမွာျဖစ္ပါတယ္။
ယူႏိုက္တက္အေနနဲ႔ ဒီပြဲမွာသာ ရလဒ္ေကာင္းရယူႏုိင္ရင္ ခ်န္ပီယံလိဂ္၀င္ခြင့္ေမွ်ာ္လင့္ခ်က္ ပိုမိုရွင္သန္လာမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အဆင့္ ၄ေနရာက ခ်ဲလ္ဆီးနဲ႔ ၃ မွတ္အကြာမွာ ရပ္တည္ေနေပမယ့္ ဂိုးကြာျခားခ်က္မွာ အသာရထားပါတယ္။ ဒါေပမဲ့ စီးတီးကလည္း လက္ရွိမွာ ပုံစံေကာင္းရရွိေနၿပီး ရီးရဲလ္မက္ဒရစ္၊ ဗီလာနဲ႔ ရွက္ဖီးလ္၀င္းစ္ေဒးတို႔ကို ဖလားၿပိဳင္ပဲြေတြမွာ ဆက္တုိက္အႏိုင္ရထားပါတယ္။
ယူႏုိက္တက္ဟာ ဒီရာသီမွာ စီးတီးနဲ႔ရင္ဆုိင္ခဲ့တဲ့ ၃ပြဲအနက္ ၂ပြဲအထိ အႏိုင္ရထားေပမယ့္ အိမ္ကြင္းမွာ ကစားခဲ့တဲ့ တစ္ပဲြတည္းေသာပဲြကေတာ့ ဂုိးျပတ္အေရးနိမ့္ထားပါတယ္။ ဘူလ္ေဂးရီးယားလက္ေရြးစင္ေဟာင္း ဘာဘာေတာ့ဗ္က သူ႕အသင္းေဟာင္းအေနနဲ႔ ဒီပြဲမွာ ၁-၀ ဂိုးနဲ႔ အႏိုင္ရလိမ့္မယ္လုိ႔ ရလဒ္နဲ႔ပါ အတိအက်ခန္႔မွန္းလိုက္ပါတယ္။
”ယူႏုိက္တက္ဟာ လက္ရွိအခ်ိန္မွာ ပုံစံေကာင္းရရွိေနၿပီး ဒီလုိအခ်ိန္မွာ စီးတီးနဲ႔ေတြ႕တာက ယူႏုိက္တက္အတြက္ တကယ့္အခ်ိန္ေကာင္းပါပဲ။ ဂြါဒီယိုလာအတြက္ ပရီးမီးယားလိဂ္က ဘာမွလုပ္စရာမရွိေတာ့ပါဘူး။ သူတို႔ရဲ႕အဓိကပစ္မွတ္က ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲႏိုင္ေရးပါ”
”ယူႏုိက္တက္က ဒါကုိ အက်ိဳးရွိရွိ အသုံးခ်ရမွာျဖစ္ၿပီး တကယ္လည္း အသုံးခ်ႏိုင္လိမ့္မယ္လုိ႔ ထင္ပါတယ္။ ဒီႏိုင္ပဲြက သူတုိ႔အတြက္ ႀကီးက်ယ္တဲ့ႏိုင္ပြဲျဖစ္လာႏုိင္ၿပီး ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္လည္း အဖိုးတန္ ၃ မွတ္ျဖစ္လာႏိုင္ပါတယ္”လုိ႔ ဘာဘာေတာ့ဗ္က ေျပာပါတယ္။
ယူႏုိက္တက္ဟာ ေနာက္ပိုင္းမွာ ရလဒ္ေကာင္းလာၿပီး အထူးသျဖင့္ ဇန္န၀ါရီလက ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ေရာက္လာၿပီးေနာက္ ရလဒ္ေတြ ေတာက္ေလွ်ာက္ေကာင္းမြန္ေနပါတယ္။