မန်ချက်စတာဒါဘီပွဲမှာ ဘယ်အသင်းနိုင်မလဲ?

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

မန်ချက်စတာ စီးတီး အသင်း ဟာ ယနေ့ ည မှာ ပရီးမီး ယားလိဂ် ပွဲစဉ် ၂၉ အဖြစ် မြို့ခံ ပြိုင်ဘက် ယူနိုက်တက်အသင်း ကို အိုးထရက်ဖိုဒ့် ကွင်း မှာသွားရောက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ် ပါတယ် ။ဒီတစ်ကြိမ်တွေ့ဆုံမှုဟာ ဒီရာသီမှာ (၄)ကြိမ်မြောက်အဖြစ်တွေ့ဆုံမှုပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ (၃)ကြိမ်မှာတော့ ယူနိုက်တက်က (၂)ကြိမ်အနိုင်ရထားခဲ့ပြီး၊ မန်စီးတီးက(၁)ကြိမ်အနိုင်ရရှိ ထားခဲ့တာဖြစ်ပါတယ်။

photo internet

ယူနိုက်တက်ဟာချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့်(၅)နေရာကနေရုန်းကန်နေရတဲ့ အသင်းဖြစ်ပြီးတော့ မန်စီးတီးအသင်းကတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ထက်(၂၅)မှတ်ကွာ အနေအထား နဲ့အမှတ်ပေးဇယားဒုတိယနေရာမှာပရီးမီးယားဖလားအတွက် မျှော်လင့်စရာမရှိတော့တဲ့ အသင်းဖြစ်နေပါပြီ။ ယူနိုက်တက်ဟာ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက်တိုက်ရှုံးပွဲရှိမထားခဲ့ပဲ၊(၆)ပွဲအနိုင်ရထားခဲ့ကာ (၃)ပွဲသရေကျထားခဲ့ပါတယ်။ အဆိုပါ(၉)ပွဲမှာယူနိုက်တက်ရဲ့ခံစစ်ပိုင်းကလည်း ပေးဂိုး(၂)ဂိုးသာခွင့်ပြုထား ခဲ့ရသလို၊တိုက်စစ်ပိုင်းကလည်း (၂၂)ဂိုးအထိသွင်းယူထားနိုင်ခဲ့တာပါ။ အထူးသဖြင့် ဖာနန်ဒက်စ်ရောက် လာပြီးတဲ့နောက်ပိုင်း ယူနိုက်တက်ရဲ့ ကစားပုံက သိသိသာသာတိုးတက်လာခဲ့တာကိုတွေ့ခဲ့ရပါတယ်။ ယူနိုက်တက်အသင်းရဲ့နည်းပြဆိုးလ်ရှားက ပွဲစဉ်ဇယားရေးဆွဲထားမှုအပေါ်မှာ ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မန်စီးတီးနဲ့ ကစားရမယ့်ပွဲအတွက် ယူနိုက်တက်ဟာ ၂၄ နာရီသာအနားရမှာဖြစ်ပြီး မန်စီးတီးကတော့ နားရက်တစ်ရက်ပိုမိုရရှိထားခဲ့တဲ့အပေါ် နည်းပြဆိုးလ်ရှားက မကျေမနပ်ဖြစ်နေတာပါ။ မန်စီးတီးက အက်စတွန်ဗီလာနဲ့ လိဂ်ဖလားဗိုလ်လုပွဲကိုကစားခဲ့ရပြီး ယူနိုက်တက်ကတော့ သောကြာနေ့မနက်ပိုင်းမှာမှ ဒါဘီနဲ့ အက်ဖ်အေဖလားပွဲကစားထားခဲ့ရတာဖြစ်ပါတယ်။

photo internet

မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကတော့ ပွဲနဲ့ပတ်သက်ပြီးအခုလိုပြောထားပါတယ်။ “ယူနိုက်တက်က တောင့်တင်းပြီးကောင်းကောင်းကစားနိုင်တဲ့အသင်းဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ သူတို့အပေါ် ကောင်းတဲ့အမြင်ရှိသလို လေးစားမှုလည်း အပြည့်ရှိပါတယ်။ သူတို့ဟာ မယုံနိုင်စရာကို တက်ကြွနေပါတယ်။ ကျွန်တော်တို့နဲ့ တွေ့တဲ့ တချို့ပွဲတွေမှာတော့ ခံစစ်ကစားတတ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာဆိုရင် တော်တော်လေးတက်ကြွနေတာတွေ့ရပါတယ်။”ဆိုပြီး ဂွာဒီယိုလာက ပြောထားပါတယ်။ ယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားကတော့အခုလိုပြောပါတယ်။ “နောက်ဆုံးကစားခဲ့တုန်းက သူတို့ကို ကျွန်တော်တို့အနိုင်ယူထားခဲ့တဲ့ပွဲက မျှတမှုရှိခဲ့ပါတယ်။ အဲဒီပွဲတုန်းကတော့ ကျွန်တော်တို့ အတွက် အနားယူဖို့အချိန်လုံလောက်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရလဒ်တွေကောင်းမွန်တိုးတက်ဖို့ အာရုံစိုက်သွားမှာပါ။ ဒီပြိုင်ပွဲက ခက်ခဲတယ်ဆိုတာ သိပါတယ်။ အဆင့် (၄) ထဲကို ဝင်လိုတဲ့ အသင်းတွေကအများကြီးပါ။ ကျွန်တော်တို့အသင်းလည်းအပါအဝင်ပေါ့။ လူစာရင်းကို ကောင်းကောင်းစီမံသွားရပါမယ်။ နောက်ထပ်ကစားရမယ့် ပွဲစဉ်တွေကလည်း အရေးကြီးတယ်လေ။”ဆိုပြီး နည်းပြဆိုးလ်ရှားက ပြောဆိုထားပါတယ်။

photo internet

မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၅)ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့ပြီးတော့ ပုံစံကောင်းတွေကိုပြသထားနိုင်ခဲ့ပါတယ်။ အဂူရိုပြန်ပါလာတာကြောင့်တိုက်စစ်ပိုင်းကလည်း အခြေအနေကောင်းနေပါတယ်။ ဒါပေမဲ့ ဒီနေ့ညပွဲမှာ မန်စီးတီးရဲ့ အဓိက ကွင်းလယ်ဖန်တီးရှင် ဒီဘရူနီပါဝင်လာဖို့မသေချာတာကြောင့် မန်စီးတီးကွင်းလယ်ပိုင်းဟာ ဖာနန်ဒက်စ်၊ ဖရက်တို့ဦးဆောင်လာမယ့် ယူနိုက်တက်ထက်ကွင်းလယ်ထက်တော့ အားနည်းမှုတွေရှိလာနိုင်ပါတယ်။

photo internet

ဘူလ်ဂေးရီးယားလက်ရွေးစင်ဟောင်း ဘာဘာတော့ဗ်က တော့သူ့အသင်းဟောင်းအနေနဲ့ ဒီပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။မန်စီးတီးနှင့်ကစားမယ့် ပွဲစဉ်အတွက် Lowry Hotel ကိုရောက်လာတဲ့ ယူနိုက်တက်အသင်းရဲ့လူစာရင်း ကတော့ဒီဂီယာ၊ ရိုမဲရို၊ဘင်ရှော့၊ဝမ်ဘစ်ဆာကာ၊ဒါလော့၊ လင်ဒီလော့ဒ်၊တွမ်ဇီဘီ၊ ဘိုင်လီ၊ လုခ်ရှော့၊ ဝီလီယံ၊မာတစ်၊ဖရတ်၊တိုမီနေး၊ ပါရဲယား၊မာတာ၊ဖာနန်ဒက်စ်၊အီဟာလို၊ ဂရင်းဝုဒ်၊ မာရှယ်တို့ဖြစ်ပါတယ်။

photo internet

ဂျိမ်းစ်နှင့် မက်ဂွိုင်ယားတို့ိုလူစာရင်းထဲမှာ မပါဝင်ထားပါဘူး။ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ယူနိုက်တက်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ ဒါဘီနဲ့ ပွဲစဉ်ကိုလည်းလွဲချော်ခဲ့ပါတယ်။
မန်စီးတီးအသင်းရဲ့ တောင်ပံ ကစား သမား စတာလင် ကတော့ ဒီည ပွဲမှာ ဂိုး ရအောင် သွင်းမယ်လို့ကြွေးကြော် ထားပါတယ်။ ပရိသတ်တွေအနေနဲ့ရော မန်စီးတီးနဲ့ယူနိုက်တက်ဘယ်အသင်းက အနိုင်ရမယ်လို့ထင်ပါသလဲ။

photo internet

M Cash 24 အကွောငျးသိလိုပါက M Cash 24 ကို နှိပျပါ။

(Zawgyi Version)

မန္ခ်က္စတာဒါဘီပြဲမွာ ဘယ္အသင္းႏိုင္မလဲ?

မန္ခ်က္စတာ စီးတီး အသင္း ဟာ ယေန႔ ည မွာ ပရီးမီး ယားလိဂ္ ပြဲစဥ္ ၂၉ အျဖစ္ ၿမိဳ႕ခံ ၿပိဳင္ဘက္ ယူႏိုက္တက္အသင္း ကို အိုးထရက္ဖိုဒ့္ ကြင္း မွာသြားေရာက္ ယွဥ္ၿပိဳင္ ကစား ရမွာ ျဖစ္ ပါတယ္ ။ဒီတစ္ၾကိမ္ေတြ႔ဆံုမႈဟာ ဒီရာသီမွာ (၄)ၾကိမ္ေျမာက္အျဖစ္ေတြ႔ဆံုမႈပဲျဖစ္ပါတယ္။ ျပီးခ့ဲတ့ဲ (၃)ၾကိမ္မွာေတာ့ ယူႏိုက္တက္က (၂)ၾကိမ္အႏိုင္ရထားခ့ဲျပီး၊ မန္စီးတီိးက(၁)ၾကိမ္အႏိုင္ရရွိ ထားခ့ဲတာျဖစ္ပါတယ္။ ယူႏုိက္တက္ဟာခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ အဆင့္(၅)ေနရာကေနရုန္းကန္ေနရတ့ဲ အသင္းျဖစ္ျပီးေတာ့ မန္စီးတီးအသင္းကေတာ့ အမွတ္ေပးဇယားထိပ္ဆံုးက လီဗာပူးလ္ထက္(၂၅)မွတ္ကြာ အေနအထား နဲ႔အမွတ္ေပးဇယားဒုတိယေနရာမွာပရီးမီးယားဖလားအတြက္ ေမွ်ာ္လင့္စရာမရိွေတာ့တဲ့ အသင္းျဖစ္ေနပါၿပီ။ ယူႏုိက္တက္ဟာ ျပိဳင္ပြဲစံုေနာက္ဆံုုး(၉)ပြဲဆက္တိုက္ရံႈးပြဲရွိမထားခ့ဲပဲ၊(၆)ပြဲအႏိုင္ရထားခ့ဲကာ (၃)ပြဲသေရက်ထားခ့ဲပါတယ္။ အဆိုပါ(၉)ပြဲမွာယူႏိုက္တက္ရဲ႕ခံစစ္ပိုင္းကလည္း ေပးဂိုး(၂)ဂိုးသာခြင့္ျပဳထား ခ့ဲရသလို၊တိုက္စစ္ပိုင္းကလည္း (၂၂)ဂိုးအထိသြင္းယူထားႏိုင္ခ့ဲတာပါ။ အထူးသျဖင့္ ဖာနန္ဒက္စ္ေရာက္ လာျပီးတ့ဲေနာက္ပိုင္း ယူႏိုက္တက္ရဲ႕ ကစားပံုက သိသိသာသာတိုးတက္လာခ့ဲတာကိုေတြ႔ခ့ဲရပါတယ္။ ယူႏိုက္တက္အသင္းရဲ႕နည္းျပဆိုးလ္ရွားက ပြဲစဥ္ဇယားေရးဆြဲထားမႈအေပၚမွာ ေဝဖန္ျပစ္တင္မႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။ မန္စီးတီးနဲ႔ ကစားရမယ့္ပြဲအတြက္ ယူႏိုက္တက္ဟာ ၂၄ နာရီသာအနားရမွာျဖစ္ၿပီး မန္စီးတီးကေတာ့ နားရက္တစ္ရက္ပိုမိုရရွိထားခဲ့တဲ့အေပၚ နည္းျပဆိုးလ္ရွားက မေက်မနပ္ျဖစ္ေနတာပါ။ မန္စီးတီးက အက္စတြန္ဗီလာနဲ႔ လိဂ္ဖလားဗိုလ္လုပြဲကိုကစားခဲ့ရၿပီး ယူႏိုက္တက္ကေတာ့ ေသာၾကာေန႔မနက္ပိုင္းမွာမွ ဒါဘီနဲ႔ အက္ဖ္ေအဖလားပြဲကစားထားခဲ့ရတာျဖစ္ပါတယ္။ မန္စီးတီးနည္းျပ ပက္ဂြာဒီယိုလာကေတာ့ ပြဲနဲ႔ပတ္သက္ၿပီးအခုလိုေျပာထားပါတယ္။ “ယူႏိုက္တက္က ေတာင့္တင္းၿပီးေကာင္းေကာင္းကစားႏိုင္တဲ့အသင္းဆိုတာ ကၽြန္ေတာ္ယုံၾကည္ပါတယ္။ သူတို႔အေပၚ ေကာင္းတဲ့အျမင္ရွိသလို ေလးစားမႈလည္း အျပည့္ရွိပါတယ္။ သူတို႔ဟာ မယုံႏိုင္စရာကို တက္ႂကြေနပါတယ္။ ကၽြန္ေတာ္တို႔နဲ႔ ေတြ႕တဲ့ တခ်ိဳ႕ပြဲေတြမွာေတာ့ ခံစစ္ကစားတတ္ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲေတြမွာဆိုရင္ ေတာ္ေတာ္ေလးတက္ႂကြေနတာေတြ႕ရပါတယ္။”ဆိုၿပီး ဂြာဒီယိုလာက ေျပာထားပါတယ္။ ယူႏိုက္တက္အသင္းနည္းျပဆိုးလ္ရွားကေတာ့အခုလိုေျပာပါတယ္။ “ေနာက္ဆုံးကစားခဲ့တုန္းက သူတို႔ကို ကြၽန္ေတာ္တို႔အႏိုင္ယူထားခဲ့တဲ့ပြဲက မွ်တမႈရွိခဲ့ပါတယ္။ အဲဒီပြဲဲတုန္းကေတာ့ ကြၽန္ေတာ္တို႔ အတြက္ အနားယူဖို႔အခ်ိန္လုံေလာက္ခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ကၽြန္ေတာ္တို႔ရလဒ္ေတြေကာင္းမြန္တိုးတက္ဖို႔ အာ႐ုံစိုက္သြားမွာပါ။ ဒီၿပိဳင္ပြဲက ခက္ခဲတယ္ဆိုတာ သိပါတယ္။ အဆင့္ (၄) ထဲကို ၀င္လိုတဲ့ အသင္းေတြကအမ်ားႀကီးပါ။ ကၽြန္ေတာ္တို႔အသင္းလည္းအပါအ၀င္ေပါ့။ လူစာရင္းကို ေကာင္းေကာင္းစီမံသြားရပါမယ္။ ေနာက္ထပ္ကစားရမယ့္ ပြဲစဥ္ေတြကလည္း အေရးႀကီးတယ္ေလ။”ဆိုၿပီး နည္းျပဆိုးလ္ရွားက ေျပာဆိုထားပါတယ္။
မန္စီးတီးအသင္းဟာ ျပိဳင္ပြဲစံုေနာက္ဆံုး(၅)ပြဲဆက္တိုက္အႏိုင္ရရွိထားခ့ဲျပီးေတာ့ ပံုစံေကာင္းေတြကုိျပသထားႏို္င္ခ့ဲပါတယ္။ အဂူရိုျပန္ပါလာတာေၾကာင့္တိုက္စစ္ပိုင္းကလည္း အေျခအေနေကာင္းေနပါတယ္။ ဒါေပမ့ဲ ဒီေန႔ညပြဲမွာ မန္စီးတီးရဲ႕ အဓိက ကြင္းလယ္ဖန္တီးရွင္ ဒီဘရူနီပါ၀င္လာဖို႔မေသခ်ာတာေၾကာင့္ မန္စီးတီးကြင္းလယ္ပိုင္းဟာ ဖာနန္ဒက္စ္၊ ဖရက္တို႔ဦးေဆာင္လာမယ့္ ယူႏုိက္တက္ထက္ကြင္းလယ္ထက္ေတာ့ အားနည္းမႈေတြရွိလာႏိုင္ပါတယ္။

ဘူလ္ေဂးရီးယားလက္ေရြးစင္ေဟာင္း ဘာဘာေတာ့ဗ္က ေတာ့သူ႕အသင္းေဟာင္းအေနနဲ႔ ဒီပြဲမွာ ၁-၀ ဂိုးနဲ႔ အႏိုင္ရလိမ့္မယ္လုိ႔ ခန္႔မွန္းထားပါတယ္။မန္စီးတီးႏွင့္ကစားမယ့္ ပြဲစဥ္အတြက္ Lowry Hotel ကိုေရာက္လာတဲ့ ယူႏိုက္တက္အသင္းရဲ႕လူစာရင္း ကေတာ့ဒီဂီယာ၊ ႐ိုမဲ႐ို၊ဘင္ေ႐ွာ့၊ဝမ္ဘစ္ဆာကာ၊ဒါေလာ့၊ လင္ဒီေလာ့ဒ္၊တြမ္ဇီဘီ၊ ဘိုင္လီ၊ လုခ္ေ႐ွာ့၊ ဝီလီယံ၊မာတစ္၊ဖရတ္၊တုိမီေနး၊ ပါရဲယား၊မာတာ၊ဖာနန္ဒက္စ္၊အီဟာလုိ၊ ဂရင္းဝုဒ္၊ မာရွယ္တို႔ျဖစ္ပါတယ္။
ဂ်ိမ္းစ္ႏွင့္ မက္ဂိြဳင္ယားတို႔ိုလူစာရင္းထဲမွာ မပါ၀င္ထားပါဘူး။ ျပီးခ့ဲတ့ဲ အဲဗာတန္နဲ႔ ပြဲစဥ္မွာ ရရွိခ့ဲတ့ဲ ဒဏ္ရာေၾကာင့္ ယူႏိုက္တက္ေတာင္ပံကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ဟာ ဒါဘီနဲ႔ ပြဲစဥ္ကိုလည္းလြဲေခ်ာ္ခ့ဲပါတယ္။
မန္စီးတီးအသင္းရဲ႕ ေတာင္ပံ ကစား သမား စတာလင္ ကေတာ့ ဒီည ပြဲမွာ ဂိုး ရေအာင္ သြင္းမယ္လို႔ေၾကြးေၾကာ္ ထားပါတယ္။ ပရိသတ္ေတြအေနနဲ႔ေရာ မန္စီးတီးနဲ႔ယူႏိုက္တက္ဘယ္အသင္းက အႏိုင္ရမယ္လို႔႔ထင္ပါသလဲ။