မန်ချက်စတာဒါဘီပွဲမတိုင်ခင် နည်းဗျူဟာပိုင်းဆိုင်ရာ သုံးသပ်ကြည့်ခြင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ ပရိသတ်စွဲဝင်စားမှုအများဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီပွဲက အခုည မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။

ပရီးမီးယားလိဂ်မှာ (၁၅)ပွဲဆက် အနိုင်၊ ပြိုင်ပွဲစုံမှာ (၂၁)ပွဲဆက်အနိုင်မှတ်တမ်းအပြင် နောက်ဆုံး(၂၈)ပွဲဆက်ရှုံးပွဲမရှိခဲ့တဲ့ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်အဝေးကွင်း (၂၁)ပွဲဆက်ရှုံးပွဲမရှိတဲ့ ယူနိုက်တက်အသင်း ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ဒီနှစ်အစပိုင်းတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဒီနှစ်သင်းအပြိုင်အဆိုင်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ယူနိုက်တက်အသင်း ရလဒ်တွေကျဆင်းလာတာနဲ့အတူ မန်စီးတီးအသင်းကလည်း နိုင်ပွဲတွေဆက်တိုက်ရယူနိုင်ခဲ့တာကြောင့် လက်ရှိအချိန်မှာ ဒီနှစ်သင်းကြား အမှတ်ကွာဟာမှုက (၁၄)မှတ်အထိရှိနေပါပြီ။

မနေ့က ကစားခဲ့တဲ့ပွဲမှာ လက်စတာအသင်းက အနိုင်ရခဲ့တာကြောင့် ယူနိုက်တက်တို့ အဆင့်(၂)နေရာကို လွှဲပြောင်းပေးခဲ့ရလို့ အခုပွဲက ချန်ပီယံဆုအတွက် အဆုံးအဖြတ်ဆိုတာထက် ယူနိုက်တက်အသင်း အဆင့်(၂)နေရာ ပြန်ရောက်ဖို့ပဲ အာရုံစိုက်ရတော့မှာပါ။ အဲဒါကြောင့် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ဒီနှစ်သင်း ဘယ်လိုနည်းဗျူဟာတွေနဲ့ ပွဲထွက်လာမလဲဆိုတာ သုံးသပ်ကြည့်ချင်ပါတယ် . . .

မန်စီးတီး

အခုနောက်ပိုင်းပွဲတွေမှာ Total Football ဆန်ဆန် ကစားနေတဲ့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ ပွဲထွက်လူစာရင်းကို ကြီးကြီးမားမားပြောင်းလဲဖို့ မရှိဘဲ နောက်ဆုံးကစားခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲက ပုံစံအတိုင်း အသုံးပြုဖို့ရှိပါတယ်။ ဝေါ်လ်ကာနဲ့ ကန်ဆယ်လိုတို့ဟာ Wing Backs ပုံစံနဲ့ ကစားဖို့ရှိသလို ဝေါ်လ်ကာဟာ သူ့ရဲ့ လျင်မြန်မှု၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုတို့ကို အသုံးပြုပြီး ယူနိုက်တက် ဘယ်ခြမ်းတိုက်စစ်က ရပ်ရှ်ဖို့ဒ်ကို ထိန်းချုပ်ဖို့ကြိုးစားပါလိမ့်မယ်။

မန်စီးတီးကို စရောက်ကတည်းက ခြေစွမ်းကောင်းတွေပြနေတဲ့ နောက်ခံလူဒီယက်စ်ကို လာပေ့ါတ် ဒါမှမဟုတ် ဂျွန်စတုန်းစ်တို့နဲ့ တွဲဖက်ကစားဖို့ရှိနေပြီး သူတို့ရဲ့အဓိကတာဝန်က အထောင်တိုက်စစ်မှူးအဖြစ် ပွဲထွက်လာနိုင်တဲ့ ကာဗာနီကို ထိန်းချုပ်ဖို့ပါပဲ။ ယူနိုက်တက်ကွင်းလယ်အသက်သွေးကြောဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို တားဆီးဖို့အတွက် ရိုဒရီဟာ Deep Lying Midfielder အဖြစ် ကစားသွားဖို့ရှိပြီး သူ့တာဝန်က တိုက်စစ်ကိုလိုက်ပါဖို့ထက် ခံစစ်ကို ကူညီပေးဖို့ အဓိကဖြစ်ပါလိမ့်မယ်။

အခုနောက်ပိုင်း ဂွါဒီယိုလာက ဂိုးရဖို့အတွက် တိုက်စစ်ကစားသမားတွေကိုပဲ အဓိကတာဝန်မယူခိုင်းဘဲ ကွင်းလယ်က ဂမ်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗားတို့ကိုပါ တာဝန်ပေးထားသလိုဖြစ်နေပြီး ဂမ်ဒိုဂန်ဟာ တိုက်စစ်ကစားသမားတွေကို ပြိုင်ဘက်ခံစစ်က အာရုံစိုက်နေချိန်မှာ လွတ်သွားတဲ့ လမ်းကြောင်းတွေကနေ ဂိုးသွင်းလေ့ရှိတာကြောင့် ယူနိုက်တက်ခံစစ် အလုပ်ရှုပ်မယ့်အနေအထားပါပဲ။

ဒ့ါအပြင် ဂွါဒီယိုလာဟာ တိုက်စစ်မှာ နေရာစုံရွှေ့ပြောင်းကစားစေဖို့အတွက် ဂျေးဆုထက် ဖိုဒန်ကို ပွဲထွက်စေဖို့ရှိပြီး စတာလင်၊ ဖိုဒန်၊ မာရက်ဇ် အတွဲအဖက်ကို အသုံးပြုဖို့ရှိပါတယ်။ ကွင်းလယ်ဗိုလ်ချုပ် ဒီဘရိုင်းနားကတော့ တိုက်စစ်ကို အလွန်အကျွံလိုက်ဖို့ထက် တိုက်စစ်ကစားသမားတွေအတွက် တိကျတဲ့ဂိုးဖန်တီးမှုတွေ ပြုလုပ်သွားဖို့များပါတယ်။

မန်ချက်စတာယူနိုက်တက်
ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ ဇနီးဖြစ်သူ မီးဖွားနေတာကြောင့် စပိန်ကို ပြန်သွားတဲ့အတွက် ဒီပွဲကို လွဲချော်မှာဖြစ်ပြီး ပေါ့ဘာလည်း မပါနိုင်တဲ့အပြင် နောက်ခံလူ လင်ဒီလော့ဖ်ဟာ နောက်ကျောဒဏ်ရာကြောင့် ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ ဒီပွဲအတွက် ယူနိုက်တက်ပွဲထွက်လူစာရင်းက ပြီးခဲ့တဲ့ပဲလေ့စ်နဲ့ပွဲကလူစာရင်းနဲ့ အများကြီးကွာခြားဖို့မရှိဘဲ ဂိုးသမားအဖြစ် ဟန်ဒါဆန်၊ နောက်တန်းမှာ ဘာယီနဲ့ မက်ဂွိုင်းယားကို တွဲသုံးဖို့ရှိနေပါတယ်။

ကွင်းလယ်မှာ မာတစ်ထက်စာရင် တိုက်စစ်လိုက်ပါမှု ပိုကောင်းတဲ့ တွမ်မီနေးကို ဖရက်ဒ်နဲ့တွဲပြီး Double Pivot အဖြစ် အသုံးပြုသွားမယ့်အနေအထားပါပဲ။ အဓိကအချက်ကတော့ ပွဲကြီးတွေဆိုရင် ခြေစွမ်းမပြနိုင်တဲ့အပြင် အခုနောက်ပိုင်း ပွဲပန်းနေပုံပေါ်တဲ့ အဓိက ကစားသမား ဘရူနိုဖာနန်ဒက်စ် ခြေစွမ်းပြနိုင်ဖို့ပဲဖြစ်ပါတယ်။

တိုက်စစ်မှာတော့ ကြံ့ခိုင်မှုရာနှုန်းပြည့်မရှိတဲ့ မာစီယဲလ်ထက် ဝါရင့်တိုက်စစ်မှူး ကာဗာနီ ပွဲထွက်လာဖို့ရှိပြီး ရပ်ရှ်ဖို့ဒ်က ဘယ်ခြမ်းတိုက်စစ်၊ လျင်မြန်တဲ့ Counter Attacking စတင်နိုင်ဖို့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ ဒန်နီယဲလ်ဂျိမ်းစ်တို့ တွဲဖက်ကစားဖို့ရှိနေပါတယ်။ တကယ်လို့ ဆိုးလ်ရှားသာ ပုံမှန်အသုံးပြုနေကျ (၄-၂-၃-၁)အစား၊ (၃-၅-၂)နဲ့ ပွဲထွက်လာမယ်ဆိုရင်တော့ တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်နဲ့ ကာဗာနီ၊ ဘရူနိုက False 9 ပုံစံပြောင်းကစားပါလိမ့်မယ်။

ဆိုးလ်ရှားလက်ထက်မှာ ယူနိုက်တက်အသင်း မန်စီးတီးနဲ့ပြိုင်ပွဲစုံ (၇)ပွဲဆုံတွေ့ခဲ့ပြီး (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အခုနောက်ပိုင်းမှာ ယူနိုက်တက်အသင်း အသာရသလိုရှိပြီး မနှစ်က အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံး အနိုင်ကစားနိုင်ခဲ့တယ်။ တစ်ခုရှိတာက ဆိုးလ်ရှားဟာ Predictabel Manager ဖြစ်လို့ သူ ဘာလုပ်မလဲဆိုတာ ဂွါဒီယိုလာ ကောင်းကောင်းသဘောပေါက်နိုင်တာပါပဲ။

ဒီနှစ်အသင်း လက်ရှိအနေအထားအရ မန်စီးတီးက အသာရနေတယ်ဆိုပေမယ့် ယူနိုက်တက်အသင်းကလည်း အဝေးကွင်းမှာ ပိုရလဒ်ကောင်းလေ့ရှိတာကြောင့် ဘယ်လိုရလဒ်ထွက်ပေါ်လာမလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတော့တယ် . . .

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ နည္းဗ်ဴဟာပိုင္းဆိုင္ရာ သုံးသပ္ၾကည့္ျခင္း

ပရီးမီးယားလိဂ္မွာ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးနဲ႔ ပရိသတ္စြဲဝင္စားမႈအမ်ားဆုံး ပြဲစဥ္တစ္ပြဲျဖစ္တဲ့ မန္စီးတီးနဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔ရဲ႕ မန္ခ်က္စတာဒါဘီပြဲက အခုည ျမန္မာစံေတာ္ခ်ိန္ (၁၁:၀၀)နာရီအခ်ိန္မွာ ယွဥ္ၿပိဳင္ကစားၾကမွာပါ။ ပရီးမီးယားလိဂ္မွာ (၁၅)ပြဲဆက္ အႏိုင္၊ ၿပိဳင္ပြဲစုံမွာ (၂၁)ပြဲဆက္အႏိုင္မွတ္တမ္းအျပင္ ေနာက္ဆုံး(၂၈)ပြဲဆက္ရႈံးပြဲမရွိခဲ့တဲ့ မန္စီးတီးအသင္းကို ပရီးမီးယားလိဂ္အေဝးကြင္း (၂၁)ပြဲဆက္ရႈံးပြဲမရွိတဲ့ ယူႏိုက္တက္အသင္း ဘယ္လိုရင္ဆိုင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ ဒီႏွစ္အစပိုင္းတုန္းက ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ဒီႏွစ္သင္းအၿပိဳင္အဆိုင္းျဖစ္ခဲ့ေပမယ့္ ေနာက္ပိုင္းပြဲေတြမွာ ယူႏိုက္တက္အသင္း ရလဒ္ေတြက်ဆင္းလာတာနဲ႔အတူ မန္စီးတီးအသင္းကလည္း ႏိုင္ပြဲေတြဆက္တိုက္ရယူႏိုင္ခဲ့တာေၾကာင့္ လက္ရွိအခ်ိန္မွာ ဒီႏွစ္သင္းၾကား အမွတ္ကြာဟာမႈက (၁၄)မွတ္အထိရွိေနပါၿပီ။ မေန႔က ကစားခဲ့တဲ့ပြဲမွာ လက္စတာအသင္းက အႏိုင္ရခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ အဆင့္(၂)ေနရာကို လႊဲေျပာင္းေပးခဲ့ရလို႔ အခုပြဲက ခ်န္ပီယံဆုအတြက္ အဆုံးအျဖတ္ဆိုတာထက္ ယူႏိုက္တက္အသင္း အဆင့္(၂)ေနရာ ျပန္ေရာက္ဖို႔ပဲ အာ႐ုံစိုက္ရေတာ့မွာပါ။ အဲဒါေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္ေလ့ရွိတဲ့ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္ ဒီႏွစ္သင္း ဘယ္လိုနည္းဗ်ဴဟာေတြနဲ႔ ပြဲထြက္လာမလဲဆိုတာ သုံးသပ္ၾကည့္ခ်င္ပါတယ္ . . .

မန္စီးတီး
အခုေနာက္ပိုင္းပြဲေတြမွာ Total Football ဆန္ဆန္ ကစားေနတဲ့ မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာကေတာ့ ပြဲထြက္လူစာရင္းကို ႀကီးႀကီးမားမားေျပာင္းလဲဖို႔ မရွိဘဲ ေနာက္ဆုံးကစားခဲ့တဲ့ ဝုလ္ဗ္နဲ႔ပြဲက ပုံစံအတိုင္း အသုံးျပဳဖို႔ရွိပါတယ္။ ေဝၚလ္ကာနဲ႔ ကန္ဆယ္လိုတို႔ဟာ Wing Backs ပုံစံနဲ႔ ကစားဖို႔ရွိသလို ေဝၚလ္ကာဟာ သူ႔ရဲ႕ လ်င္ျမန္မႈ၊ ခႏၶာကိုယ္ႀကံ့ခိုင္မႈတို႔ကို အသုံးျပဳၿပီး ယူႏိုက္တက္ ဘယ္ျခမ္းတိုက္စစ္က ရပ္ရွ္ဖို႔ဒ္ကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားပါလိမ့္မယ္။ မန္စီးတီးကို စေရာက္ကတည္းက ေျခစြမ္းေကာင္းေတြျပေနတဲ့ ေနာက္ခံလူဒီယက္စ္ကို လာေပ့ါတ္ ဒါမွမဟုတ္ ဂြၽန္စတုန္းစ္တို႔နဲ႔ တြဲဖက္ကစားဖို႔ရွိေနၿပီး သူတို႔ရဲ႕အဓိကတာဝန္က အေထာင္တိုက္စစ္မႉးအျဖစ္ ပြဲထြက္လာႏိုင္တဲ့ ကာဗာနီကို ထိန္းခ်ဳပ္ဖို႔ပါပဲ။ ယူႏိုက္တက္ကြင္းလယ္အသက္ေသြးေၾကာျဖစ္တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ကို တားဆီးဖို႔အတြက္ ႐ိုဒရီဟာ Deep Lying Midfielder အျဖစ္ ကစားသြားဖို႔ရွိၿပီး သူ႔တာဝန္က တိုက္စစ္ကိုလိုက္ပါဖို႔ထက္ ခံစစ္ကို ကူညီေပးဖို႔ အဓိကျဖစ္ပါလိမ့္မယ္။ အခုေနာက္ပိုင္း ဂြါဒီယိုလာက ဂိုးရဖို႔အတြက္ တိုက္စစ္ကစားသမားေတြကိုပဲ အဓိကတာဝန္မယူခိုင္းဘဲ ကြင္းလယ္က ဂမ္ဒိုဂန္၊ ဘာနာဒိုေဆးလ္ဗားတို႔ကိုပါ တာဝန္ေပးထားသလိုျဖစ္ေနၿပီး ဂမ္ဒိုဂန္ဟာ တိုက္စစ္ကစားသမားေတြကို ၿပိဳင္ဘက္ခံစစ္က အာ႐ုံစိုက္ေနခ်ိန္မွာ လြတ္သြားတဲ့ လမ္းေၾကာင္းေတြကေန ဂိုးသြင္းေလ့ရွိတာေၾကာင့္ ယူႏိုက္တက္ခံစစ္ အလုပ္ရႈပ္မယ့္အေနအထားပါပဲ။ ဒ့ါအျပင္ ဂြါဒီယိုလာဟာ တိုက္စစ္မွာ ေနရာစုံေ႐ႊ႕ေျပာင္းကစားေစဖို႔အတြက္ ေဂ်းဆုထက္ ဖိုဒန္ကို ပြဲထြက္ေစဖို႔ရွိၿပီး စတာလင္၊ ဖိုဒန္၊ မာရက္ဇ္ အတြဲအဖက္ကို အသုံးျပဳဖို႔ရွိပါတယ္။ ကြင္းလယ္ဗိုလ္ခ်ဳပ္ ဒီဘ႐ိုင္းနားကေတာ့ တိုက္စစ္ကို အလြန္အကြၽံလိုက္ဖို႔ထက္ တိုက္စစ္ကစားသမားေတြအတြက္ တိက်တဲ့ဂိုးဖန္တီးမႈေတြ ျပဳလုပ္သြားဖို႔မ်ားပါတယ္။

မန္ခ်က္စတာယူႏိုက္တက္
ယူႏိုက္တက္ဂိုးသမား ဒီဂီယာဟာ ဇနီးျဖစ္သူ မီးဖြားေနတာေၾကာင့္ စပိန္ကို ျပန္သြားတဲ့အတြက္ ဒီပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး ေပါ့ဘာလည္း မပါႏိုင္တဲ့အျပင္ ေနာက္ခံလူ လင္ဒီေလာ့ဖ္ဟာ ေနာက္ေက်ာဒဏ္ရာေၾကာင့္ ပါဝင္ကစားဖို႔ မေသခ်ာေသးပါဘူး။ ဒီပြဲအတြက္ ယူႏိုက္တက္ပြဲထြက္လူစာရင္းက ၿပီးခဲ့တဲ့ပဲေလ့စ္နဲ႔ပြဲကလူစာရင္းနဲ႔ အမ်ားႀကီးကြာျခားဖို႔မရွိဘဲ ဂိုးသမားအျဖစ္ ဟန္ဒါဆန္၊ ေနာက္တန္းမွာ ဘာယီနဲ႔ မက္ဂြိဳင္းယားကို တြဲသုံးဖို႔ရွိေနပါတယ္။ ကြင္းလယ္မွာ မာတစ္ထက္စာရင္ တိုက္စစ္လိုက္ပါမႈ ပိုေကာင္းတဲ့ တြမ္မီေနးကို ဖရက္ဒ္နဲ႔တြဲၿပီး Double Pivot အျဖစ္ အသုံးျပဳသြားမယ့္အေနအထားပါပဲ။ အဓိကအခ်က္ကေတာ့ ပြဲႀကီးေတြဆိုရင္ ေျခစြမ္းမျပႏိုင္တဲ့အျပင္ အခုေနာက္ပိုင္း ပြဲပန္းေနပုံေပၚတဲ့ အဓိက ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ ေျခစြမ္းျပႏိုင္ဖို႔ပဲျဖစ္ပါတယ္။ တိုက္စစ္မွာေတာ့ ႀကံ့ခိုင္မႈရာႏႈန္းျပည့္မရွိတဲ့ မာစီယဲလ္ထက္ ဝါရင့္တိုက္စစ္မႉး ကာဗာနီ ပြဲထြက္လာဖို႔ရွိၿပီး ရပ္ရွ္ဖို႔ဒ္က ဘယ္ျခမ္းတိုက္စစ္၊ လ်င္ျမန္တဲ့ Counter Attacking စတင္ႏိုင္ဖို႔ ေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပေနတဲ့ ဒန္နီယဲလ္ဂ်ိမ္းစ္တို႔ တြဲဖက္ကစားဖို႔ရွိေနပါတယ္။ တကယ္လို႔ ဆိုးလ္ရွားသာ ပုံမွန္အသုံးျပဳေနက် (၄-၂-၃-၁)အစား၊ (၃-၅-၂)နဲ႔ ပြဲထြက္လာမယ္ဆိုရင္ေတာ့ တိုက္စစ္မွာ ရပ္ရွ္ဖို႔ဒ္နဲ႔ ကာဗာနီ၊ ဘ႐ူႏိုက False 9 ပုံစံေျပာင္းကစားပါလိမ့္မယ္။

ဆိုးလ္ရွားလက္ထက္မွာ ယူႏိုက္တက္အသင္း မန္စီးတီးနဲ႔ၿပိဳင္ပြဲစုံ (၇)ပြဲဆုံေတြ႕ခဲ့ၿပီး (၃)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၃)ပြဲရႈံးနိမ့္ခဲ့ပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္မွာေတာ့ အခုေနာက္ပိုင္းမွာ ယူႏိုက္တက္အသင္း အသာရသလိုရွိၿပီး မႏွစ္က အိမ္ကြင္း၊ အေဝးကြင္းႏွစ္ေက်ာ့စလုံး အႏိုင္ကစားႏိုင္ခဲ့တယ္။ တစ္ခုရွိတာက ဆိုးလ္ရွားဟာ Predictabel Manager ျဖစ္လို႔ သူ ဘာလုပ္မလဲဆိုတာ ဂြါဒီယိုလာ ေကာင္းေကာင္းသေဘာေပါက္ႏိုင္တာပါပဲ။ ဒီႏွစ္အသင္း လက္ရွိအေနအထားအရ မန္စီးတီးက အသာရေနတယ္ဆိုေပမယ့္ ယူႏိုက္တက္အသင္းကလည္း အေဝးကြင္းမွာ ပိုရလဒ္ေကာင္းေလ့ရွိတာေၾကာင့္ ဘယ္လိုရလဒ္ထြက္ေပၚလာမလဲဆိုတာ စိတ္ဝင္စားစရာပဲျဖစ္ပါေတာ့တယ္ . ..