မန်ချက်စတာဒါဘီပွဲနဲ့ အဂူရိုလွဲပြီလို့ ဂွါဒီယိုလာအတည်ပြု

PC ; Internet

တိုက်စစ်မှူးအဂူရိုဟာ ပေါင်ခြံကြွက်သားဒဏ်ရာကြောင့် မန်ယူနဲ့ကစားရမယ့် မန်ချက်စတာဒါဘီပွဲကိုလွဲချော်ရတော့မှာဖြစ်တယ်လို့ မန်စီးတီးနည်းပြဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။အာဂျင်တီးနားတိုက်စစ်မှူးဟာ ချဲလ်ဆီးကိုအနိုင်ရတဲ့ပွဲရဲ့ ပွဲချိန် ၇၇မိနစ်အရောက်မှာ ဒဏ်ရာရသွားခဲ့တာပါ။အဂူရိုရဲ့ဒဏ်ရာဟာဆိုးရွားသလို သူ့အနေနဲ့စိတ်ပူမိတယ်လို့ ပွဲပြီးတာနဲ့ ဂွါဒီယိုလာက ဖွင့်ဟခဲ့ပြီး အသေးစိတ်ကိုတော့မသိရသေးဘူးလို့ ပြောဆိုခဲ့ဖူးပါတယ်။

PC ; Internet

လက်ရှိအချိန်မှာတော့ အဂူရိုဟာ သီတင်းပတ်အတော်များများနားရတော့မယ်လို့ ရှက်တာဒိုးနက်စ်နဲ့ချန်ပီယံလိဂ်ပွဲကြိုသတင်းစားရှင်းလင်းပွဲမှာ စပိန်သားနည်းပြက အတည်ပြုလိုက်တာပါ။တစ်နည်းအားဖြင့် ဒီရာသီမှာ ပရီးမီးယားလိဂ် ၉ဂိုးသွင်းပေးထားတဲ့ သူ့ရဲ့တိုက်စစ်မှူးဟာ ဒီဇင်ဘာ ၇ရက်နေ့ကစားရမယ့် မန်ချက်စတာဒါဘီကိုလည်းလွဲပြီလို့ အဓိပ္ပါယ်ရပါတယ်။“ ဟုတ်ပါတယ်၊အဂူရိုဟာ ပွဲစဉ်အနည်းငယ်ကိုလွဲချော်ရတော့မှာပါ။

PC ; Internet

အသေးစိတ်ကိုမသိရသေးပေမယ့် သူ အနားယူရတော့မှာကသေချာပါတယ်။နောက်ပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကို ကျွန်တော်မသိရသေးပါဘူး။ပေါင်ခြံအရှေ့ပိုင်းကြွက်သားဒဏ်ရာရသွားတာဖြစ်ဖို့များပါတယ်”လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

(zawgyi)

တိုက္စစ္မွဴးအဂူရိုဟာ ေပါင္ၿခံၾကြက္သားဒဏ္ရာေၾကာင့္ မန္ယူနဲ႔ကစားရမယ့္ မန္ခ်က္စတာဒါဘီပြဲကိုလြဲေခ်ာ္ရေတာ့မွာျဖစ္တယ္လို႔ မန္စီးတီးနည္းျပဂြါဒီယိုလာက အတည္ျပဳလိုက္ပါတယ္။အာဂ်င္တီးနားတိုက္စစ္မွဴးဟာ ခ်ဲလ္ဆီးကိုအႏိုင္ရတဲ့ပြဲရဲ႕ ပြဲခ်ိန္ ၇၇မိနစ္အေရာက္မွာ ဒဏ္ရာရသြားခဲ့တာပါ။အဂူရိုရဲ႕ဒဏ္ရာဟာဆိုးရြားသလို သူ႔အေနနဲ႔စိတ္ပူမိတယ္လို႔ ပြဲၿပီးတာနဲ႔ ဂြါဒီယိုလာက ဖြင့္ဟခဲ့ၿပီး အေသးစိတ္ကိုေတာ့မသိရေသးဘူးလို႔ ေျပာဆိုခဲ့ဖူးပါတယ္။လက္ရွိအခ်ိန္မွာေတာ့ အဂူရိုဟာ သီတင္းပတ္အေတာ္မ်ားမ်ားနားရေတာ့မယ္လို႔ ရွက္တာဒိုးနက္စ္နဲ႔ခ်န္ပီယံလိဂ္ပြဲႀကိဳသတင္းစားရွင္းလင္းပြဲမွာ စပိန္သားနည္းျပက အတည္ျပဳလိုက္တာပါ။တစ္နည္းအားျဖင့္ ဒီရာသီမွာ ပရီးမီးယားလိဂ္ ၉ဂိုးသြင္းေပးထားတဲ့ သူ႔ရဲ႕တိုက္စစ္မွဴးဟာ ဒီဇင္ဘာ ၇ရက္ေန႔ကစားရမယ့္ မန္ခ်က္စတာဒါဘီကိုလည္းလြဲၿပီလို႔ အဓိပၸါယ္ရပါတယ္။“ ဟုတ္ပါတယ္၊အဂူရိုဟာ ပြဲစဥ္အနည္းငယ္ကိုလြဲေခ်ာ္ရေတာ့မွာပါ။အေသးစိတ္ကိုမသိရေသးေပမယ့္ သူ အနားယူရေတာ့မွာကေသခ်ာပါတယ္။ေနာက္ၿပီး ဒဏ္ရာအေျခအေနအေသးစိတ္ကို ကၽြန္ေတာ္မသိရေသးပါဘူး။ေပါင္ၿခံအေရွ႔ပိုင္းၾကြက္သားဒဏ္ရာရသြားတာျဖစ္ဖို႔မ်ားပါတယ္”လို႔ ဂြါဒီယိုလာက ေျပာဆိုသြားခဲ့ပါတယ္။