မန်ချက်စတာဒါဘီပွဲနဲ့ပတ်သက်တဲ့ စံချိန်ဆိုးတွေနဲ့မှတ်တမ်းကောင်းများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပရီးမီးယားလိဂ်ပွဲစဉ်(၁၁)ရဲ့ပွဲကြီးပွဲကောင်းဖြစ်တဲ့ မန်ချက်စတာဒါဘီပွဲမှာတော့ မန်စီးတီးအသင်းက အိုးလ်ထရက်ဖို့ဒ်မှာ

မန်ချက်စတာယူနိုက်တက်အသင်းကို (၂-၀)ဂိုးနဲ့အနိုင်ယူခဲ့ပြီး ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်မှာ ဆိုးလ်ရှားကို ပထမဆုံးအကြိမ်အနိုင်ယူခဲ့ပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် ဂိုးတွေကို ပွဲအစ(၇)မိနစ်လောက်မှာ ကန်ဆယ်လိုရဲ့ဖြတ်တင်ဘောကို ဘာယီဖြတ်ထုတ်ခဲ့တာကနေ ကိုယ့်ဂိုးကိုယ်သွင်းမိသလိုဖြစ်ခဲ့ပြီး ဒုတိယဂိုးကတော့ ကန်ဆယ်လိုရဲ့ပေးပို့မှုကနေ ဘာနာဒိုဆေးလ်ဗားက ပိတ်သွင်းခဲ့တာပါ။

ပြီးခဲ့တဲ့အတ္တလန်တာနဲ့ချန်ပီယံလိဂ်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့လို့ အခုမန်ချက်စတာဒါဘီပွဲအတွက် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ကစားခွင့်ရခဲ့တဲ့

ဘာယီအတွက် ကံမကောင်းခဲ့ဘဲ သူဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် မန်ချက်စတာဒါဘီပွဲမှာ OG သွင်းခဲ့တဲ့ပထမဆုံးကစားသမားဆိုတဲ့ မှတ်တမ်းဆိုးပိုင်ဆိုင်ခဲ့ပါတယ်။

အခုဆိုရင် ယူနိုက်တက်အသင်းဟာ ပြိုင်ပွဲစုံအိမ်ကွင်း(၁၄)ပွဲဆက်ဂိုးပေးခဲ့ရတာကြောင့် ၁၉၆၄ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက (၁၃)ပွဲဆက်ဂိုးပေးခဲ့ရတဲ့မှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ခဲ့ပြီး

အသင်းသမိုင်းတစ်လျှောက်အဆိုးရွားဆုံးစံချိန်ကတော့ ၁၉၅၈၊ ဧပြီလကနေ ၁၉၅၉၊ မတ်လအထိ (၂၁)ပွဲဆက်အိမ်ကွင်းမှာဂိုးပေးခဲ့ရတာပဲဖြစ်ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ဒုတိယဂိုးသွင်းယူခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားဟာ အိုးလ်ထရက်ဖို့ဒ်မှာ

ယူနိုက်တက်နဲ့ကစားခဲ့တဲ့(၄)ပွဲမှာ (၃)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေထဲမှာ ဘန်လေ(၄ဂိုး)ပြီးရင် ယူနိုက်တက်အသင်းဘက်ကို ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တာပါ။

အနိုင်ရခဲ့တဲ့ မန်စီးတီးအသင်းအတွက် ဒါက အိုးလ်ထရက်ဖို့ဒ်မှာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်(၈)ပွဲမြောက်အနိုင်ရခဲ့တာဖြစ်ပြီး နိုင်ပွဲအများဆုံးရခဲ့တဲ့အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါပြီ။

ဒါ့အပြင် မန်စီးတီးအသင်းဟာ မန်ချက်စတာဒါဘီပွဲမှာ ဘောလုံးပေးပို့မှုအကြိမ်(၇၅၃)ကြိမ်အထိပြုလုပ်ခဲ့တာကြောင့် ၂၀၀၃-၀၄ ရာသီကစလို့

ယူနိုက်တက်အသင်းနဲ့ဆုံတွေ့ခဲ့တဲ့ပြိုင်ဘက်တွေထဲမှာ ဘောလုံးပေးပို့မှုအများဆုံးလုပ်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

မန္ခ်က္စတာဒါဘီပြဲနဲ႔ပတ္သက္တဲ့ စံခ်ိန္ဆိုးေတြနဲ႔မွတ္တမ္းေကာင္းမ်ား

ပရီးမီးယားလိဂ္ပြဲစဥ္(၁၁)ရဲ႕ပြဲႀကီးပြဲေကာင္းျဖစ္တဲ့ မန္ခ်က္စတာဒါဘီပြဲမွာေတာ့ မန္စီးတီးအသင္းက အိုးလ္ထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို (၂-၀)ဂိုးနဲ႔အႏိုင္ယူခဲ့ၿပီး ဂြါဒီယိုလာဟာ ပရီးမီးယားလိဂ္မွာ ဆိုးလ္ရွားကို ပထမဆုံးအႀကိမ္အႏိုင္ယူခဲ့ၿပီျဖစ္ပါတယ္။

မန္စီးတီးအသင္းအတြက္ ဂိုးေတြကို ပြဲအစ(၇)မိနစ္ေလာက္မွာ ကန္ဆယ္လိုရဲ႕ျဖတ္တင္ေဘာကို ဘာယီျဖတ္ထုတ္ခဲ့တာကေန ကိုယ့္ဂိုးကိုယ္သြင္းမိသလိုျဖစ္ခဲ့ၿပီး ဒုတိယဂိုးကေတာ့ ကန္ဆယ္လိုရဲ႕ေပးပို႔မႈကေန ဘာနာဒိုေဆးလ္ဗားက ပိတ္သြင္းခဲ့တာပါ။

ၿပီးခဲ့တဲ့အတၱလန္တာနဲ႔ခ်န္ပီယံလိဂ္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့လို႔ အခုမန္ခ်က္စတာဒါဘီပြဲအတြက္ ပြဲထြက္ကစားသမားအျဖစ္ပါဝင္ကစားခြင့္ရခဲ့တဲ့ ဘာယီအတြက္ ကံမေကာင္းခဲ့ဘဲ သူဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္ မန္ခ်က္စတာဒါဘီပြဲမွာ OG သြင္းခဲ့တဲ့ပထမဆုံးကစားသမားဆိုတဲ့ မွတ္တမ္းဆိုးပိုင္ဆိုင္ခဲ့ပါတယ္။

အခုဆိုရင္ ယူႏိုက္တက္အသင္းဟာ ၿပိဳင္ပြဲစုံအိမ္ကြင္း(၁၄)ပြဲဆက္ဂိုးေပးခဲ့ရတာေၾကာင့္ ၁၉၆၄ခုႏွစ္၊ ေဖေဖာ္ဝါရီလတုန္းက (၁၃)ပြဲဆက္ဂိုးေပးခဲ့ရတဲ့မွတ္တမ္းဆိုးကို ခ်ိဳးဖ်က္ႏိုင္ခဲ့ၿပီး အသင္းသမိုင္းတစ္ေလွ်ာက္အဆိုး႐ြားဆုံးစံခ်ိန္ကေတာ့ ၁၉၅၈၊ ဧၿပီလကေန ၁၉၅၉၊ မတ္လအထိ (၂၁)ပြဲဆက္အိမ္ကြင္းမွာဂိုးေပးခဲ့ရတာပဲျဖစ္ပါတယ္။

ဒီပြဲမွာ မန္စီးတီးအသင္းအတြက္ ဒုတိယဂိုးသြင္းယူခဲ့တဲ့ ဘာနာဒိုေဆးလ္ဗားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္နဲ႔ကစားခဲ့တဲ့(၄)ပြဲမွာ (၃)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြထဲမွာ ဘန္ေလ(၄ဂိုး)ၿပီးရင္ ယူႏိုက္တက္အသင္းဘက္ကို ဂိုးအမ်ားဆုံးသြင္းယူႏိုင္ခဲ့တာပါ။ အႏိုင္ရခဲ့တဲ့ မန္စီးတီးအသင္းအတြက္ ဒါက အိုးလ္ထရက္ဖို႔ဒ္မွာ ယူႏိုက္တက္အသင္းကို ပရီးမီးယားလိဂ္(၈)ပြဲေျမာက္အႏိုင္ရခဲ့တာျဖစ္ၿပီး ႏိုင္ပြဲအမ်ားဆုံးရခဲ့တဲ့အသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါၿပီ။

ဒါ့အျပင္ မန္စီးတီးအသင္းဟာ မန္ခ်က္စတာဒါဘီပြဲမွာ ေဘာလုံးေပးပို႔မႈအႀကိမ္(၇၅၃)ႀကိမ္အထိျပဳလုပ္ခဲ့တာေၾကာင့္ ၂၀၀၃-၀၄ ရာသီကစလို႔ ယူႏိုက္တက္အသင္းနဲ႔ဆုံေတြ႕ခဲ့တဲ့ၿပိဳင္ဘက္ေတြထဲမွာ ေဘာလုံးေပးပို႔မႈအမ်ားဆုံးလုပ္ႏိုင္ခဲ့တဲ့အသင္းလည္းျဖစ္ခဲ့ပါတယ္။