မန်ချက်စတာဆီ ရောက်လာမယ့် ဗာရန်း ဆေးစစ်ဖို့ အတွက် ထပ်ကြန့်ကြာအုံးမယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဗာရန်းတစ်ယောက် အစောပိုင်းတုန်းက မန်ချက်စတာဆီ ရောက်လာဖို့ ကြန့်ကြာခဲ့ပါတယ်။

အင်္ဂလန်ကိုလာရောက်မယ့် သူတွေအနက် အမေရိကန် နဲ့ အီးယူ အဖွဲ့ဝင်နိုင်ငံတွေက လာရောက်မယ့်သူတွေဟာ ဗြိတိန်နိုင်ငံအတွင်း လက်ခံထားတဲ့ ဆေး ကို နှစ်ကြိမ် ထိုးနှံပြီးရင် သီးသန့်နေထိုင်စရာမလိုအပ်ဘူးဆိုတဲ့ အချက်ကြောင့်

သောကြာနေ့အစား သြဂုတ်လ(၂)ရက်နေ့ ဖြစ်တဲ့ တနင်္လာ နေ့မှာ လာရောက်ဖို့ အ စောပိုင်းတုန်းက ပြောင်းလဲစီစဉ်ခဲ့ကြပါတယ်။

ဒါပေမယ့်လည်းတနင်္လာ နေ့မှာ ဗာရန်း ရဲ့ ပြည်ဝင်ခွင့် အတွက် အဆိုပါ မူဝါဒ အသစ်ကအကျုံးမဝင်ဘဲ ဧပြီလမှာ ကိုဗစ် ပိုး ရှိကြောင်းအဖြေထွက်ခဲ့ဖူးတဲ့ ပြင်သစ်သားအနေနဲ့

အင်္ဂလန်ကိုဝင်ရောက်လာတဲ့အခါ မဖြစ်မနေ သီးသန့်နေထိုင်ဖို့ လိုအပ်တယ်လို့ အကြောင်းကြားခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ လုပ်နိုင်စွမ်းရှိတဲ့ အတိုင်းအတာထဲကနေ တတ်နိုင်သမျှ ကြိုးစားခဲ့ပြီး နောက် ခရီးစဉ်ကထပ်မံရွှေ့ဆိုင်းခဲ့ရပြန်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာလည်း သူ့ရဲ့ခရီးစဉ်ကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် အတူလာရောက်မယ့် မိသားစုတွေရဲ့ ပြည်ဝင်ခွင့် ဟာ အခက်အခဲ တချို့ ရှိခဲ့ပြန်ပါတယ်။

ဗာရန်း က သီးသန့်လာရောက်မယ်ဆိုရင်ရပေမယ့် မိသားစုကိုအတူ ခေါ်ယူလိုတာကြောင့် သူ့ရဲ့ ခရီးစဉ်ကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ဟန်ရှိပြီး အခုတော့ ဗီဇာကိစ္စ အားလုံး အဆင်ပြေကာ ဗာရန်းဟာယနေ့မှာပဲ မန်ချက်စတာမြို့ဆီ လာရောက်မယ်လို့ သိရပါတယ်။

ဗာရန်းဟာ အင်္ဂလန်နိုင်ငံထဲကို ဝင်ရောက်ပြီးချိန်မှာ ကွာရန်တင်း ဝင်ရဖို့ ရှိနေတာကြောင့် ဆေးစစ်မှုကို ချက်ချင်း လုပ်ဆောင်နိုင်ဖွယ် မရှိသေးဘဲ ကွာရန်တင်း ပြီးဆုံးချိန်မှသာ ဆေးစစ်မှုနဲ့ တရားဝင် လက်မှတ်ထိုး ကြေညာတဲ့ အစီအစဉ်တွေကို ဆက်တိုက် လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်။

တခြား ဆက်စပ် သတင်းအနေနဲ့ကတော့ ယူနိုက်တက်အသင်းဟာ ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူဖို့ စတင် လှုပ်ရှားနေပြီး ဝုဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ နီဗက်နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်တို့ဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ် ကစားသမားတွေပဲ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

မန္ခ်က္စတာဆီ ေရာက္လာမယ့္ ဗာရန္း ေဆးစစ္ဖို႔ အတြက္ ထပ္ၾကန႔္ၾကာအုံးမယ္

ဗာရန္းတစ္ေယာက္ အေစာပိုင္းတုန္းက မန္ခ်က္စတာဆီ ေရာက္လာဖို႔ ၾကန႔္ၾကာခဲ့ပါတယ္။ အဂၤလန္ကိုလာေရာက္မယ့္ သူေတြအနက္ အေမရိကန္ နဲ႔ အီးယူ အဖြဲ႕ဝင္ႏိုင္ငံေတြက လာေရာက္မယ့္သူေတြဟာ ၿဗိတိန္ႏိုင္ငံအတြင္း လက္ခံထားတဲ့ ေဆး ကို ႏွစ္ႀကိမ္ ထိုးႏွံၿပီးရင္ သီးသန႔္ေနထိုင္စရာမလိုအပ္ဘူးဆိုတဲ့ အခ်က္ေၾကာင့္ ေသာၾကာေန႔အစား ၾသဂုတ္လ(၂)ရက္ေန႔ ျဖစ္တဲ့ တနလၤာ ေန႔မွာ လာေရာက္ဖို႔ အ ေစာပိုင္းတုန္းက ေျပာင္းလဲစီစဥ္ခဲ့ၾကပါတယ္။

ဒါေပမယ့္လည္းတနလၤာ ေန႔မွာ ဗာရန္း ရဲ႕ ျပည္ဝင္ခြင့္ အတြက္ အဆိုပါ မူဝါဒ အသစ္ကအက်ဳံးမဝင္ဘဲ ဧၿပီလမွာ ကိုဗစ္ ပိုး ရွိေၾကာင္းအေျဖထြက္ခဲ့ဖူးတဲ့ ျပင္သစ္သားအေနနဲ႔ အဂၤလန္ကိုဝင္ေရာက္လာတဲ့အခါ မျဖစ္မေန သီးသန႔္ေနထိုင္ဖို႔ လိုအပ္တယ္လို႔ အေၾကာင္းၾကားခဲ့တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ လုပ္ႏိုင္စြမ္းရွိတဲ့ အတိုင္းအတာထဲကေန တတ္ႏိုင္သမွ် ႀကိဳးစားခဲ့ၿပီး ေနာက္ ခရီးစဥ္ကထပ္မံေ႐ႊ႕ဆိုင္းခဲ့ရျပန္ပါတယ္။

ဗုဒၶဟူးေန႔မွာလည္း သူ႔ရဲ႕ခရီးစဥ္ကို ျပင္ဆင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အတူလာေရာက္မယ့္ မိသားစုေတြရဲ႕ ျပည္ဝင္ခြင့္ ဟာ အခက္အခဲ တခ်ိဳ႕ ရွိခဲ့ျပန္ပါတယ္။ဗာရန္း က သီးသန႔္လာေရာက္မယ္ဆိုရင္ရေပမယ့္ မိသားစုကိုအတူ ေခၚယူလိုတာေၾကာင့္ သူ႔ရဲ႕ ခရီးစဥ္ကို ျပင္ဆင္ေပးဖို႔ ေတာင္းဆိုခဲ့ဟန္ရွိၿပီး အခု​ေတာ့ ဗီဇာကိစၥ အားလုံး အဆင္​ေျပကာ ဗာရန္းဟာယေန႔မွာပဲ မန္ခ်က္စတာၿမိဳ႕ဆီ လာေရာက္မယ္လို႔ သိရပါတယ္။

ဗာရန္းဟာ အဂၤလန္ႏိုင္ငံထဲကို ဝင္ေရာက္ၿပီးခ်ိန္မွာ ကြာရန္တင္း ဝင္ရဖို႔ ရွိေနတာေၾကာင့္ ေဆးစစ္မႈကို ခ်က္ခ်င္း လုပ္ေဆာင္ႏိုင္ဖြယ္ မရွိေသးဘဲ ကြာရန္တင္း ၿပီးဆုံးခ်ိန္မွသာ ေဆးစစ္မႈနဲ႔ တရားဝင္ လက္မွတ္ထိုး ေၾကညာတဲ့ အစီအစဥ္ေတြကို ဆက္တိုက္ လုပ္ေဆာင္သြားမွာပဲ ျဖစ္ပါတယ္။

တျခား ဆက္စပ္ သတင္းအ​ေနနဲ႔က​ေတာ့ ယူႏိုက္တက္အသင္းဟာ ကြင္းလယ္လူ တစ္ဦးကို ေခၚယူဖို႔ စတင္ လႈပ္ရွားေနၿပီး ဝုဗ္အသင္းရဲ႕ ေပၚတူဂီ ကြင္းလယ္လူ နီဗက္နဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္လူ ဆာအူလ္တို႔ဟာ သူတို႔အသင္းရဲ႕ ထိပ္သီး ပစ္မွတ္ ကစားသမားေတြပဲ ျဖစ္ပါတယ္။