မန္ယူ၊စပါးတုိ႔နဲ႔သတင္းထြက္ခဲ့ဖူးသူဖာနန္ဒက္စ္ ရီးရဲလ္ဆီကမ္းလွမ္းခံထားရ

photo-the sun

photo-gettyimages

ရီးရဲလ္မက္ဒရစ္အသင္းဟာ စပို႔တင္းလစၥဘြန္းကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္ကိုေခၚယူဖို႔ ကမ္းလွမ္းခံထားရတယ္လုိ႔ စပိန္မွာ သတင္းေတြထြက္ေပၚေနပါတယ္။ အဲဒီေပၚတူဂီလက္ေရြးစင္ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီက အထူးေျခစြမး္ျပႏိုင္ခဲ့ၿပီး အသင္းႀကီးအမ်ားစုရဲ႕စိတ္၀င္စားမႈကိုရရွိခဲ့ၿပီးေနာက္ အေတြ႕အႀကံဳသစ္ရွာေဖြလိုေနတာပါ။ သူဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ စပါး၊မန္ယူတို႔နဲ႔ သတင္းေတြထြက္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာျခင္း မရွိခဲ့ပါဘူး။

photo-gettyimages

စပါးဆိုရင္ ဖာနန္ဒက္စ္အတြက္ တရား၀င္ကမ္းလွမ္းမႈတစ္ခုေတာင္ လုပ္ခဲ့ပါတယ္။ ဒါေပမဲ့လည္း စပို႔တင္းဘက္ကေတာင္းတဲ့ ေပါင္ ၆၄ သန္းကို မေပးႏိုင္ခဲ့ပါဘူး။ အခုေတာ့ အဲဒီေပၚတူဂီကလပ္ဟာ ဖာနန္ဒက္စ္ကိုေရာင္းၿပီး ေငြရွာႏိုင္ဖုိ႔ႀကိဳးပမ္းေနကာ ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ကလည္း သူတို႔ေတာင္းတဲ့ေစ်းေပးႏိုင္ရင္ အသက္ ၂၄ ႏွစ္အရြယ္ဖာနန္ဒက္စ္ကို ရရွိႏို္င္တယ္လို႔ ရီးရဲလ္မက္ဒရစ္အသင္းကို ေျပာထားေၾကာင္း စပိန္အားကစားသတင္းစာတစ္ေစာင္ျဖစ္တဲ့ AS က ေဖာ္ျပခဲ့ပါတယ္။

photo-gettyimages

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီက ၅၃ ပြဲမွာ ၃၂ ဂိုးသြင္းႏိုင္ခဲ့ၿပီး ဥေရာပရဲ႕အဓိကလိဂ္ၿပိဳင္ပြဲေတြထဲမွာ ဂိုးသြင္းအမ်ားဆုံးကြင္းလယ္လူျဖစ္ခဲ့ပါတယ္။ ရီးရဲလ္အေနနဲ႔ ဖာနန္ဒက္စ္ကို အေလးထားစဥ္းစားေပမယ့္ အေျပာငး္အေရႊ႕ရာသီပိတ္မယ့္စက္တင္ဘာ ၂ ရက္ေန႔မတိုင္ခင္ ေနမာ ဒါမွမဟုတ္ ေပါ့ဂ္ဘာတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္ကိုေခၚႏိုင္ဖို႔သာ ပိုၿပီးအလုိရွိေနတာပါ။ တကယ္လု႔ိ သူတို႔ရဲ႕တျခားပစ္မွတ္ေတြကိုမရခဲ့ဘူးဆိုရင္ ရီးရဲလ္ဟာ ဖာနန္ဒက္စ္ကိုေခၚဖို႔ စဥ္းစားမွာပါ။

[Unicode]

ရီးရဲလ်မက်ဒရစ်အသင်းဟာ စပို့တင်းလစ္စဘွန်းကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ကမ်းလှမ်းခံထားရတယ်လို့ စပိန်မှာ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒီပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အထူးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကြီးအများစုရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးနောက် အတွေ့အကြုံသစ်ရှာဖွေလိုနေတာပါ။ သူဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ စပါး၊မန်ယူတို့နဲ့ သတင်းတွေထွက်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်မြောက်လာခြင်း မရှိခဲ့ပါဘူး။

စပါးဆိုရင် ဖာနန်ဒက်စ်အတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခုတောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စပို့တင်းဘက်ကတောင်းတဲ့ ပေါင် ၆၄ သန်းကို မပေးနိုင်ခဲ့ပါဘူး။ အခုတော့ အဲဒီပေါ်တူဂီကလပ်ဟာ ဖာနန်ဒက်စ်ကိုရောင်းပြီး ငွေရှာနိုင်ဖို့ကြိုးပမ်းနေကာ အေးဂျင့်ဂျော့မန်ဒက်စ်ကလည်း သူတို့တောင်းတဲ့ဈေးပေးနိုင်ရင် အသက် ၂၄ နှစ်အရွယ်ဖာနန်ဒက်စ်ကို ရရှိနိုင်တယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောထားကြောင်း စပိန်အားကစားသတင်းစာတစ်စောင်ဖြစ်တဲ့ AS က ဖော်ပြခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီက ၅၃ ပွဲမှာ ၃၂ ဂိုးသွင်းနိုင်ခဲ့ပြီး ဥရောပရဲ့အဓိကလိဂ်ပြိုင်ပွဲတွေထဲမှာ ဂိုးသွင်းအများဆုံးကွင်းလယ်လူဖြစ်ခဲ့ပါတယ်။ ရီးရဲလ်အနေနဲ့ ဖာနန်ဒက်စ်ကို အလေးထားစဉ်းစားပေမယ့် အပြောင်းအရွှေ့ရာသီပိတ်မယ့်စက်တင်ဘာ ၂ ရက်နေ့မတိုင်ခင် နေမာ ဒါမှမဟုတ် ပေါ့ဂ်ဘာတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကိုခေါ်နိုင်ဖို့သာ ပိုပြီးအလိုရှိနေတာပါ။ တကယ်လု့ိ သူတို့ရဲ့တခြားပစ်မှတ်တွေကိုမရခဲ့ဘူးဆိုရင် ရီးရဲလ်ဟာ ဖာနန်ဒက်စ်ကိုခေါ်ဖို့ စဉ်းစားမှာပါ။