
photo-express
photo-gettyimages
အင္တာမီလန္ကို အငွားနဲ႔ေရာက္ေနတဲ့ တုိက္စစ္မႈးအလက္ဆစ္ဆန္းခ်က္ဇ္က သူ႔ရဲ႕စိတ္ပ်က္ဖြယ္မန္ယူကစာသမားဘ၀နဲ႔ပတ္သက္လုိ႔ ပထမဆုံးအႀကိမ္အျဖစ္ ဖြင့္ဟမႈအေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္ကို ေျပာင္းခဲ့တဲ့အေပၚ ေနာင္တမရေၾကာင္း အခုိင္အမာေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ ေအာင္ျမင္ဖို႔အတြက္ အဲဒီမွာ လုံေလာက္တဲ့ပြဲကစားခ်ိန္မရခဲ့ေၾကာင္းလည္း ဆန္းခ်က္ဇ္က ဆက္လက္ေျပာၾကားခဲ့ပါတယ္။ အသက္ ၃၀ အရြယ္ ဆန္းခ်က္ဇ္ဟာ ၁၉ လၾကာအုိးလ္ထရက္ဖို႔ဒ္ကစားသမားဘ၀ကို အဆုံးသတ္ၿပီး တစ္ရာသီအငွားနဲ႔ အင္တာမီလန္ကိုေျပာင္းခဲ့တာပါ။
photo-gettyimages
”မန္ယူကုိသြားေတာ့ ကၽြန္ေတာ္အရမ္းကို ေပ်ာ္ရႊင္ခဲ့ပါတယ္။ ကၽြန္ေတာ္အၿမဲေျပာခဲ့သလုိပဲ မန္ယူဟာ အဂၤလန္မွာ အေအာင္ျမင္ဆုံးအသင္းပါ။ အာဆင္နယ္ကိုေျပာင္းခဲ့ခ်ိန္တုန္းကလည္း အဲဒီမွာ ကၽြန္ေတာ္ေပ်ာ္ခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္က မန္ယူဟာ ႀကီးထြားေနတဲ့အသင္းျဖစ္ၿပီး တစ္ခုခုဗိုလ္စြဲႏိုင္ဖို႔အတြက္ ကစားသမားေတြ၀ယ္ေနတာပါ။ ဒါေၾကာင့္ ကၽြန္ေတာ္လည္း သူတို႔ဆီေျပာင္းခ်င္ခဲ့ၿပီး အရာအားလုံးေအာင္ျမင္ခ်င္ခဲ့တာပါ။ အဲဒီကိုသြားရလို႔ ကၽြန္ေတာ္ေနာင္တမပါဘူး”လုိ႔ ဆန္းခ်က္ဇ္က ေျပာခဲ့တာပါ။
photo-gettyimages
ဒါေပမဲ့လည္း သူေရာက္လာခ်ိန္နဲ႔ မန္ယူအသင္းအက်ပိုင္းေရာက္ခ်ိန္ဟာ တိုက္ဆိုင္သြားပါတယ္။ သူဟာ မေအာင္ျမင္တဲ့မန္ယူကစားသမားဘ၀မွာ ၅ ဂိုးသာသြင္းႏုိင္ခဲ့တာပါ။ ဒါ့အျပင္ မန္ယူအတြက္ ျဖစ္ႏိုင္ဖြယ္ ၇၇ ပြဲထဲက ၃၁ ပြဲသာ ပြဲထြက္ပါ၀င္ခြင့္ရခဲ့ၿပီး အဲဒီထဲမွာ ပြဲခ်ိန္ျပည့္ကစားခြင့္ရခဲ့တာဆုိလို႔ ၁၃ ပြဲသာရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဆန္းခ်က္ဇ္က”မန္ယူမွာ ေပ်ာ္ခဲ့တာမွန္ေပမယ့္ ကၽြန္ေတာ္က အၿမဲတမ္းကစားခ်င္တာပါ။ သူတို႔သာ ကၽြန္ေတာ့္ကိုကစားခြင့္ျပဳရင္ ကၽြန္ေတာ္အေကာင္းဆုံးလုပ္ျပမွာပါ။ တစ္ခါတစ္ရံမွာ ကၽြန္ေတာ္ မိနစ္ ၆၀ ၀င္ကစားရၿပီး ေနာက္တစ္ပြဲမွာ ကစားခြင့္မရေတာ့ပါဘူး။ ဘာေၾကာင့္လဲဆုိတာ ကၽြန္ေတာ္မသိပါဘူး”လုိ႔ ေျပာၾကားသြားခဲ့ပါတယ္။
[Unicode]
အင်တာမီလန်ကို အငှားနဲ့ရောက်နေတဲ့ တိုက်စစ်မှုးအလက်ဆစ်ဆန်းချက်ဇ်က သူ့ရဲ့စိတ်ပျက်ဖွယ်မန်ယူကစာသမားဘဝနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟမှုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ပြောင်းခဲ့တဲ့အပေါ် နောင်တမရကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ အောင်မြင်ဖို့အတွက် အဲဒီမှာ လုံလောက်တဲ့ပွဲကစားချိန်မရခဲ့ကြောင်းလည်း ဆန်းချက်ဇ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဆန်းချက်ဇ်ဟာ ၁၉ လကြာအိုးလ်ထရက်ဖို့ဒ်ကစားသမားဘဝကို အဆုံးသတ်ပြီး တစ်ရာသီအငှားနဲ့ အင်တာမီလန်ကိုပြောင်းခဲ့တာပါ။
”မန်ယူကိုသွားတော့ ကျွန်တော်အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။ ကျွန်တော်အမြဲပြောခဲ့သလိုပဲ မန်ယူဟာ အင်္ဂလန်မှာ အအောင်မြင်ဆုံးအသင်းပါ။ အာဆင်နယ်ကိုပြောင်းခဲ့ချိန်တုန်းကလည်း အဲဒီမှာ ကျွန်တော်ပျော်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က မန်ယူဟာ ကြီးထွားနေတဲ့အသင်းဖြစ်ပြီး တစ်ခုခုဗိုလ်စွဲနိုင်ဖို့အတွက် ကစားသမားတွေဝယ်နေတာပါ။ ဒါကြောင့် ကျွန်တော်လည်း သူတို့ဆီပြောင်းချင်ခဲ့ပြီး အရာအားလုံးအောင်မြင်ချင်ခဲ့တာပါ။ အဲဒီကိုသွားရလို့ ကျွန်တော်နောင်တမပါဘူး”လို့ ဆန်းချက်ဇ်က ပြောခဲ့တာပါ။
ဒါပေမဲ့လည်း သူရောက်လာချိန်နဲ့ မန်ယူအသင်းအကျပိုင်းရောက်ချိန်ဟာ တိုက်ဆိုင်သွားပါတယ်။ သူဟာ မအောင်မြင်တဲ့မန်ယူကစားသမားဘဝမှာ ၅ ဂိုးသာသွင်းနိုင်ခဲ့တာပါ။ ဒါ့အပြင် မန်ယူအတွက် ဖြစ်နိုင်ဖွယ် ၇၇ ပွဲထဲက ၃၁ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး အဲဒီထဲမှာ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့တာဆိုလို့ ၁၃ ပွဲသာရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ဆန်းချက်ဇ်က”မန်ယူမှာ ပျော်ခဲ့တာမှန်ပေမယ့် ကျွန်တော်က အမြဲတမ်းကစားချင်တာပါ။ သူတို့သာ ကျွန်တော့်ကိုကစားခွင့်ပြုရင် ကျွန်တော်အကောင်းဆုံးလုပ်ပြမှာပါ။ တစ်ခါတစ်ရံမှာ ကျွန်တော် မိနစ် ၆၀ ဝင်ကစားရပြီး နောက်တစ်ပွဲမှာ ကစားခွင့်မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတာ ကျွန်တော်မသိပါဘူး”လို့ ပြောကြားသွားခဲ့ပါတယ်။