မန္ယူေလ့က်င့္ေရးကြင္း၀င္ေပါက္က ‘ေပါ့ဂ္ဘာထြက္သြား’ဆိုတဲ့ဂရက္ဖီတီ

photo-daily mail

photo-daily mail

ေပ့ါဂ္ဘာအေျပာငး္အေရႊ႕သတင္းေတြကို စိတ္ကုန္ေနၾကတဲ့ မန္ယူပရိသတ္အခ်ိဳ႕ဟာ သူတုိ႔ရဲ႕ခံစားခ်က္ကို ေဖာ္ျပတဲ့အေနနဲ႔ အသင္းရဲ႕ကာရင္တန္ေလ့က်င့္ေရးကြင္းအျပင္ဘက္မွာ ဂရက္ဖက္တီတစ္ခု ေရးဆြဲခဲ့ၾကပါတယ္။ အဲဒါကေတာ့ ‘ေပါ့ဂ္ဘာ’ ထြက္သြားဆိုတဲ့စာတန္းပါပဲ။ ေပါ့ဂ္ဘာကိုအလုိမရွိေတာ့ေၾကာင္း အဓိပၸါယ္ရတဲ့အဲဒီဂရက္ဖီတီကို အသင္းရဲ႕သတိေပးဆိုင္းဘုတ္တစ္ခုေပၚမွာ ေရးဆြဲခဲ့တာပါ။

photo-PA

ကာရင္တန္ေလ့က်င့္ေရး၀င္ေပါက္က မန္ယူရဲ႕သတိေပးဆိုင္းဘုတ္ဟာ ဆိုက္ထူထားတာ မၾကာေသးပါဘူး။ ကစားသမားေတြဆီက ေအာ္တိုလက္မွတ္ရဖို႔ ေလ့က်င့္ေရးကြင္းဆီ ပရိသတ္ေတြ အုံနဲ႔က်င္းနဲ႔ လာၾကမွာကို တားဆီးဖုိ႔ ရည္ရြယ္တဲ့ဆိုင္းဘုတ္ျဖစ္ပါတယ္။ ေပါ့ဂ္ဘာကိုယ္တိုင္က အေတြ႕အႀကဳံသစ္ရွာခ်င္တယ္လို႔ လူသိရွင္ၾကားေျပာၾကားထားသလို ရီးရဲလ္က အေျပာင္းအေရႊ႕ရာသီမပိတ္ခင္ အဲဒီျပင္သစ္သားကို ေခၚႏိုင္ဖို႔ လုံးပမ္းေနတယ္ဆုိတဲ့သတင္းေတြကလည္း က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနတာပါ။ အေျပာင္းအေရႊ႕ရာသီစကတည္းက ေပါ့ဂ္ဘာနဲ႔ပတ္သက္တဲ့အျပာင္းအေရႊ႕သတင္းေတြကို ေန႔စဥ္ရက္ဆက္ၾကားေနရတာမို႔ မန္ယူပရိသတ္ေတြဘက္က စိတ္ကုန္လာပါတယ္။

photo-gettyimages

မန္ယူကေတာ့ အစားထုိးမယ့္သူလည္း မေခၚထားတဲ့အတြက္ သူတို႔ရဲ႕အဓိကကစားသမားကို အတတ္ႏိုင္ဆုံးဆက္ထိန္းမွာပါ။ ေပါ့ဂ္ဘာဟာ ရာသီႀကဳိကာလမွာ ေျခစြမ္းျပခဲ့ၿပီး ၀ုဗ္နဲ႔ပြဲတုနး္က ပင္နယ္တီလြဲခဲ့တယ္ဆိုေပမယ့္ ရာသီအစမွာ အတန္အသင့္ေျခစြမ္းျပထားပါတယ္။ ေလာေလာဆယ္ေတာ့ ကာရင္တန္ေလ့က်င့္ေရးကြင္းဆီ ေရာက္လာမယ့္ေပါ့ဂ္ဘာကို အဲဒီဂရက္ဖီတီက ႀကိဳဆိုေနမွာပါ။

[Unicode]

ပေ့ါဂ်ဘာအပြောင်းအရွှေ့သတင်းတွေကို စိတ်ကုန်နေကြတဲ့ မန်ယူပရိသတ်အချို့ဟာ သူတို့ရဲ့ခံစားချက်ကို ဖော်ပြတဲ့အနေနဲ့ အသင်းရဲ့ကာရင်တန်လေ့ကျင့်ရေးကွင်းအပြင်ဘက်မှာ ဂရက်ဖက်တီတစ်ခု ရေးဆွဲခဲ့ကြပါတယ်။ အဲဒါကတော့ ‘ပေါ့ဂ်ဘာ’ ထွက်သွားဆိုတဲ့စာတန်းပါပဲ။ ပေါ့ဂ်ဘာကိုအလိုမရှိတော့ကြောင်း အဓိပ္ပါယ်ရတဲ့အဲဒီဂရက်ဖီတီကို အသင်းရဲ့သတိပေးဆိုင်းဘုတ်တစ်ခုပေါ်မှာ ရေးဆွဲခဲ့တာပါ။

ကာရင်တန်လေ့ကျင့်ရေးဝင်ပေါက်က မန်ယူရဲ့သတိပေးဆိုင်းဘုတ်ဟာ ဆိုက်ထူထားတာ မကြာသေးပါဘူး။ ကစားသမားတွေဆီက အော်တိုလက်မှတ်ရဖို့ လေ့ကျင့်ရေးကွင်းဆီ ပရိသတ်တွေ အုံနဲ့ကျင်းနဲ့ လာကြမှာကို တားဆီးဖို့ ရည်ရွယ်တဲ့ဆိုင်းဘုတ်ဖြစ်ပါတယ်။ ပေါ့ဂ်ဘာကိုယ်တိုင်က အတွေ့အကြုံသစ်ရှာချင်တယ်လို့ လူသိရှင်ကြားပြောကြားထားသလို ရီးရဲလ်က အပြောင်းအရွှေ့ရာသီမပိတ်ခင် အဲဒီပြင်သစ်သားကို ခေါ်နိုင်ဖို့ လုံးပမ်းနေတယ်ဆိုတဲ့သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာပါ။ အပြောင်းအရွှေ့ရာသီစကတည်းက ပေါ့ဂ်ဘာနဲ့ပတ်သက်တဲ့အပြာင်းအရွှေ့သတင်းတွေကို နေ့စဉ်ရက်ဆက်ကြားနေရတာမို့ မန်ယူပရိသတ်တွေဘက်က စိတ်ကုန်လာပါတယ်။

မန်ယူကတော့ အစားထိုးမယ့်သူလည်း မခေါ်ထားတဲ့အတွက် သူတို့ရဲ့အဓိကကစားသမားကို အတတ်နိုင်ဆုံးဆက်ထိန်းမှာပါ။ ပေါ့ဂ်ဘာဟာ ရာသီကြိုကာလမှာ ခြေစွမ်းပြခဲ့ပြီး ဝုဗ်နဲ့ပွဲတုန်းက ပင်နယ်တီလွဲခဲ့တယ်ဆိုပေမယ့် ရာသီအစမှာ အတန်အသင့်ခြေစွမ်းပြထားပါတယ်။ လောလောဆယ်တော့ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီ ရောက်လာမယ့်ပေါ့ဂ်ဘာကို အဲဒီဂရက်ဖီတီက ကြိုဆိုနေမှာပါ။