
photo-skysports
photo-goal
မန္ယူမွာ ပိုေကာင္းတဲ့ေက်ာရိုးတစ္ခုဖန္တီးႏိုင္ဖို႔အတြက္ ထိပ္တန္းကစားသမား ၃ ေယာက္ေခၚယူဖို႔ လိုအပ္တယ္လို႔ အခုခ်ိန္မွာ ရုပ္သံေ၀ဖန္သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ မန္ယူေနာက္ခံလူေဟာင္းဂယ္ရီနဗီးလ္က ယုံၾကည္ေနပါတယ္။ ဒါေၾကာင့္လည္း ဂယ္ရီနဗီးလ္က မန္ယူအတြက္ သူ႔ရဲ႕အိပ္မက္ေခၚယူမႈေတြကို ဖြင့္ဟလိုက္ၿပီး သူတို႔ကေတာ့ ေနာက္ခံလူဗာရာနီ၊ကြင္းလယ္လူကန္တီနဲ႔တိုက္စစ္မႈးအမ္ဘက္ပီတို႔ျဖစ္ပါတယ္။ လက္ရွိမွာလည္း မန္ယူဟာ ဂိုးသမားဒီဂီယာကို စာခ်ဳပ္သက္တမ္းတုိးခဲ့ၿပီး ေႏြရာသီအေျပာင္းအေရႊ႕မွာ မက္ဂြိဳင္းယားကိုလည္း ေနာက္ခံလူတစ္ေယာက္အတြက္ ကမာၻ႔စံခ်ိန္တင္ေၾကးေပးခဲ့ကာ ေပါ့ဂ္ဘာလုိကစားသမားမ်ိဳးကိုလည္း ဆက္ထိန္းႏိုင္ခဲ့ေပမယ့္ နဗီးလ္ကေတာ့ ပိုသက္ေသျပၿပီးသားစြမး္ေဆာင္သူေတြလိုအပ္ေသးတယ္လို႔ ယုံၾကည္ေနပါတယ္။
photo-gettyimages
”ဘယ္နည္းနဲ႔မဆုိ မန္ယူဟာ ေက်ာရိုးတစ္ခုရွာေဖြရမွာပါ။ လီဗာပူးကိုၾကည့္လုိက္ ဖာဘင္ဟို၊အယ္လစ္ဆန္၊ဗန္ဒစ္ဂ်္နဲ႔ဖာမီႏိုတို႔လို မယုံႏုိင္ဖြယ္ကစားသမားေတြရွိေနၿပီး မန္စီးတီးရဲ႕ေက်ာရိုးနဲ႔ တူညီပါတယ္။ ေလာေလာဆယ္ ကၽြန္ေတာ္စိတ္၀င္စားဆုံးျဖစ္ေနတာက လာမယ့္ ၁၂ လကေန ၁၈ လအတြင္း မန္ယူဘယ္လုိျဖည့္္တင္းမႈေတြလုပ္မလဲဆိုတာပါပဲ။ အသင္းရဲ႕လူငယ္ေတြကို ကူညီေပးႏိုင္မယ့္ေက်ာရိုးတစ္ခုလား။ မန္ယူရဲ႕လက္ရွိေက်ာရိုကစားသမားေတြက လင္ဒီေလာ့ဖ္၊မာတစ္၊မာတာ၊အက္ရွ္ေလယန္းနဲ႔ ဒီဂီယာတို႔ပါ။ ပါရဲရား၊ဘစ္ဆာကာနဲ႔ဒန္နီရယ္ဂ်ိမး္စ္တို႔ဘယ္လိုျဖစ္မလာဆုိတာ ဘယ္သူသိႏုိင္မလဲ။ မန္ယူဟာ ေက်ာရိုးတစ္ခုလိုအပ္ပါတယ္။ မန္ယူသာ မွန္ကန္တဲ့ကစားသမား ၃ ေယာက္ရရွိခဲ့ရင္ အရင္လုိပဲ ခ်န္ပီယံဆုေတြကို စိတ္ေခၚႏိုင္မွာပါ”လို႔ sky sports သတင္းဌာနကို ေျပာခဲ့တာပါ။
photo-skysports
အဲဒီလိုေျပာၿပီးေနာက္ နဗီးလ္ဟာ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ Twitter ေပၚမွာ မန္ယူအတြက္ သူေခၚလုိတဲ့ကစားသမား ၃ ေယာက္ကို ဖြင့္ဟခဲ့ပါတယ္။ ဒါေပမဲ့ သူေခၚယူခ်င္တဲ့သူေတြျဖစ္တဲ့ ဗာရာနီ၊ကန္တီနဲ႔အမ္ဘက္ပီတုိ႔က လက္ရွိမွာ ရီးရဲလ္၊ခ်ဲလ္ဆီးနဲ႔ပီအက္စ္တို႔မွာ ကစားေနၾကတာျဖစ္လုိ႔ ေခၚႏိုင္ဖို႔မလြယ္သလို ေစ်းေပါေပါနဲ႔လည္း ရမွာ မဟုတ္ပါဘူး။
[Unicode]
မန်ယူမှာ ပိုကောင်းတဲ့ကျောရိုးတစ်ခုဖန်တီးနိုင်ဖို့အတွက် ထိပ်တန်းကစားသမား ၃ ယောက်ခေါ်ယူဖို့ လိုအပ်တယ်လို့ အခုချိန်မှာ ရုပ်သံဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ မန်ယူနောက်ခံလူဟောင်းဂယ်ရီနဗီးလ်က ယုံကြည်နေပါတယ်။ ဒါကြောင့်လည်း ဂယ်ရီနဗီးလ်က မန်ယူအတွက် သူ့ရဲ့အိပ်မက်ခေါ်ယူမှုတွေကို ဖွင့်ဟလိုက်ပြီး သူတို့ကတော့ နောက်ခံလူဗာရာနီ၊ကွင်းလယ်လူကန်တီနဲ့တိုက်စစ်မှုးအမ်ဘက်ပီတို့ဖြစ်ပါတယ်။ လက်ရှိမှာလည်း မန်ယူဟာ ဂိုးသမားဒီဂီယာကို စာချုပ်သက်တမ်းတိုးခဲ့ပြီး နွေရာသီအပြောင်းအရွှေ့မှာ မက်ဂွိုင်းယားကိုလည်း နောက်ခံလူတစ်ယောက်အတွက် ကမ္ဘာ့စံချိန်တင်ကြေးပေးခဲ့ကာ ပေါ့ဂ်ဘာလိုကစားသမားမျိုးကိုလည်း ဆက်ထိန်းနိုင်ခဲ့ပေမယ့် နဗီးလ်ကတော့ ပိုသက်သေပြပြီးသားစွမ်းဆောင်သူတွေလိုအပ်သေးတယ်လို့ ယုံကြည်နေပါတယ်။
”ဘယ်နည်းနဲ့မဆို မန်ယူဟာ ကျောရိုးတစ်ခုရှာဖွေရမှာပါ။ လီဗာပူးကိုကြည့်လိုက် ဖာဘင်ဟို၊အယ်လစ်ဆန်၊ဗန်ဒစ်ဂျ်နဲ့ဖာမီနိုတို့လို မယုံနိုင်ဖွယ်ကစားသမားတွေရှိနေပြီး မန်စီးတီးရဲ့ကျောရိုးနဲ့ တူညီပါတယ်။ လောလောဆယ် ကျွန်တော်စိတ်ဝင်စားဆုံးဖြစ်နေတာက လာမယ့် ၁၂ လကနေ ၁၈ လအတွင်း မန်ယူဘယ်လိုဖြည့်တင်းမှုတွေလုပ်မလဲဆိုတာပါပဲ။ အသင်းရဲ့လူငယ်တွေကို ကူညီပေးနိုင်မယ့်ကျောရိုးတစ်ခုလား။ မန်ယူရဲ့လက်ရှိကျောရိုကစားသမားတွေက လင်ဒီလော့ဖ်၊မာတစ်၊မာတာ၊အက်ရှ်လေယန်းနဲ့ ဒီဂီယာတို့ပါ။ ပါရဲရား၊ဘစ်ဆာကာနဲ့ဒန်နီရယ်ဂျိမ်းစ်တို့ဘယ်လိုဖြစ်မလာဆိုတာ ဘယ်သူသိနိုင်မလဲ။ မန်ယူဟာ ကျောရိုးတစ်ခုလိုအပ်ပါတယ်။ မန်ယူသာ မှန်ကန်တဲ့ကစားသမား ၃ ယောက်ရရှိခဲ့ရင် အရင်လိုပဲ ချန်ပီယံဆုတွေကို စိတ်ခေါ်နိုင်မှာပါ”လို့ sky sports သတင်းဌာနကို ပြောခဲ့တာပါ။
အဲဒီလိုပြောပြီးနောက် နဗီးလ်ဟာ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter ပေါ်မှာ မန်ယူအတွက် သူခေါ်လိုတဲ့ကစားသမား ၃ ယောက်ကို ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့ သူခေါ်ယူချင်တဲ့သူတွေဖြစ်တဲ့ ဗာရာနီ၊ကန်တီနဲ့အမ်ဘက်ပီတို့က လက်ရှိမှာ ရီးရဲလ်၊ချဲလ်ဆီးနဲ့ပီအက်စ်တို့မှာ ကစားနေကြတာဖြစ်လို့ ခေါ်နိုင်ဖို့မလွယ်သလို ဈေးပေါပေါနဲ့လည်း ရမှာ မဟုတ်ပါဘူး။