မန္ယူရဲ႕အသင္းေခါင္းေဆာင္ျဖစ္ခ်င္တယ္လို႔ ဒီဂီယာေျပာၿပီ

မန္ယူအသင္းဂိုးသမား ေဒးဗစ္ဒီဂီယာက သူ႔အေနနဲ႔ မန္ယူအသင္းေခါင္းေဆာင္ျဖစ္လိုတဲ႔ ဆႏၵရွိေနတယ္လို႔ ေျပာလိုက္ပါတယ္။ ဒီဂီယာဟာ မန္ယူအသင္းရဲ႕ရာသီႀကိဳခရီးစဥ္အၿပီးမွာ ေရရွည္စာခ်ဳပ္သစ္ကိုလက္မွတ္ေရးထိုးဖို႔ သေဘာတူထားသူျဖစ္ပါတယ္။

မန္ယူဟာ ဒီဂီယာကိုသူအလိုရွိတဲ႔အတိုင္း တစ္ပတ္လစာေပါင္ ၃၇၅၀၀၀ ေပးၿပီး ၆ ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္မွာျဖစ္လို႔ သူ႔စာခ်ဳပ္တန္ေၾကးဟာ ေပါင္ ၁၁၄ သန္းအထိရွိလာပါလိမ့္မယ္။ အခုလိုမ်ဳိး အသင္းနဲ႔ေရရွည္အနာဂတ္ကိုအာမခံၿပီးတဲ႔ေနာက္ အသင္းေခါင္းေဆာင္ျဖစ္ဖို႔အထိ သူကရည္မွန္းလာခဲ့တာလည္းျဖစ္ပါတယ္။

စပိန္လက္ေရြးစင္ျဖစ္တဲ႔ ဒီဂီယာဟာ မန္ယူအသင္းေခါင္းေဆာင္သစ္ျဖစ္လာဖို႔ ေရပန္းစားေနတဲ႔သူေတြထဲမွာ ပါ၀င္ေနၿပီး အရင္ကလည္းပြဲစဥ္အခ်ဳိ႕မွာ အသင္းေခါင္းေဆာင္လက္ပတ္ကို ၀တ္ဆင္ခဲ့ၿပီးတာ၀န္ယူခဲ့ဘူးသူလည္းျဖစ္ပါတယ္။ နည္းျပ ဆိုးလ္ရွားဟာ အသင္းေခါင္းေဆာင္ဘယ္သူဆိုတာကို အၿပီးသတ္ေရြးခ်ယ္ရျခင္းမရွိေသးပါဘူး။ မန္ယူအသင္းေခါင္းေဆာင္ရာထူးအတြက္ ဒီဂီယာအျပင္ ေပါ့ဂ္ဘာ၊ မာတာ၊ မာတစ္၊ အက္ရွ္ေလယန္းနဲ႔ ဖီးလ္ဂ်ဳံးစ္တို႔လည္း ေရပန္းစားေနပါတယ္။

ဒီဂီယာက”မန္ယူရဲ႕အသင္းေခါင္းေဆာင္အျဖစ္ ကၽြန္ေတာ္အရင္ကတာ၀န္ယူခဲ့ဘူးပါတယ္။ မန္ယူလိုအသင္းကိုေခါင္းေဆာင္အျဖစ္တာ၀န္ယူၿပီး ကလပ္အမွတ္တံဆိပ္ကိုကာကြယ္ရတာဟာ တကယ္႔ကိုဂုဏ္ယူစရာလည္းေကာင္းပါတယ္။ တာ၀န္ေပးခံရမယ္ဆိုရင္ေတာ႔ အေပ်ာ္ႀကီးေပ္်ာ္မိမွာေပါ့ဗ်ာ။

အခုရာသီဟာ မန္ယူနဲ႔ ၉ ရာသီေျမာက္လက္တြဲျခင္းလည္းျဖစ္လို႔ ကလပ္ရဲ႕အေတြ႔အႀကံဳအရင့္ဆံုးကစားသမားေတြထဲက တစ္ဦးလုိ႔လည္းခံစားရပါတယ္။ ဒါကို ကြင္းထဲမွာျပသဖို႔လိုေနသလို မန္ယူဆိုတဲ႔အသင္းရဲ႕အေရးပါမႈကို လူငယ္ေတြသိရွိေစဖို႔ ကြင္းထဲကေနၿပီးကူညီေပးသြားဖို႔လည္း ရည္ရြယ္ထားပါတယ္” လို႔ေျပာသြားပါတယ္။

Unicode

မန်ယူရဲ့အသင်းခေါင်းဆောင်ဖြစ်ချင်တယ်လို့ ဒီဂီယာပြောပြီ
မန်ယူအသင်းဂိုးသမား ဒေးဗစ်ဒီဂီယာက သူ့အနေနဲ့ မန်ယူအသင်းခေါင်းဆောင်ဖြစ်လိုတဲ့ ဆန္ဒရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ဒီဂီယာဟာ မန်ယူအသင်းရဲ့ရာသီကြိုခရီးစဉ်အပြီးမှာ ရေရှည်စာချုပ်သစ်ကိုလက်မှတ်ရေးထိုးဖို့ သဘောတူထားသူဖြစ်ပါတယ်။

မန်ယူဟာ ဒီဂီယာကိုသူအလိုရှိတဲ့အတိုင်း တစ်ပတ်လစာပေါင် ၃၇၅၀၀၀ ပေးပြီး ၆ နှစ်စာချုပ်သစ်ချုပ်မှာဖြစ်လို့ သူ့စာချုပ်တန်ကြေးဟာ ပေါင် ၁၁၄ သန်းအထိရှိလာပါလိမ့်မယ်။ အခုလိုမျိုး အသင်းနဲ့ရေရှည်အနာဂတ်ကိုအာမခံပြီးတဲ့နောက် အသင်းခေါင်းဆောင်ဖြစ်ဖို့အထိ သူကရည်မှန်းလာခဲ့တာလည်းဖြစ်ပါတယ်။

စပိန်လက်ရွေးစင်ဖြစ်တဲ့ ဒီဂီယာဟာ မန်ယူအသင်းခေါင်းဆောင်သစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့သူတွေထဲမှာ ပါဝင်နေပြီး အရင်ကလည်းပွဲစဉ်အချို့မှာ အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်ခဲ့ပြီးတာဝန်ယူခဲ့ဘူးသူလည်းဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ အသင်းခေါင်းဆောင်ဘယ်သူဆိုတာကို အပြီးသတ်ရွေးချယ်ရခြင်းမရှိသေးပါဘူး။ မန်ယူအသင်းခေါင်းဆောင်ရာထူးအတွက် ဒီဂီယာအပြင် ပေါ့ဂ်ဘာ၊ မာတာ၊ မာတစ်၊ အက်ရှ်လေယန်းနဲ့ ဖီးလ်ဂျုံးစ်တို့လည်း ရေပန်းစားနေပါတယ်။

ဒီဂီယာက”မန်ယူရဲ့အသင်းခေါင်းဆောင်အဖြစ် ကျွန်တော်အရင်ကတာဝန်ယူခဲ့ဘူးပါတယ်။ မန်ယူလိုအသင်းကိုခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ကလပ်အမှတ်တံဆိပ်ကိုကာကွယ်ရတာဟာ တကယ့်ကိုဂုဏ်ယူစရာလည်းကောင်းပါတယ်။ တာဝန်ပေးခံရမယ်ဆိုရင်တော့ အပျော်ကြီးပေ်ျာ်မိမှာပေါ့ဗျာ။

အခုရာသီဟာ မန်ယူနဲ့ ၉ ရာသီမြောက်လက်တွဲခြင်းလည်းဖြစ်လို့ ကလပ်ရဲ့အတွေ့အကြုံအရင့်ဆုံးကစားသမားတွေထဲက တစ်ဦးလို့လည်းခံစားရပါတယ်။ ဒါကို ကွင်းထဲမှာပြသဖို့လိုနေသလို မန်ယူဆိုတဲ့အသင်းရဲ့အရေးပါမှုကို လူငယ်တွေသိရှိစေဖို့ ကွင်းထဲကနေပြီးကူညီပေးသွားဖို့လည်း ရည်ရွယ်ထားပါတယ်” လို့ပြောသွားပါတယ်။